၃၀ ၊ မေလ ၊ ၂၀၂၁ ။
မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်အုပ်စုနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား ပဋိပက္ခတွေ မြင့်တက်လာချ်န်မှာပဲ နေရပ်စွန့်ခွာထွက်ပြေးသူ ၁၂၀,၀၀၀ ကျော်ရှိလာပြီလို့ သောကြာနေ့မှာ ထုတ်ပြန်တဲ့ ကုလအစီရင်ခံစာက ပြောပါတယ်။
အရပ်သားအစိုးရကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလကတည်းက
အထူးသဖြင့် တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကချင် ၊ ကရင် ၊ ရှမ်းမြောက် ၊ ချင်းနဲ့ ကယားပြည်နယ်တွေမှာ နေရပ်ရွေ့ပြောင်းသူ ၁၂၀,၉၀၀ ဦးရှိလာပြီ ဖြစ်ပါတယ်။
ထောင်ချီတဲ့လူတွေဟာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ လိုအပ်နေပြီး ဆေးဝါးတွေ ၊ အရေးပေါ်ကုသရေးအထောက်အကူပြုပစ္စည်းတွေအပြင် အမိုးအကာနဲ့ စားနပ်ရိက္ခာတွေအရေးပေါ်လိုအပ်နေတယ်လို့ UNHCR အစီရင်ခံစာက ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးကတည်းက အကြမ်းဖက်စစ်အုပ်စုလက်ချက်ကြောင့် လူပေါင်း ၈၃၀ကျော် ကျဆုံးခဲ့ပြီး ၄၃၀၀ ကျော် ဖမ်းဆီးခံထားရတဲ့အပြင် ၇၅ဦးထက်မနည်း ပျောက်ဆုံးနေတယ်လို့ မြန်မာနိုင်ငံအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က စုဆောင်းထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။
Photo : KDHW