ရလဒ်ပိုင်းဆိုးရွားမှုတွေအတွက် ကစားသမားတွေလည်း တာဝန်ယူသင့်တယ်လို့ စီရော်နယ်ဒိုတိုက်တွန်း

 

၃၁၊ အောက်တိုဘာ၊ ၂၀၂၁

စပါးအသင်းနဲ့ ပွဲစဉ်မှာ အနိုင်ဂိုး တစ်ဂိုး သွင်းယူပေးခဲ့တဲ့ မန်ယူတိုက်စစ်မှူး စီရော်နယ်ဒိုဟာ အသင်းရလဒ်ပိုင်း ဆိုးရွားနေတဲ့အနေအထားမှာ ကစားသမားတွေကိုယ်တိုင်လည်း တာဝန်ယူသင့်တယ်လို့ တိုက်တွန်းသွားခဲ့ပါတယ်။

မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ စပါးအသင်းနဲ့ ပွဲစဉ်မှာ မန်ယူအသင်းဟာ စီရော်နယ်ဒို၊ ကာဗာနီ၊ ရက်ရှ်ဖို့ဒ်တို့ရဲ့ သွင်းဂိုးတွေနဲ့ အိမ်ရှင်စပါးကို ဂိုးပြတ်အနိုင်ရခဲ့ပြီး လီဗာပူးလ်အသင်းနဲ့ ပွဲစဉ်က ၅ ဂိုးပြတ်အရှုံးကို ပြန်လည်ကုစားနိုင်ခဲ့ပါတယ်။

ဒီနိုင်ပွဲကြောင့် မန်ယူအသင်းဟာ စက်တင်ဘာလနောက်ပိုင်း ပထမဆုံး ပရီးမီးလိဂ် နိုင်ပွဲကို ပြန်လည် ဖော်ဆောင်နိုင်လိုက်တာပါ။ မန်ယူအသင်းဟာ စပါးနဲ့ ပွဲစဉ် မတိုင်ခင် ပရီးမီးယားလိဂ် ၄ ပွဲဆက်တိုက် နိုင်ပွဲမရှိခဲ့ပါဘူး။

ဒါကြောင့်လည်း မန်ယူအသင်းဟာ ဝေဖန်မှုတွေနဲ့ များစွာ ကြုံတွေ့ခဲ့ရတာကြောင့် ဒီအခက်အခဲတွေကြားမှာပဲ ကစားသမားတွေအနေနဲ့ တာဝန်ယူမှုအပြည့်နဲ့ အသားကျအောင် ကြိုးစားသင့်တယ်လို့ တိုက်တွန်းသွားခဲ့တာပါ။

လီဗာပူးလ်နဲ့ ပွဲစဉ်က ရှုံးပွဲအပြီး နည်းပြဆိုးလ်ရှားကိုယ်တိုင်လည်း ဖိအားတွေ များခဲ့ပေမယ့် စပါးနဲ့အသင်းနိုင်ပွဲက သူ့အတွက် သက်သာရာရစေခဲ့ပါတယ်။

ဒါပေမဲ့  နောက်ထပ် အစမ်းသပ်ခံဖို့ အတွက် ဆိုးလ်ရှားဟာ အတ္တလန္တာ၊ မန်စီးတီး စတဲ့ အသင်းတွေနဲ့ ရင်ဆိုင်ရဖို့ ကျန်ရှိနေပြီး အသင်းအတွက်ရော သူ့ရဲ့ နည်းပြနေရာအတွက်ပါ အရေးအပါဆုံး အချိန်ကို ရောက်ရှိလာခဲ့တာပဲဖြစ်ပါတယ်။ 

စီရော်နယ်ဒိုက “ကျွန်တော်တို့ ပရီးမီးယားလိဂ် နောက်ဆုံး ၂ ပွဲ ရလဒ်က လုံးဝ မမျှော်ထားခဲ့ဘူး။ ဒါပေမဲ့ အခုတော့ ကျွန်တော်တို့ စာမျက်နှာက ပြောင်းသွားပြီလို့ထင်ပါ။ ဒီအခန်းကဏ္ဍမှာ နည်းပြသာမဟုတ်ပါဘူး။ ကစားသမားတွေလည်း ပါဝင်ရမှာပါ”လို့ တိုက်တွန်းသွားခဲ့တာပဲဖြစ်ပါတယ်။