ဒေသအလိုက် သတင်းကဏ္ဍ

ပဲခူးတိုင်း လဝကဝန်ကြီးဟောင်း ဦးထွန်းထွန်းဦးနဲ့ သမီးဖြစ်သူအဖမ်းခံရ

NLD အစိုးရလက်ထက် ပဲခူးတိုင်း လဝက ဝန်ကြီးအဖြစ် တာဝန်ယူခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရကိုယ်စားလှယ်လည်းဖြစ်တဲ့ ဦးထွန်းထွန်းဦးနဲ့ သမီးဖြစ်သူတို့ကို စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ ပဲခူးတိုင်း နိုင်ငံရေး အင်အားစုတွေဆီက သိရပါတယ်။ “ဝန်ကြီးက ရှောင်နေတာ၊ ခုမှဖမ်းခံလိုက်ရတာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တော်လှန်လူငယ်တွေရဲ့အသံ NUG သိနိုင်ဖို့ စစ်တမ်းကောက်မယ်

အမျိုးသားညီညွတ်ရေး အစိုးရ NUG နဲ့ တော်လှန်ရေးမှာ ပါဝင်လှုပ်ရှားနေတဲ့ ကျောင်းသားလူငယ်တွေကြား ဆက်ဆံရေး ပိုကောင်းလာဖို့နဲ့ လူငယ်တွေရဲ့ အသံကို NUG က သိရှိနိုင်ဖို့ စစ်တမ်းတရပ်ကောက်ယူမယ်လို့ အခြေခံပညာ ကျောင်းသားလူငယ်များ အစည်းအရုံး (အကလ-ဗဟို) က [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကလေးမြို့ပင်မသပိတ်ရဲ့ လူ့အခွင်အရေးလှုပ်ရှားမှုသပိတ်

ကလေးမြို့ပင်မသပိတ်အင်အားစုနဲ့ ကလေးမြို့နယ် ဒေသခံပြည်သူတွေက ဒီကနေ့ ဒီဇင်ဘာ (၈) ရက်က ကလေးမြို့နယ်အတွင်း တနေရာမှာ လူ့အခွင့်အရေးနဲ့ စစ်အာဏာရှင်တော်လှန်ရေး ဆက်နွယ်နေပုံကို အသိပေး လှုံ့ဆော်တဲ့ သပိတ်လှုပ်ရှား လုပ်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီလှုပ်ရှားမှုမှာ ပါဝင်သူတွေက “လူဖြစ်ခြင်းရဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မန္တလေးက ချင်းဘာသာရေးခေါင်းဆောင်တဦးကို စစ်ကောင်စီက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် နှစ်နှစ်ဆယ် ကျော်ချမှတ်

မန္တလေးမြို့၊ ဖလမ်းနှစ်ခြင်းခရစ်ယာန်အသင်းတော်က သင်းအုပ်၊ သိက္ခာတော်ရ ဆရာတော် သျှန်းလျှန်ဆန်း (Rev.Thian Lian Sang) ကို အာဏာသိမ်း စစ်ကောင်စီက ဒီဇင်ဘာ (၇) ရက်မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၄၉(က) နဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အပစ်ရပ်ထားချိန် ရခိုင်ပြည်နယ် မင်းပြားမြို့မှာစစ်တပ်ကကြိုတင်အသိမပေးဘဲ ပစ်ခတ်မှုတွေလုပ်လို့ ဒေသခံတွေထိတ်လန့်

စစ်တပ်နဲ့ ရခိုင့်တပ်တော် AA တို့ နှစ်ဘက်အပစ်ရပ်ထားတဲ့ ရခိုင်ပြည်နယ် မင်းပြားမြို့မှာ ဒီကနေ့ ဒီဇင်ဘာ (၈) ရက်မနက်ပိုင်းက စစ်တပ် လေ့ကျင့်ရေး သင်တန်းကျောင်းထဲကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေ အချက်ပေါင်းစွာများစွာ ဆက်တိုက်ပစ်ခတ်နေလို့ ဒေသခံတွေ ကြောက်လန့်စိုးရိမ်နေကြရတယ်လို့ [ဆက်လက်ဖတ်ရှုရန်]

စီးပွားရေးကဏ္ဍ

စက်သုံးဆီစျေးဆက်တိုက်ကျလို့ဆီဆိုင်တွေလက်ကျန်ဆီနည်းအောင်ထိုးရောင်းနေရ

ပြည်တွင်းစက်သုံးဆီစျေးနှုန်းဟာအခုလအတွင်း ဆက်တိုက်ကျဆင်းနေတာကြောင့် ဆီဆိုင်အများစုဟာ ဆီလက်ကျန်ကြောင့်အရှုံးမပေါ်စေဖို့ ထိုးရောင်းနေကြရတယ်လို့ စျေးကွက်အတွင်းကစုံစမ်းသိရှိရပါတယ်။ ကမ္ဘာ့ရေနံစိမ်းစျေးထိုးကျမှုနဲ့အတူ ပြည်တွင်းစက်သုံးဆီစျေးလည်း သိသိသာသာပြန်လည်ကျဆင်းလာတာတယ်လို့ သိရပါတယ်။ အဲဒီလို ဆီစျေးကျဆင်းနေချိန်မှာ ဆီလက်ကျန်ဖြစ်ပေါ်ရင် ငွေကြေးဆုံးရှုံးမှုဖြစ်စေတဲ့အတွက် ရောင်းအားမြင့်အောင်လုပ်နေရတယ်လို့ စက်သုံးဆီအရောင်းဆိုင်ရှင်တဦးကဆိုပါတယ်။ “ဒီနေ့စျေးနဲ့မနက်ဖြန်စျေးကသိသိသာသာဟ လာတော့ လက်ကျန်များရင်များသလောက်ငွေကြေးဆုံးရှုံးတယ်၊အသိကားသမားတွေကို ပိုဝယ်ဖို့စည်းရုံးသလိုအကြွေးနဲ့ရောင်းပေးတာတွေပါလုပ်လာရတော့တာ”လို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကန့်ဘလူမှာ တလအတွင်း ပြည်သူပိုင် နေ အိမ်နဲ့အဆောက်အအုံ ကိုးရာနီးပါး မီးရှို့ ဖျက် ဆီးခံရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ထဲမှာ စစ်ကြောင်းထိုး နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ စစ်ကောင်စီတပ်က နိုဝင်ဘာလအတွင်း ပညာရေး၊ ဘာသာရေးအဆောက်အအုံတွေအပါအဝင် ပြည်သူပိုင်နေအိမ် ကိုးရာနီးပါးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။ စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေဟာ ကန့်ဘလူမြို့နယ်မှာရှိတဲ့ ကျေးရွာ (၁၃) ရွာက ပြည်သူ့နေအိမ်ပေါင်း [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

လူသားဒိုင်းအဖြစ် စစ်တပ်ကဖမ်းသွားတဲ့ ဖားကန့်ဒေသခံတွေပြန်လွတ်လာ

ကချင်ပြည်နယ် ဖားကန့်မြို့ လုံးခင်းကျေးရွာအုပ်စုအတွင်း စစ်တပ်စစ်ကြောင်းထိုးလာချိန်မှာ ဖမ်းဆီးခံရပြီး လူသားဒိုင်းအဖြစ်အသုံးချခံခဲ့ရတဲ့ ဒေသခံတွေ ဒီကနေ့ ဒီဇင်ဘာ(၈)ရက်မနက်ပိုင်းမှာ ပြန်လွတ်လာတယ်လို့ ဒေသ သတင်းရင်းမြစ်တွေဆီကသိရပါတယ်။ “သူတို့ စစ်တပ်တွေလည်း စစ်ကြောင်း ထိုးနေတဲ့အချိန်နဲ့ အဲ့ပြည်သူတွေလည်း လမ်းမှာ ဖြတ်သွားတဲ့အချိန် တိုက်နေတော့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပေါက်မြို့တောင်ပိုင်း ရွာတွေကိုစစ်တပ် ကမီး ရှို့နေလို့ ဒေသခံထောင်ချီ တိမ်းရှောင်နေရ

မကွေးတိုင်း၊ပေါက်မြို့ တောင်ပိုင်းနယ်တွေကိုစစ် ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ ဒေသကာကွယ် ရေး တပ်တွေ ဒီဇင်ဘာ(၇)ရက်က ထိတွေ့တိုက်ပွဲ ဖြစ် ခဲ့ပြီး တိုက်ပွဲပြီးတဲ့နောက်စစ်တပ်က ကျေးရွာ တွေ ကိုဆက်တိုက်မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီကသိရပါတယ်။ ပေါက်မြို့တွင်းနေ တောင်ပိုင်းနယ်တွေဆီ စစ် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပုလောမှာ မြို့ပေါ်စစ်ဆင်ရေးစနေပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်နေ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်ထဲက ပုလောမြို့ပေါ်မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေကြား ဒီကနေ့ ဒီဇင်ဘာ ၈ ရက်မနက်ပိုင်းကစလို့ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။   ဒီကနေ့မနက်ပိုင်းမှာ  ပုလောမြို့မြို့တော်ခန်းမ၊ ပုလောမြို့အထွက်က စစ်ကောင်စီတပ်စခန်းနဲ့ ပုလောကုန်းကျေးရွာတွေဘက်ကို ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့ KNU KNDO [ဆက်လက်ဖတ်ရှုရန်]