နိုင်ငံရေး

သင်္ဃန်းကျွန်းနဲ့ထန်းတပင်မြို့နယ်တွေက ဆေးရုံတချို့ကိုCDMဝန်ထမ်းရှိ၊မရှိစစ်ကောင်စီက စစ်ဆေး

ရန်ကုန်မြို့၊ထန်းတပင်မြို့နယ်နဲ့သင်္ဃန်းကျွန်းမြို့နယ်တွေက  ပုဂ္ဂလိက ဆေးရုံ၊ဆေးခန်းတွေမှာ CDMဝန်ထမ်းတွေအလုပ်လုပ်ကိုင်နေတာရှိ၊မရှိ ဇန်နဝါရီ ၂၈ရက် ဒီကနေ့မှာ စစ်ကောင်စီက ရှာဖွေစစ်ဆေးမှုတွေလုပ်ခဲ့တယ်လို့ ဒေသခံတွေ၊ဆေးရုံဝန်ထမ်းတွေနဲ့နီးစပ်သူတွေဆီကသိရပါတယ်။ ထန်းတပင်မြို့နယ် မြို့မဈေးလမ်း၊ အမှတ် (၃)ရပ်ကွက်၊ချောင်းကြီးကိုတာလမ်းအနီးက ထန်းတပင်အထူးကုဆေးခန်းကို စစ်ကောင်စီက ဒီကနေ့မနက်ပိုင်းမှာ စစ်ဆေးမေးမြန်းမှုတွေလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကျိုက်ထိုနဲ့ ညောင်တုန်းတို့မှာ စစ်ကောင်စီက ဧည့်စာရင်းစစ်ပြီး ပြည်သူရှစ်ဦးထက်မနည်းကိုဖမ်းဆီး

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်နဲ့ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ်တို့မှာ စစ်ကောင်စီက လတ် တလောရက်ပိုင်းအတွင်း ဧည့်စာရင်းစစ်ကာ ပြည်သူ ရှစ်ဦးထက်မနည်းဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်က ကျိုက္ကသာ-ခလွန်မီးရထားလမ်းတံတားမိုင်းခွဲခံရပြီးနောက် ဒေသတွင်းကျေးရွာတချို့ကိုစစ်တပ်ကအင်အားရာချီနဲ့ဝင်ရောက်စစ်ဆေးကာ လူငါးဦးထက်မနည်းဖမ်းဆီးသွားတယ်လို့ ဒေသခံတွေကDNAကိုပြောပါတယ်။ “စစ်တပ်နဲ့ရဲတွေရယ်အင်အားက တရာဝန်းကျင် နဲ့ ရွာထဲဝင်လာပြီးတော့အိမ်စေ့ဧည့်စာရင်းခေါ်စစ်တယ်၊ပြီးတော့ရွာထဲကလူငယ်နဲ့လူကြီးအရွယ်ငါး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကျုံပျော်မြို့ ရဲကင်းအနီး ဗုံးပေါက်ကွဲမှု ရဲတဦးဒဏ်ရာရ

ဧရာ၀တီတိုင်း၊ ကျုံပျော်မြို့နယ်ထဲက အင်းရဲလမ်းဆုံမှာရှိတဲ့  ရဲကင်းအနီးမှာ ဇန်နဝါရီလ ၂၇ ရက်နေ့ မနက်ပိုင်းက   ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် ရဲတပ်သားတဦး ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။ “ရဲတစ်ယောက်  ဒဏ်ရာရသွားလို့ ဆေးရုံတင်ထားရတယ်။ သွေးတွေကရွဲနေတာပဲ။ သူကိုင်တဲ့သေနတ်လည်း ပျက်စီးသွားတယ် “လို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပုသိမ်မြို့ပေါ်က ပေါက်ကွဲမှုတွေနဲ့ပတ်သက်ပြီး ဖမ်းဆီးခံထားရသူတွေကို ထောင်နှစ်ရှည်ချ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ ဟိုတယ်ရှေ့အပါအဝင် ပုသိမ် ကညနရုံး နဲ့အထည်ချုုပ်စက်ရုံမှာပြီးခဲ့တဲ့နှစ် ဇွန်လကဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုတွေနဲ့ပတ်သက်ပြီး စစ်တပ်က စွပ်စွဲဖမ်းဆီးထားသူ ၁၁ဦးကို ပုသိမ်ထောင်တွင်းတရားရုံးက နှစ်ရှည်ထောင်ဒဏ်တွေချလိုက် တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ အခုလိုထောင်နှစ်ရှည်ခံရသူတွေဟာ တနှစ်ကျော်လောက်ဖမ်းဆီးခံထားရပြီးနောက် အခုဇန်နဝါရီလထဲမှာ အမိန့်ချမှတ်လိုက်တာကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

Non-CDM ဝန်ထမ်းတွေကိုချွင်းချက်မရှိ ထုတ်ပယ်ဖို့ CDM ဝန်ထမ်းတွေလိုလား

စစ်ကောင်စီအစိုးရယန္တရားကို ဆက်လက်လည်ပတ်ပေးနေတဲ့ Non-CDM တွေအားလုံးကို NUG အစိုးရအနေနဲ့ ခြွင်းချက်မရှိ အလုပ်က ထုတ်ပယ်သင့်ပြီး တော်လှန်ရေးအပြီး အစိုးရယန္တရားအသစ်မှာ Non CDM တွေ ကင်းစင် စေလိုတယ်လို့ CDM ဝန်ထမ်းအသိုင်းအဝိုင်းကပြောပါတယ်။ CDM ဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးကော်မတီ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရန်ကုန်က ပုဂ္ဂလိက ဆေးရုံ၊ဆေးခန်းတွေမှာ CDMဝန်ထမ်းတွေရှိ၊ မရှိ စစ်တပ်က အသွင်ယူစုံစမ်းမှုပါ လုပ်နေတယ်လို့ဆို

ရန်ကုန်မြို့အတွင်းက ပုဂ္ဂလိက ဆေးရုံတွေနဲ့ ဆေးခန်းတွေမှာ CDMဝန်ထမ်းတွေအလုပ်လုပ်ကိုင်နေတာရှိ၊မရှိကို စစ်ကောင်စီဘက်က တရားဝင် စစ်ဆေးမှုတွေလုပ်နေတဲ့အပြင် အသွင်ယူစုံစမ်းမှုတွေပါလုပ်နေတယ်လို့ ပုဂ္ဂလိက ဆေးရုံဝန်ထမ်းတချို့က DNA ကိုပြောပါတယ်။ “လူနာလာပြသလိုလို၊ဆေးလာဝယ်တာလိုလိုနဲ့လာပြီး စုံစမ်းနေတာတွေလည်းရှိတယ်၊ကျွန်မတို့လည်း သေချာမ ကြည့်ရဲဘူး၊ဆရာဝန်တွေ၊သူနာပြုတွေဖြတ်သွားရင် သူတို့ဖုန်းကိုကြည့်လိုက်၊မျက်နှာတွေကို လိုက်ကြည့်လိုက်နဲ့ လုပ်နေတာတော့တွေ့တယ်”လို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဟားခါးမြို့မှာ စစ်သားနှစ်ဦးပစ်သတ်ခံရပြီးနောက် ပြည်သူတချို့အဖမ်းခံရ

ချင်းပြည်နယ် အစိုးရရုံးစိုက်ရာ ဟားခါးမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး ပစ်သတ်ခံရပြီးနောက် စစ်တပ်က မြို့ခံ ပြည်သူတချို့ကို ဖမ်းဆီးထားသလို မြို့စွန်က အိမ်သုံးလုံးကိုလည်း ဖျက်ဆီးလိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဟားခါးမြို့အထွက် ကျောဘုတ်ရပ်ကွက်မှာ စစ်ဆေးရေးဂိတ်ဆီထမင်းပို့သွားတဲ့စစ်ကောင်စီစစ်သားနှစ်ဦးကို ဇန်နဝါရီ ၂၅ရက် မနေ့က [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကော့ကရိတ်၊ ကျုံဒိုးမြို့နယ်ထဲက ရွာတွေကို စစ်တပ်ကပစ်ခတ်မီးရှို့နေပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်နေ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ ကျုံဒိုးမြို့နယ်တဖက်ကမ်းကရွာတွေကို စစ်ကောင်စီတပ်တွေက ဒီကနေ့ ဇန်နဝါရီ၂၆ရက်မနက်ပိုင်းမှာလက်နက်ကြီးတွေနဲ့ပစ်ခတ်မီးရှို့နေသလိုနှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတယ်လို့ မြေပြင်စစ်ရေးအခြေအနေသိရှိသူတွေက DNA ကိုပြောပါတယ်။  ‘’ ကျုံဒိုးတဖက်ကမ်းက ရွာတွေကို မနက် ၁၀နာရီလောက်ကတည်းကစစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်နေတာ၊ ပစ်ထုတ်ပြီးတော့ ရွာထဲကလူတွေကို အစောင့်တောင်မနေခိုင်းဘူး’’ လို့မြေပြင်စစ်ရေးအခြေအနေသိရှိသူက ဆိုပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေမှာရှိတဲ့ ဘုရားတချို့က ရှေဟောင်းးကြေးခေါင်းလောင်းတွေ အခိုးခံရ

ကမ္ဘာအမွေအနှစ်စာရင်းဝင် မန္တလေးတိုင်းအတွင်းက ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ ဘုရားတချို့မှာ ကြေးခေါင်းလောင်းတွေ ခိုးယူခံရမှုတွေရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ အခု ရက်သတ္တပတ်အတွင်းမှာပဲ မင်းအိုချမ်းသာဘုရား ၊ ရှေးဟောင်းရှင်ပင့်ပွင်းလင်းဘုရား၊ရွှေချမ်းသာ(ခ)ဆုတောင်ပြည့်ဘုရားနဲ့ သာယာဝတေးဘုရားတွေက ကြေးခေါင်းလောင်းတွေ အခိုးခံလိုက်ရတာလို့ ဆိုပါတယ်။ “ခေါင်းလောင်းအသေးလေးတွေ မဟုတ်ဘူးအကြီးကြီးတွေပါ။ ဘယ်အချိန်ခိုးလဲဆိုတော့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မြိတ်မြို့နယ်မှာ ဆိုင်ကယ်စီးလာသူနှစ်ဦး ပေါက်ကွဲမှုဖြစ်ပြီးသေဆုံး

တနင်္သာရီတိုင်း၊မြိတ်မြို့နယ်၊ မဇောကျေးရွာအုပ်စု ပြင်ကြီးရွာ ရန်ကုန်-မြိတ်အဝေးပြေးကားလမ်းမကြီးပေါ်မှာ ဒီကနေ့ ဇန်နဝါရီ ၂၅ ရက် နေ့လယ်ပိုင်းက ဆိုင်ကယ်စီးလာတဲ့ လူငယ်နှစ်ဦး ပေါက်ကွဲမှုဖြစ်ပြီးသေဆုံးသွား တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။   ဆိုင်ကယ်စီးနင်းလာတဲ့ လူငယ်အမျိုးသားနှစ်ဦးက မဇောကျေးရွာ မရင်းငယ်လမ်းဆုံအရောက် အဝေးပြေး [ဆက်လက်ဖတ်ရှုရန်]