ပြည်တွင်းနဲ့ ပြည်ပနိုင်ငံဆယ်ခုက တော်လှန်ရေးအင်အားစုတွေရဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှု

ပြည်တွင်းမှာ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ PDF တပ်ဖွဲ့ဝင်တွေနဲ့ ပြည်ပနိုင်ငံ ဆယ်ခုက ပြည်ပ ရောက်မြန်မာတွေ ပူးပေါင်းပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုတခုအဖြစ် “We Must Win” ကမ်ပိန်းကို ပြုလုပ်နေကြပါတယ်။

ပြည်တွင်းက တော်လှန်ရေး အင်အားစုတွေနဲ့အတူ စင်္ကာပူ၊ထိုင်း၊ဂျပန်၊ထို င်ဝမ်၊အမေရိကန်၊ ဗီယက်နမ်၊ အစ္စရေး၊ ကာတာ၊ဂျာမနီနဲ့ အိုင်ယာလန်နိုင်ငံရောက် မြန်မာတွေလည်း အဲ့ဒီလှုပ်ရှားမှုပါဝင်နေကြတယ်လို့ သိရပါတယ်။

“တော်လှန်ရေးကိုအားမ‌လျှော့ဖို့ အဆုံးထိတိုက်ယူဖို့၊ နိုင်ငံတကာရောက်မြန်မာပြည်သူများမှ ပြည်တွင်း တော် လှန်ရေး အင်အားစုများနှင့်အတူ ရပ်တည်ပေးကြဖို့၊ပြည်သူများအနေဖြင့်လည်း အားမငယ်ပဲ နိုင်ငံတကာက မြန် မာပြည်သူများနှင့်အတူရပ်တည်ကူညီပေးနေတာကိုသတိရကြဖို့ရည်ရွယ်ပါတယ်”လို့ သပိတ်မှာပါဝင်သူ တဦး ကပြောပါတယ်။

အဲ့ဒီ့ကမ်ပိန်းကို Yangon Drone, Milk Tea Alliance Yangon နဲ့ Together with Satomi တို့ပူးပေါင်း စီစဉ်ခဲ့ ကြပြီး နိုင်ငံတကာရောက်မြန်မာတော်လှန်ရေးအင်အားစုများမှပူးပေါင်းကူညီခဲ့ကြတယ်လို့သိရပြီး လှုပ်ရှားမှုမှာ ပါဝင်သူတွေက We must win, don’t give up ဆိုတဲ့စာသားကိုပုံဖော်ခဲ့ကြတာပါ။