နိုင်ငံတကာရေးရာ

ဂျာမနီနိုင်ငံမှာ ရထားလမ်းချော်မှုကြောင့် လူလေးဦးသေဆုံးပြီး လူ၃၀ ဒဏ်ရာရ

ဂျာမနီနိုင်ငံတောင်ပိုင်းက နာမည်ကြီး နှင်းလျှောစီးအပန်းဖြေစခန်းအနီးမှာ  ဇွန်လ ၃ရက်နေ့က ဒေသတွင်းပြေးဆွဲတဲ့ ရထားတစ်စင်း  လမ်းချော်တိမ်းမှောက်ခဲ့ပြီး လူလေးဦးသေဆုံးကာ လူ၃၀ ဒဏ်ရာရရှိခဲ့တယ်လို့  တာဝန်ရှိရဲအရာရှိက  ပြောပါတယ်။ ရထားတိမ်းမှောက်မှုဟာ ဘာဗေးရီးယားပြည်နယ်မှာ ဖြစ်ပွားခဲ့ပြီး ခရီးသည် ၆၀ လိုက်ပါလာခဲ့တာပါ။ ကနဦးသတင်းအရ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ကာကွယ်ဆေးမထိုးရသေးတဲ့ ပြည်ပခရီးသွားအတွက် ကွာရန်တင်းကန့်သတ်ချက် တောင်ကိုရီးယား ရုတ်သိမ်း

ဇွန်လ ၈ ရက်ကစတင်ပြီး ကာကွယ်ဆေးမထိုးထားတဲ့ ပြည်ပကနေ ရောက်ရှိလာသူတွေကို သီးသန့်ခွဲထားဖို့ ကန့်သတ်ချက်တွေကို ရုတ်သိမ်းမယ်လို့ တောင်ကိုရီးယားဝန်ကြီးချုပ်က ဇွန်လ ၃ရက်မှာ ပြောပါတယ်။ ဒါပေမယ့် အစိုးရက စစ်ဆေးမှုရလဒ်လိုအပ်ချက်အနေနဲ့ ခရီးဆိုက်ရောက်ရှိပြီး ၇၂ နာရီအတွင်း PCRစမ်းသပ်မှုတွေကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

မြောက်ကိုရီးယားမှာ ကိုဗစ်ကူးစက်မှုပိုဆိုးလာနေတယ်လို့ WHO ပြော

မြောက်ကိုရီးယားနိုင်ငံမှာ ကိုဗစ်ကူးစက်မှု အခြေအနေ ပိုပြီးဆိုးရွားလာနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHOအနေနဲ့ ယူဆကြောင်း ကုလသမဂ္ဂကျန်းမာရေးအဖွဲ့ရဲ့ ထိပ်တန်းအရာရှိတဦးက ပြောပါတယ်။ ကိုဗစ်ကူးစက်မှု တဖြည်ဖြည်းလျော့ကျလာပြီလို့ မြောက်ကိုရီးယားအာဏာပိုင်တွေက ကြေညာထားပေမယ့် WHO က အခုလို ထုတ်ပြန်လိုက်တာပါ။ “မြောက်ကိုရီးယားရဲ့ မြေပြင်အခြေအနေဆိုင်ရာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ဟေတီနိုင်ငံမှာ အုပ်စုဖွဲ့အကြမ်းဖက်မှုတွေကြောင့် တစ်လအတွင်း လူ ၂၀၀ နီးပါး သေဆုံး

ဟေတီမြို့တော်မှာ အုပ်စုဖွဲ့အကြမ်းဖက်မှုတွေ မြင့်တက်လာပြီး တစ်လအတွင်း လူ ၂၀၀ နီးပါးသေဆုံးကာ ထောင်ပေါင်းများစွာ အိုးအိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) ရဲ့ အစီရင်ခံစာအရ သိရပါတယ်။ လက်နက်ကိုင်ပြိုင်ဘက်ဂိုဏ်းတွေဟာ ပို့တ်အော်ပရင့်စ်မြို့မှာ ဧပြီလနှောင်းပိုင်းကစပြီး နယ်မြေသိမ်းပိုက်မှု [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ယူကရိန်းကို အဆင့်မြင့် ဒုံးပျံတွေပံ့ပိုးဖို့  အမေရိကန် သဘောတူ

စစ်ပွဲအဆုံးသတ်စေ့စပ်ညှိနှိုင်းဖို့ မော်စကိုကိုတွန်းအားပေးတဲ့အနေနဲ့ ယူကရိန်းနိုင်ငံကို အဆင့်မြင့် ဒုံးပျံတွေ ပံ့ပိုးပေးမယ်လို့ အမေရိကန်က ပြောတာကြောင့် ရုရှားတပ်ဖွဲ့တွေဟာ အရှေ့ပိုင်းစက်မှုမြို့Sievierodonetsk ကို အပြည့်အဝထိန်းချုပ်ဖို့ ဗုဒ္ဓဟူးနေ့မှာ တိုက်ခိုက်ခဲ့ပါတယ်။ “ယူကရိန်းကို အမေရိကန်က ပိုအဆင့်မြင့်တဲ့ ဒုံးပျံစနစ်နဲ့ ခဲယမ်းမီးကျောက်တွေ ထောက်ပံ့ပေးမယ်” [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အီးယူက ရုရှားကို ရေနံရောင်းချမှု ပိတ်ပင်မှုအပေါ်သဘောတူပြီး ဟန်ဂေရီကို ကင်းလွတ်ခွင့်ပေး

ဥရောပသမဂ္ဂခေါင်းဆောင်တွေဟာ ၂၀၂၂ နှောင်းပိုင်းမှာ အပြည့်အဝအကျိုးသက်ရောက်မယ့် ရုရှားရေနံစိမ်း တင်သွင်းမှုအပေါ် ပိတ်ဆို့အရေးယူဖို့ သဘောတူညီခဲ့ပါတယ်။ ဒါပေမယ့် ဟန်ဂေရီနဲ့ အခြားကုန်းတွင်းပိတ် ဗဟိုဥရောပနိုင်ငံနှစ်နိုင်ငံက သူတို့မှီခိုနေရတဲ့ ပိုက်လိုင်းတင်သွင်းမှုအတွက် ကင်းလွတ်ခွင့်ရယူနိုင်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီပိတ်ဆို့အရေးယူမှုဟာ နိုင်ငံ ၂၇ နိုင်ငံအတွက် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အမေရိကန်အမျိုးသားအစောင့်တပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ စီစဉ်နေတယ်လို့ ထိုင်ဝမ်သမ္မတပြော

အမေရိကန်ပြည်ထောင်စုဟာ သူ့ရဲ့ အမျိုးသားအစောင့်တပ်ဖွဲ့နဲ့ ထိုင်ဝမ်စစ်တပ်ကြား ပူးပေါင်းဆောင်ရွက်သွားဖို့ စီစဉ်နေတယ်လို့ ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ်က မေ ၃၁ ရက်မှာ ပြောပါတယ်။ တရားဝင် သံတမန်ဆက်ဆံရေး နည်းပါးပေမယ့် အမေရိကန်ဟာ ထိုင်ဝမ်ရဲ့ အရေးအပါဆုံး နိုင်ငံတကာ ထောက်ခံအားပေးသူနဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ရုရှားက ဒတ်ခ်ျကို ဓာတ်ငွေ့ပေးပို့မှု ရပ်ဆိုင်း

ရူဘယ်နဲ့ ပေးချေဖို့ မော်စကိုရဲ့တောင်းဆိုချက်တွေကို ငြင်းဆိုပြီးနောက် ဒတ်ချ်နိုင်ငံ Gas Terra ကဒီနေ့ မေလ ၃၁ ရက်ကစပြီး ရုရှားနိုင်ငံ Gazpromထံကနေ ဓာတ်ငွေ့လက်ခံရရှိတော့မှာ မဟုတ်ဘူး လို့ ကုမ္ပဏီနှစ်ခုက မေလ ၃၀ရက်မှာ ပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ဘရာဇီး ရေကြီးမှုကြောင့် သေဆုံးသူ ၅၇ ဦးထိ မြင့်တက်၊ ထောင်ပေါင်းများစွာ အိုးအိမ်စွန့်ခွာ

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဘရာဇီးနိုင်ငံအရှေ့မြောက်ပိုင်းရှိ မြို့ပြရပ်ကွက်တွေမှာ ရွှံ့မြေပြိုမှုတွေနဲ့ ကြီးကြီးမားမား ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် လူပေါင်း ၁၀၀ ကျော် ပျောက်ဆုံးနေပြီး သေဆုံးတာတွေရှိတယ် လို့ ဘရာဇီးအစိုးရက မေလ ၂၉ရက်မှာ အတည်ပြုပြောခဲ့ပါတယ်။ “တနင်္ဂနွေနေ့မွန်းလွဲပိုင်းအထိ အရှေ့မြောက်ပိုင်း [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

နီပေါလေယာဉ်ပျက်ကျမှုမှာ သေဆုံးသူအားလုံးနီးပါး တွေ့ရှိ

တနင်္ဂနွေနေ့က ဟိမဝန္တာတောင်တန်းမှာပျက်ကျခဲ့တဲ့ လေယာဉ်ပေါ်မှာ လိုက်ပါလာသူ ၂၂ ဦးထဲက တစ်ဦးကလွဲပြီး ကျန်ရုပ်အလောင်းအားလုံးကို  မေလ ၃၀ရက်နေ့မှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အစိုးရက ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးဖို့ အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းထားတယ်လို့ နီပေါအာဏာပိုင်တွေက ပြောပါတယ်။ ဂျာမန် နှစ်ဦး၊ [ဆက်လက်ဖတ်ရှုရန်]