၂၃၊ အောက်တိုဘာလ၊ ၂၀၂၁။
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြရည်နနန္ဒာရပ်ကွက်မှာရှိတဲ့ အားကစားကွင်းဝင်ပေါက်အနီးမှာ လုံခြုံရေးတပ်စွဲထားတဲ့ စစ်အုပ်စု ဗုံးခွဲခံရပြီး သေဆုံးသူတွေရှိခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၂၃ရက်နေ့ မနက် ၁၀နာရီ ၃၀မိနစ်ခန့်မှာ အားကစားကွင်း ဝင်ပေါက်မှာ သဲအိတ်တွေနဲ့ကာရံထားတဲ့ ဘန်ကာအတွင်းကနေ ပေါက်ကွဲခဲ့တာဖြစ်ပြီး စစ်အုပ်စုက ၃ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရသူတွေလည်း များပြားနိုင်တယ်လို့ ဒေသခံတွေကပြောပါတယ်။
“ဗုံးကွဲသွားတာတော့ ဟုတ်တယ်၊ လူနာတင်ကားတွေလည်း လာတာတွေ့တယ် သေတဲ့သူတွေရှိတယ်လို့ ကြားတယ်၊ အတိအကျတော့ မသိသေးဘူး”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ပေါက်ကွဲမှုဖြစ်စဉ်နဲ့ ပက်သက်ပြီးတော့ ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။