နိုင်ငံရေး

တိုက်ပွဲသတင်းကြောင့်လောက်ကိုင်မြို့မှာမတည်မငြိမ်ဖြစ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊လောက်ကိုင်မြို့မှာ စစ်တပ်နဲ့ ကိုးက န့်တပ် MNDAA တို့ တိုက်ပွဲတွေပြင်း ထန်လာနိုင် တယ်လို့ သတင်းတွေပျံ့နေပြီး မြို့မှာအခြေချ နေထိုင် အ လုပ်လုပ်ကိုင်နေသူအ များအပြား လည်းမြို့ကိုစွန့်ခွာတိမ်းရှောင်နေကြပါတယ်။   စစ်ကောင်စီတပ်နဲ့ MNDAA တပ်တွေ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ကြက်ဥနဲ့ ပစ်ပေါက်မှုကို ဒုတိယအကြိမ် ကြုံခဲ့ရပြန်တဲ့ ချားလ်စ်ဘုရင်

ဗြိတိန်ဘုရင် ချားလ်စ်ကို ကြက်ဥနဲ့ ပစ်ပေါက်ခဲ့တဲ့ အမျိုးသား တစ်ဦးကို ဗြိတိန် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။   အသက် ၂၀ အရွယ် အမျိုးသားဟာ အသေးစား ရန်ပြုမှု စွပ်စွဲချက်နဲ့ အမှုရင်ဆိုင်ရဖွယ် ရှိနေကြောင်း [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

လေတပ်စခန်းတွေ ဆက်တိုက် တိုက်ခိုက်ခံရတဲ့နောက် လုံခြုံရေးအတွက် ပူတင် အစည်းအဝေးခေါ်

မဟာဗျူဟာ လေတပ်စခန်း ၃ ခုမှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ကာကွယ်ရေးကောင်စီ အစည်းအဝေး ခေါ်ယူခဲ့ကြောင်း သိရပါတယ်။   ဒီဇင်ဘာ ၅ ရက်က ရုရှားနိုင်ငံ [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ရောက် ပထမဆုံး အာရပ်နိုင်ငံ ဖြစ်လာတဲ့ မော်ရိုကို

ကမ္ဘာ့ချန်ပီယံဟောင်း နာမည်ကြီး စပိန်အသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ယူခဲ့တဲ့နောက် မော်ရိုကိုဟာ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် အဆင့်ထိ တက်ရောက်နိုင်တဲ့ ပထမဆုံး အာရပ်နိုင်ငံအဖြစ် မှတ်တမ်း ဝင်လာခဲ့ပါတယ်။ အာရပ်နိုင်ငံ တစ်ခုဖြစ်တဲ့ ကာတာမှာ ကျင်းပတဲ့ ကမ္ဘာ့ဖလားမှာ [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

ရော်နယ်လ်ဒိုကို အရန်ခုံ ပို့ခဲ့တဲ့ ဆုံးဖြတ်ချက်ကို ပေါ်တူဂီ နည်းပြချုပ် ရှင်းလင်း

အသင်းရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုကို အရန်ခုံ ပို့ခဲ့တာဟာ နည်းဗျူဟာပိုင်း ဆုံးဖြတ်ချက် သက်သက်သာ ဖြစ်တယ်လို့ ပေါ်တူဂီ နည်းပြချုပ် ဖာနန်ဒို ဆန်းတို့စ်က ပြောကြားခဲ့ပါတယ်။   ကမ္ဘာ့ဖလား ရှုူံးထွက်အဆင့် ပွဲစဉ်အဖြစ် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်နှစ်ဦးကို ဆီမီးထွန်းဂုဏ်ပြုခဲ့တဲ့ ကလေးမြို့ပင်မသပိတ်

ကလေးမြို့ပင်မသပိတ်အင်အားစုနဲ့ မြို့ခံပြည်သူတွေဟာ စစ်ကောင်စီကဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ ဒေသကာကွယ်ရေးအဖွဲဲ့ဝင် ရဲဘော်နှစ်ဦးအတွက် ဒီဇင်ဘာ( ၆) ရက် ဒီကနေ့ညမှာ အလေးပြုဆု တောင်းမှုတွေပြုလုပ်ခဲ့ကြတယ်လို့ သပိတ်အင်အား စုတွေဆီက သိရပါတယ်။ ကလေးမြို့အနောက်ပိုင်းမှာဒီဇင်ဘာ (၄) ရက်ကစစ်ကောင်စီစစ်ဆေးရေးအဖွဲ့နဲ့တွေ့ပြီးဖမ်းဆီးသတ် ဖြတ်ခံခဲ့ရတဲ့ ဒေသကာကွယ်ရေးအဖွဲ့ဝင် ရဲဘော် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တပတ်အတွင်း ဆားလင်းကြီးက ရွာကိုးရွာ မီးရှို့ခံရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကကျေးရွာတွေထဲ စစ်ကောင်စီက စစ်ကြောင်းထိုးမွှေနှောက်နေတဲ့ သီတင်း ပတ်တခုကျော်အတွင်း ကျေးရွာကိုးရွာက နေအိမ်ရာချီ မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေနဲ့ ဒေသတော်လှန် ရေး အင်အားစုတွေဆီကသိရပါတယ်။ “တစ်ရွာပြီးတစ်ရွာလိုက်ပြီးမီးရှို့နေတာပါ၊ ရွာတစ်ရွာဆို သူတို့လိုချင်တဲ့ပစ္စည်းတွေအကုန်သယ်ပြီး မီးရှို့တာ ” လို့ ဒေသခံတဦးက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဒီးမောဆိုက ကျေးရွာတွေကို စစ်တပ်က နှစ်ရက်ဆက်တိုက် တာဝေးပစ်လက်နက်တွေနဲ့တိုက်ခိုက်နေ

ကရင်နီပြည်နယ်ထဲက ဒီးမောဆိုမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာတွေဘက်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ  ၄ရက်နေ့ကနေ ၅ ရက်နေ့အတွင်း ညတိုင်းလိုလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ကရင်နီကာကွယ်ရေးတပ်တွေဘက်က ပြောပါတယ်။ မနေ့ ဒီဇင်ဘာ ၅ ရက်နေ့ညမှာဆိုရင်လည်း အရင်ရက်တွေနဲ့ မတူတဲ့  တောတောင်တွေအထိ ကျော်ဖြတ်ပစ်ခတ်နိုင်တဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကျောင်းသားတွေကို သေဒဏ်ချမှတ်ထားတဲ့အပေါ် စစ်တပ်ကို နိုင်ငံတကာအဖွဲ့အစည်းတွေ ဖိအားပေးဖို့ ချင်းမိုင်တက္ကသိုလ်ကျောင်းသားတွေ တောင်းဆို

မြန်မာနိုင်ငံက ကျောင်းသားလူငယ်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို စစ်ကောင်စီက သေဒဏ်ချမှတ်ထားတဲ့အပေါ် သေဒဏ်က ကင်းဝေးနိုင်ဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့စစ်ကောင်စီကိုဖိအားပေးဖို့ ချင်းမိုင်တက္ကသိုလ်ကျောင်းသားတွေကတောင်းဆိုနေကြပါတယ်။ သေဒဏ်ချမှတ်တာဟာ လူသားတွေရဲ့တန်ဖိုးနဲ့ ဂုဏ်သိက္ခာပိုင်းဆိုင်ရာ အခွင့်အရေး ချိုးဖောက်မှု ဖြစ်တာကြောင့် နိုင်ငံတွေမှာ သေဒဏ်ချမှတ်တာ အမြစ်ပြတ်စေဖို့ ချင်းမိုင် တက္ကသိုလ်ကျောင်းသားသမဂ္ဂနဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မတူပီမှာ မြေပြိုလမ်းပိတ်လို့ စုဝေးစောင့်ဆိုင်းနေရသူတွေ ပစ်ခတ်ဖမ်းဆီးခံရ

ချင်းပြည်နယ်၊ မတူပီမြို့ လေမျိုချောင်းအနီးမှာ မြေပြိုလို့လမ်းပိတ်နေတာကြောင့် အလှည့်ကျ သွားလာဖို့ စုဝေးစောင့်ဆိုင်းနေတဲ့ ဒေသခံတွေကို စစ်ကောင်စီတပ်က ပစ်ခတ်ဖမ်းဆီးသွားတယ်လို့ မတူပီမြို့ခံတွေက DNA ကိုပြောပါတယ်။ မတူပီမြို့တဝိုက် ကျေးရွာဒေသတွေကနေ မြို့ပေါ်ကိုသွားတဲ့ ဒေသခံတွေ လေမျိုချောင်းအနီး မြေပြိုထားတဲ့နေရာကို ဖြတ်သန်းဖို့ [ဆက်လက်ဖတ်ရှုရန်]