စီးပွားရေးကဏ္ဍ

ရန်ကုန်မြို့မှာတိုက်ခန်းနဲ့ အိမ်ငှားခတွေ​ ဆက်တိုက်မြင့်တက်နေ

ဖေဖော်ဝါရီ၊ ၆ ရန်ကုန်မြို့ကို ရွှေ့ပြောင်းနေထိုင်သူတွေများလာတာကြောင့် အိမ်ငှားခတွေဟာလည်းဆက်တိုက်မြင့်တက်နေပြီး ပေါက်စျေးသက်မှတ်တဲ့စျေးကွက်ပျက်နေတယ်လို့ အိမ်ငှားတွေနဲ့ ပွဲစားတွေဆီကသိရပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်းရန်ကုန်မြို့ဆီ အနယ်နယ်အရပ်ရပ်ကစစ်ဘေးရှောင်သူတွေ၊ ရွှေ့ပြောင်းအလုပ်သမား တွေနဲ့ နိုင်ငံခြားသွားရောက်ဖို့ သင်တန်းလာတက်သူတွေများလာတာကြောင့်အငှားလိုက်ပြီးစျေးမြင့်တက်လာ တာ လို့သင်္ဃန်းကျွန်းမြို့နယ်က အိမ်၊ခြံ၊မြေပွဲစားတဦးကဆိုပါတယ်။ “အများဆုံးအငှားလိုက်တာက ရန်ကုန်မှာဂျပန်သွားဖို့သင်တန်းလာတက်သူတွေ၊ လူငါးယောက်၊ခြောက်ယောက် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လောင်းလုံး တရားရုံးက အကြီးတန်းစာရေးနဲ့ ယာဥ်မောင်းတို့ကို PDF ဖမ်းမိပေမယ့် ပြန်လွှတ်

  ဖေဖော်ဝါရီ ၊ ၆   တနင်္သါရီတိုင်း၊လောင်းလုံးမြို့နယ် တရားရုံးက အကြီးတန်းစာရေး ဒေါ်စန္ဒာစိုးနဲ့ ယာဥ်မောင်း ဖြစ် သူ ကိုခင်ဇော်ဝင်း တို့ကို ထားဝယ်-လောင်းလုံး ကားလမ်းမပေါ်မှာ ဒီကနေ့ မနက် ၁၁ နာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တနင်္သာရီတိုင်းမှာ စစ်​ကောင်စီ လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်

ဖေဖော်ဝါရီ၊ ၆ လေကြောင်းသုံးတိုက်ခိုက်မှု တခါသာရှိခဲ့ဖူးတဲ့ တနင်္သာရီတိုင်းအတွင်း ပြီးခဲ့တဲ့ ဇန်နဝါရီ နောက်ဆုံးပတ်ကစပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်လာတယ်လို့ တော်လှန်ရေးအင်အားစုတွေနဲ့ ဒေသခံတွေက ပြောပါတယ်။   “စစ်တပ်ဘက်က ပေးပို့စရာ စစ်ကူလမ်းကြောင်းက လေကြောင်းတခုပဲ ရှိတော့တယ်၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရွှေဈေး ကျပ်သုံးဆယ့်ကိုးသိန်းအထိ မြင့်တက်ခဲ့ပေမယ့် အရောင်းအဝယ်မဖြစ်လို့ ဈေးပြန်ကျ

ဖေဖော်ဝါရီ၊ ၆ ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းမှာ ဈေးနှုန်းဆက်တိုက်မြင့်တက်ကာ အကယ်ဒမီ မီးလင်းရွှေ တကျပ်သား ကျပ် ၃၉ သိန်းအထိ မြင့်တက်ခဲ့ပေမယ့် အရောင်းအဝယ် မဖြစ်တာကြောင့် အခုလ ပထမပတ်အတွင်းမှာတော့ ဈေးပြန်ကျနေတယ်လို့ ရွှေကုန်သည်အသိုင်းအဝိုင်းက ပြောပါတယ်။   [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မင်းပြားမြို့ပေါ်က နောက်ဆုံးလက်ကျန် စစ်ကောင်စီတပ်ရင်းနှစ်ခုကို AA သိမ်းပိုက်

ဖေဖော်ဝါရီ၊ ၆ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေတဲ့ ရခိုင်ပြည်နယ် မင်းပြားမြို့ပေါ်က စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန် တပ်ရင်းနှစ်ခုဖြစ်တဲ့ ခမရ (၃၇၉) နဲ့ ခမရ (၅၄၁) တို့ကို ရက္ခိုင့်တပ်တော် (AA)က အခုရက်ပိုင်းအတွင်း အပြီးသတ်သိမ်းပိုက်လိုက်ပြီး လက်နက်ချအညံ့ခံသူ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ကမ္ဘာအနှံ့မှာ ငါးမန်းကိုက်လို့ သေဆုံးသူဦးရေ မနှစ်က နှစ်ဆတိုးခဲ့

ဖေဖော်ဝါရီ၊ ၆ ကမ္ဘာတလွှားမှာ ငါးမန်းတိုက်ခိုက်မှုတွေကြောင့် အသေအပျောက်ဟာ မနှစ်က နှစ်ဆတိုးပွားလာခဲ့တယ်လို့ သိရပါတယ်။ ၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာတလွှားမှာ လူသေတဲ့ထိ ငါးမန်းတိုက်ခိုက်မှု ဖြစ်စဉ် ၁၀ ခု ပေါ်ပေါက်ခဲ့ပြီး ၂၀၂၂ ခုနှစ်ကထက် နှစ်ဆတိုးလာတာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် တရာကျော်အထိရှိလာ

ဖေဖော်ဝါရီ၊ ၆   ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ကောင်စီနယ်ခြားစောင့် တပ်ဖွဲ့ဝင်အရေအတွက် စုစုပေါင်း ၁၁၃ ဦးရှိပြီလို့ အဲဒီနိုင်ငံအခြေစိုက်The Daily Star သတင်းဌာနက ဒီကနေ့ ဖေဖော်ဝါရီ ၆ ရက်မှာ ဖော်ပြပါတယ်။   [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ကိုလံဘီယာမှာ မူးယစ်ရာဇာဟောင်း မွေးမြူထားရာကနေ ပျံ့ပွားလာတဲ့ ရေမြင်းတွေက လူတွေကို စတင်ရန်မူလာ

ဖေဖော်ဝါရီ၊ ၆   မူးယစ်ရာဇာဟောင်းတဦး​ မွေးမြူထားရာကနေ ဆင့်ကဲ ပေါက်ပွားလာတဲ့ ရေမြင်းအုပ်ဟာ ကိုလံဘီယာ နိုင်ငံမှာ လူတွေကိုပါ အန္တရာယ်ပေး ခြိမ်းခြောက်တဲ့ အဆင့်ထိ ရောက်လာနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ကမ္ဘာကျော် မူးယစ်ရာဇာကြီး ပက်ဘလို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

မုန်တိုင်းတွေ ပိုမိုပြင်းထန်လာတာကြောင့် ပြင်းအားအဆင့် Category အသစ်တိုး သတ်မှတ်ဖို့ အကြံပြုမှုတွေ ရှိလာ

ဖေဖော်ဝါရီ၊ ၅ နောက်ပိုင်းနှစ်တွေမှာ ကြုံလာရတဲ့ တချို့သော မုန်တိုင်းတွေရဲ့ တိုက်ခတ်နှုန်းက ပြင်းထန်လွန်းတာကြောင့် ပြင်းအားအဆင့် သတ်မှတ်ချက် အသစ်တိုးသင့်ကြောင်း ထောက်ပြမှုတွေ ရှိလာပါတယ်။  ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှု ဖြစ်စဉ်ကြောင့် ပင်လယ်သမုဒ္ဒရာတွေ ပိုမို ပူနွေးလာခြင်းက နှစ်စဉ် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရေးမှာ ပြည်သူ့စစ်အဖွဲ့ဝင်တွေ မောင်းလာတဲ့ကားကို ရေးဘီလူးအဖွဲ့ ပစ်ခတ်လို့ သုံးဦးသေဆုံး

ဇန်နဝါရီ၊ ၂၄   မွန်ပြည်နယ်၊ ရေးမြို့နယ် စုံနံ့သာကျေးရွာအနီးက ကားလမ်းမမှာ ဒီကနေ့ မနက် ၇ နာရီလောက်က မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ ဝင်တွေ မောင်းနှင်လာတဲ့ ကားကို ပစ်ခတ်ရာမှာ အဲဒီတပ်ဖွဲ့ဝင် သုံးဦး သေဆုံးသွားတယ်လို့ ရေးဘီလူးအဖွဲ့ [ဆက်လက်ဖတ်ရှုရန်]