လောင်းလုံး တရားရုံးက အကြီးတန်းစာရေးနဲ့ ယာဥ်မောင်းတို့ကို PDF ဖမ်းမိပေမယ့် ပြန်လွှတ်

 
ဖေဖော်ဝါရီ ၊ ၆
 
တနင်္သါရီတိုင်း၊လောင်းလုံးမြို့နယ် တရားရုံးက အကြီးတန်းစာရေး ဒေါ်စန္ဒာစိုးနဲ့ ယာဥ်မောင်း ဖြစ် သူ ကိုခင်ဇော်ဝင်း တို့ကို ထားဝယ်-လောင်းလုံး ကားလမ်းမပေါ်မှာ ဒီကနေ့ မနက် ၁၁ နာ ရီလောက်က ဖမ်းမိခဲ့ပေမယ့် ပြန်လွှတ်ပေးလိုက် တယ်လို့ နွေဦးပြောက်ကျားတပ်ဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။
 
“သူတို့က အဓိက စီရင်ချက်တွေ ချနေတဲ့လူတွေ လည်းမဟုတ်ဘူး၊ CDM မလုပ်တာကလည်း သူ တို့ရွေးချယ်ပိုင်ခွင့်ဆိုတော့ ဖမ်းမထားဘဲ လွှတ် ပေးလိုက်တော့တာ” လို့ နွေဦးပြောက် ကျားတပ်ဖွဲ့ တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။
 
စစ်အုပ်စု တပ်စွဲထားတဲ့ လောင်းလုံးမြို့နယ် ထွေ အုပ်ရုံးကနေ ပရိုဘောက်(Probox) ကားတစီး ထားဝယ်ဘက် တက်လာတယ်လို့ သတင်းရတာ ကြောင့် နွေဦးပြောက်ကျားတပ်ဖွဲ့နဲ့ တခြားမဟာမိ တ်တပ်ဖွဲ့ဝင်တွေက စောင့်ဆိုင်းဖမ်းဆီးရာမှာ အခု လို ဖမ်းမိခဲ့တာလို့သိရပါတယ်။
 
“အာဏာရှင်နဲ့ ဆက်မပူးပေါင်းဖို့ပဲ ကျွန်တော်တို့ စည်းရုံးပြောဆိုပြီး လွှတ်လိုက်တာ၊ CDM လုပ်ဖို့ ဖိအားပေးခြိမ်းခြောက်တာမျိုးလည်း မလုပ်ဘူး” လို့လည်း အထက်ပါ တာဝန်ရှိသူက ပြောပါ တယ်။
သူတို့နှစ်ဦးနဲ့ အတူ ထားဝယ်ကို သယ်သွားမယ့် တရားရေးဆိုင်ရာ စာရွက်စာတမ်းတွေလည်း ပါ လာခဲ့ပြီး အဲဒါတွေကိုတော့ သိမ်းဆည်းထားလိုက် တယ်လို့ သိရပါတယ်။
 
“အမှုတွဲတွေနဲ့ဆိုင်တဲ့ ဖုန်းကိုးလုံးကိုလည်း သိမ်း ထားခဲ့တယ်၊ သူတို့နှစ်ယောက်ရဲ့ ဖုန်းတွေနဲ့ တ ခြားသူတို့ပိုင်တဲ့ ပစ္စည်းတွေတော့ ဘာမှ မယူခဲ့ ဘူး” လို့လည်း နွေဦးပြောက်ကျားတပ်ဖွဲ့ တာဝန် ရှိသူက ပြောပါတယ်။
 
ပုံစာ – ကာကွယ်ရေးအဖွဲ့တွေ သိမ်းဆည်းခဲ့တဲ့ တရားရေးဆိုင်ရာ စာရွက်စာတမ်းတချို့