
အမေရိကန်နဲ့ အီရန်အကြား အပြန်အလှန်တိုက်မှုတွေကြောင့် အရှေ့အလယ်ပိုင်းဒေသမှာ စစ်ရေးတင်းမာမှုတွေ မြင့်တက်နေချိန်မှာ အဆိုပါ သတိပေးချက်ကို ထုတ်ပြန်လာတာပါ။
၂၁ ၊ ဇူလိုင်
အမေရိကန်နဲ့ အီရန်အကြား အပြန်အလှန်တိုက်ခိုက်မှုတွေ အရှိန်မြင့်လာချိန် အရှေ့အလယ်ပိုင်းဒေသမှာ လုံခြုံရေးနဲ့ စစ်ရေးတင်းမာမှုတွေ မြင့်တက်လာတာကြောင့် ကမ္ဘာတဝန်းရှိ နိုင်ငံသားတွေအနေဖြင့် သတိထားနေထိုင်ကြဖို့ အမေရိကန်အာဏာပိုင်တွေက လုံခြုံရေးဆိုင်ရာ သတိပေးချက်အသစ် ထုတ်ပြန်လိုက်ပါတယ်။
အရှေ့အလယ်ပိုင်းမှာ လျင်လျင်မြန်မြန်ပြောင်းလဲနေတဲ့ အခြေအနေတွေဟာ နိုင်ငံအများအပြားက လုံခြုံရေးကို ထိခိုက်စေနိုင်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။
ဒါ့ကြောင့် အမေရိကန်နိုင်ငံသားတွေအနေနဲ့ တရားဝင် သတင်းထုတ်ပြန်ချက်တွေကို စောင့်ကြည့်လေ့လာဖို့ ၊ အမေရိကန်သံရုံးတွေနဲ့ ကောင်စစ်ဝန်ရုံးတွေရဲ့ ညွှန်ကြားချက်တွေကို လိုက်နာကြဖို့နဲ့ မတည်ငြိမ်မှု ဒါမှမဟုတ် စစ်ရေးလှုပ်ရှားမှုတွေ ဖြစ်ပွားနေတဲ့ ဧရိယာတွေကို ရှောင်ရှားကြဖို့ အကြံပြုထားပါတယ်။
ဒါ့အပြင် မိမိတို့ရဲ့ ခရီးစဉ်တွေကို ပြန်လည်စိစစ်ဖို့နဲ့ လိုအပ်တဲ့ ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ထားဖို့ အထူးသဖြင့် ဒေသတွင်း ပဋိပက္ခကူးစက်ခံရနိုင်တဲ့ နိုင်ငံတွေမှာ အရေးပေါ်အစီအမံတွေနဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေ အသင့်ပြင်ထားဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
အမေရိကန်နဲ့ အီရန်အကြား အပြန်အလှန်တိုက်မှုတွေကြောင့် အရှေ့အလယ်ပိုင်းဒေသမှာ စစ်ရေးတင်းမာမှုတွေ မြင့်တက်နေချိန်မှာ အဆိုပါ သတိပေးချက်ကို ထုတ်ပြန်လာတာပါ။
ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာ အဆိုပါ နှစ်နိုင်ငံအကြား ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေ ပျက်ပြယ်သွားပြီးနောက် အမေရိကန်ရဲ့ ပြင်းထန်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အီရန်ရဲ့ ဒုံးကျည်နဲ့ တုံ့ပြန်မှုတွေကြောင့် အရှေ့အလယ်ပိုင်းဒေသမှာ စစ်ပွဲတွေ အရှိန်မြင့်တက်နေတာ ဖြစ်ပါတယ်။
Ref – AFP