ရေကြည်မှာ ခုနစ်တန်းကျောင်းသားနှစ်ဦး ေးစီးနဲ့မျောပါ တဦးသေဆုံး

ဩဂုတ်လ ၂၂ ရက်နေ့က ရေကြည်မြို့၊ နေဝင်းရပ်ကွက် ၈ လမ်းမှာ ခုနှစ်တန်းကျောင်းသားနှစ်ဦး ရေကျော် နေတဲ့လမ်းကို ဖြတ်ကူးရင်း ရေစီးနဲ့ မျောပါသွားခဲ့တာဖြစ်ပြီး တဦးကို အဲဒီနေ့မှာပဲ ကယ်ဆယ်နိုင်ခဲ့ကာ နောက်တ ဦးကိုတော့ မနေ့က ဩဂုတ် ၂၄ ရက်နေ့မှ အလောင်းရှာတွေ့ခဲ့တာပါ။

၂၅၊ ဩဂုတ်။

ဧရာဝတီတိုင်း၊ ရေကြည်မြို့မှာ ခုနစ်တန်းကျောင်းသားနှစ်ဦး ရေစီးနဲ့ မျောပါသွားခဲ့ရာကနေ တဦးကို အချိန်မီ ကယ်ဆယ်နိုင်ခဲ့ပေမယ့် နောက်တဦးကိုတော့ ၂ ရက်အကြာမှာမှ ရုပ်အလောင်းကိုသာ ပြန်လည်တွေ့ရှိခဲ့ပါတယ်။

“တယောက်ကိုတော့ ချက်ချင်းတွေ့လို့ ကယ်လိုက်နိုင်တာ။ နောက်တယောက် ရှာမတွေ့ဘူး။ ရေစီးကလည်း တော် တော်ပြင်းတော့လေ၊ အရမ်းသတိထားရတယ်” လို့ ရေကြည်ဒေသခံရေးဘေးကူညီပေးနေသူတဦးက ပြောပါ တယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၂၂ ရက်နေ့က ရေကြည်မြို့၊ နေဝင်းရပ်ကွက် ၈ လမ်းမှာ ခုနှစ်တန်းကျောင်းသားနှစ်ဦး ရေကျော် နေတဲ့လမ်းကို ဖြတ်ကူးရင်း ရေစီးနဲ့ မျောပါသွားခဲ့တာဖြစ်ပြီး တဦးကို အဲဒီနေ့မှာပဲ ကယ်ဆယ်နိုင်ခဲ့ကာ နောက်တ ဦးကိုတော့ မနေ့က ဩဂုတ် ၂၄ ရက်နေ့မှ အလောင်းရှာတွေ့ခဲ့တာပါ။

ရေထဲမျောပါသေဆုံးခဲ့သူဟာ မောင်ဟိန်းထက်ဖြစ်ပြီး သူ့ရဲ့ ရုပ်အလောင်းကို ရေကြည်မြို့၊ သံလမ်းတံတားအနီး ဗေဒါပင်တွေကြားကနေ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ဒေသခံတွေက ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြတာလို့ ဆိုပါတယ်။

ရေကြည်မြို့နယ်မှာ ရေဘေးသင့်ပြည်သူ တသောင်းကျော်ရှိနေပြီး လမ်း၊ တံ တားအချို့ ပျက်စီးမှုတွေလည်း ရှိနေပါတယ်။

ငဝန်မြစ်တာကျိုးမှုကြောင့် ဧရာဝတီတိုင်းအတွင်းက လေးမျက်နှာ၊ ဟင်္သာတ၊ ရေကြည်၊ ကျုံပျော်နဲ့ ငသိုင်းချောင်း မြို့နယ်တို့မှာ ရေဘေးဒဏ်ခံနေကြရတာ တလနီးပါးကြာမြင့်လာပြီဖြစ်ပြီး သေဆုံးသူဦးရေဟာလည်း ၈ဦး ထိရှိ လာပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၉ ရက်နေ့မှာ လေးမျက်နှာမြို့နယ် ခမောက်စုနဲ့ အိုင်သပြုအနီး ရေကြီးမှုကြောင့် ရေစီးနဲ့မျော ပါ၊ နစ်မြုပ်သေဆုံးတဲ့ အလောင်းသုံးလောင်း တွေ့ခဲ့ရပါတယ်။ ငသိုင်းချောင်းမြို့မှာလည်း ဩဂုတ်လ ၁၉ ရက်နဲ့ ၁၈ ရက်တို့မှာ အလောင်းနှစ်လောင်း တွေ့ခဲ့ပါတယ်။

ဒါ့အပြင် ဩဂုတ်လ ၁၇ ရက် ညနေပိုင်းကလည်း ဟင်္သာတမြို့နယ် လဟာပရွာထဲ ရေတက်လာတာကြောင့် ရေနစ် မြုပ်သေဆုံးသူ တဦးရှိခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၅ ရက်မနက်ပိုင်းမှာ အိုင်သပြုလမ်းဆုံနား ရေဘေးသင့်ပြည်သူတွေကို ထမင်းထုတ်ဝေနေခဲ့တဲ့ ငသိုင်းချောင်းဒေသခံရေဘေးကူညီသူလူငယ်တဦး ရေစီးနဲ့မျောပါ သေဆုံးသွားခဲ့ပါတယ်။ ဒါ့အပြင် တာကျိုးပြီး မြစ် ရေတွေတက်လာချိန် လေးမျက်နှာမြို့ အမှတ်(၃)ရပ်ကွက်ရှိ နေကြီးနစ်မြုပ်နေတဲ့အိမ် တအိမ်ရဲ့အောက်ထပ်က အ သက် ၆၀ ကျော်အရွယ် အမျိုးသမီး ရုပ်အလောင်းတခု ကူညီရေးအဖွဲ့တွေ ရှာတွေ့ခဲ့ကြပါတယ်။

ဩဂုတ်လ ၄ ရက်နေ့မနက်ပိုင်းကလည်း ရေးဘေးသင့်ပြည်သူတွေကို ကူညီဖို့လာတဲ့ လူမှုကူညီရေးကားတစီးဟာ လေးမျက်နှာမြို့နယ် ခမောက်စုနဲ့ ဟင်္သာတမြို့နယ် နိဗ္ဗာန်ရွာအကြားမှာ တိမ်းမှောက်ခဲ့ပြီး ကားပေါ်ပါလာသူ ၆ ဦး ထိခိုက်ဒဏ်ရာရသွားခဲ့ပါတယ်။

အခုအခါ လေးမျက်နှာမြို့အနီးဝန်းကျင်မှာ ရေအနည်းငယ်ပြန်ကျလာခဲ့ပေမယ့် အနိမ့်ပိုင်းတွေဖြစ်တဲ့ ရေကြည်နဲ့ င သိုင်းချောင်းမြို့နယ်တို့မှာ တော့ ရေထပ်တက်နေဆဲဖြစ်ပါတယ်။ ဧရာ၀တီမြစ်ရဲ့ မြစ်လက်ထက်မြစ်တဲ့ ငဝန်မြစ် တာဘောင်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ ရက်နေ့ညက လေးမျက်နှာမြို့ တည့်တည့် နေရာက ကျိုးကျသွားခဲ့တာဖြစ်ပြီး ပြည်သူသောင်းချီ ရေဘေးသင့်နေတာပါ။

#ရေကြည် #ကျောင်းသား #ရေမျော #သေဆုံး
#DeltaNewsAgency #DNA
#ရန်ကုန် #ပဲခူး #ဧရာဝတီ #မြစ်ဝကျွန်းပေါ်