၁ ၊ ဇွန်လ ၊ ၂၀၂၁ ။
တရားမဝင် နိုင်ငံဖြတ်ကျော်ဝင်ရောက်မှုနဲ့ ဖမ်းဆီးခံရတဲ့ DVB သတင်းသမား ၃ဦးနဲ့ တက်ကြွလှုပ်ရှားသူ ၂ဦးကို ထိုင်းတရားရုံးက ထောင်ဒဏ် ၇လနဲ့ ဒဏ်ငွေဘတ် ၂၀၀၀ ဆီ ပေးဆောင်ဖို့ အမိန့်ချလိုက်ပါတယ်။
မေလ ၂၈ရက်နေ့က ပြုလုပ်တဲ့ ရုံးချိန်းမှာ တရားရုံးက အခုလိုအမိန့်လိုက်တာပါ။
သူတို့ ၅ဦးဟာ မတ်လ ၉ရက်နေ့က ထိုင်းနိုင်ငံ ၊ ချင်းမိုင်မြို့မှာ ထိုင်းရဲတပ်ဖွဲ့ က ရုတ်တရက်ရှာဖွေစစ်ဆေးမှုအတွင်း ဖမ်းဆီးခံရတာဖြစ်ပြီး တရားမဝင် နိုင်ငံဖြတ်ကျော်ဝင်ရောက်မှုနဲ့ တရားစွဲ ခံခဲ့ရတာ ဖြစ်ပါတယ်။
မြန်မာအာဏာသိမ်းစစ်အုပ်စုက DVB သတင်းဌာနကို လုပ်ငန်းလိုင်စင်ပိတ်သိမ်းလိုက်ပြီးနောက် အိမ်နီးချင်းထိုင်းနိုင်ငံကို ထွက်ပြေးလာကြတာပါ။
မိမိအသက်အန္တရာယ်ကနေ ထွက်ပြေးလာသူတွေကို ကာကွယ်ဖို့ ထိုင်းအစိုးရအနေနဲ့ ထိုင်းနိုင်ငံ ဥပဒေအရ သာမက နိုင်ငံတကာမူတွေနဲ့ပါ ထည့်သွင်းစဥ်းစားသင့်တယ်လို့ သတင်းသမားတွေရဲ့ ရှေ့နေအဖွဲ့က မှတ်ချက်ပြုခဲ့ပါတယ်။
Ref – prachatai