အာဆီယံခေါင်းဆောင်တွေ မြန်မာနိုင်ငံကိုလာမယ်

၂ ၊ ဇွန်လ ၊ ၂၀၂၁ ။

အာဆီယံဥက္ကဌနဲ့ အတွင်းရေးမှုးတို့ မြန်မာနိုင်ငံကို ဒီတစ်ပတ်အတွင်းလာရောက်ဖို့ စီစဥ်​နေတယ်လို့ သံတမန်​​သတင်းရင်းမြစ် ​လေးဦးရဲ့ ​ပြောကြားချက်ကို ကိုကားပြီး Reuters သတင်းဌာနက ​ဖော်ပြပါတယ်။

အဖွဲ့ဝင် ၁၀နိုင်ငံနဲ့ ဖွဲ့စည်းထားတဲ့ အာဆီယံဟာ ​ဖေ​ဖော်ဝါရီ ၁ရက် မြန်မာစစ်အာဏာသိမ်းမှုကို ဘယ်လိုတန့်ပြန်မယ်ဆိုတာနဲ့ ပတ်သတ်ပြီး သ​ဘောထားကွဲလွဲ​နေချိန်မှာပဲ အာဆီယံဥက္ကဌရဲ့ မြန်မာနိုင်ငံခရီးစဥ်သတင်း ထွက်​ပေါ်လာတာပါ။

၂၀၂၁ အာဆီယံဥက္ကဌ ဖြစ်တဲ့ ဘရူနိုင်းနိုင်ငံခြား​ရေးဒုဝန်ကြီး Erywan Yusof နဲ့ အတွင်း​ရေးမှူးဖြစ်တဲ့ ဘရူနိုင်းနိုင်ငံသား Lim Jock Hoi တို့ဟာ မြန်မာအာဏာသိမ်း​စစ်​ခေါင်း​ဆောင်​တွေနဲ့ အခုသီတင်းပတ်အတွင်း​တွေ့ဆုံဖို့ စီစဥ်​နေတယ်လို့ အမည်မ​ဖော်လိုတဲ့ သတင်းရင်းမြစ်​တွေက ​ပြောပါတယ်။

ဧပြီလက အင်ဒိုနီးရှားနိုင်ငံမှာ ပြုလုပ်တဲ့ မြန်မာ့အ​ရေး အာဆီယံညီလာခံမှာ ဘုံသ​ဘောတူညီချက် ၅ချက်ထုတ်ပြန်ခဲ့​ပေမယ့် တလ​ကျော်ကြာတဲ့အထိ အ​ကောင်အထည်​မ​ပေါ်လာ​သေးပါဘူး။

မြန်မာစစ်တပ်ကို လက်နက်တင်ပို့​ရောင်းချမှု တားမြစ်​ရေးကိစ္စ မ​ထောက်ခံဖို့ ပြီးခဲ့တဲ့ သီတင်းပတ်မှာ အာဆီယံက ကုလသမဂ္ဂကို သတိ​ပေးခဲ့ပါ​သေးတယ်။

လာမယ့်သီတင်းပတ်မှာ ASEAN-China Summit ထိပ်သီးညီလာခံကို တရုတ်နိုင်ငံမှာကျင်းပသွားမှာ ဖြစ်ပြီး မြန်မာ့အရေးကို ထည့်သွင်းဆွေးနွေးသွားမယ်လို့ သိရပါတယ်။

Ref – Reuters