
ဒါ့ကြောင့်ကျန်းမာရေးဆိုင်ရာ သတိပေးချက်တွေနဲ့ ဘေးလွတ်ရာ ရွှေ့ပြောင်းကြဖို့ ထုတ်ပြန်ခဲ့ရပြီး တိုရွန်တိုမြို့ရဲ့ လေထုအရည်အသွးဟာလည်း ကမ္ဘာ့အဓိကမြို့ကြီးတွေအနက် အဆိုးရွားဆုံးအဆင့်ကို ရောက်ရှိခဲ့ပါတယ်။
၁၆ ၊ ဇူလိုင်
လေထုအရည်အသွေး စောင့်ကြည့်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ကနေဒါနိုင်ငံ တိုရွန်တိုမြို့ဟာ ကင်ရှာဆာနဲ့ နယူးဒေလီတို့ကို ကျော်လွန်ကာ ကမ္ဘာပေါ်မှာ လေထုအရည်အသွေး အဆိုးရွားဆုံးမြို့အဖြစ် ရပ်တည်နေပါတယ်။
အွန်တေရီယိုပြည်နယ် အနောက်မြောက်ပိုင်းမှာ တောမီးတွေလောင်နေတာကြောင့် အဲဒီကထွက်လာတဲ့ မီးခိုးတွေဟာ ကောင်းကင်တခုလုံးကို ဖုံးလွှမ်းသွားပြီး အမေရိကန်နိုင်ငံ အရှေ့မြောက်ပိုင်းအထိ ပျံ့နှံ့သွားခဲ့ပါတယ်။
ဒါ့ကြောင့်ကျန်းမာရေးဆိုင်ရာ သတိပေးချက်တွေနဲ့ ဘေးလွတ်ရာ ရွှေ့ပြောင်းကြဖို့ ထုတ်ပြန်ခဲ့ရပြီး တိုရွန်တိုမြို့ရဲ့ လေထုအရည်အသွးဟာလည်း ကမ္ဘာ့အဓိကမြို့ကြီးတွေအနက် အဆိုးရွားဆုံးအဆင့်ကို ရောက်ရှိခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့က ကနေဒါနိုင်ငံရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ တိုရွန်တိုမြို့နဲ့ မိုင်ချီကွာဝေးတဲ့ လူဦးရေနည်းပါးတဲ့ဒေသတွေမှာ တောမီးလောင်နေတာပါ။
ဒါပေမယ့် မြို့ကြီးတွေမှာတော့ မီးဘေးအန္တရာယ် မရှိသေးပါဘူး။
ကနေဒါ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနရဲ့ ထုတ်ပြန်ချက်အရ တိုရွန်တိုမြို့အတွက် လေထုအရည်အသွေး ကျန်းမာရေးညွှန်းကိန်းဟာ “အင်မတန် မြင့်မားတဲ့ အန္တရာယ်” အဖြစ် သတ်မှတ်ထားတဲ့ ၁၀နဲ့အထက်မှာ ရှိနေပြီး ကြာသာပတေးနေ့ညပိုင်းအထိ ဆက်ရှိနေနိုင်တယ်လို့ သိရပါတယ်။
“လောလောဆယ် တိုရွန်တိုမြို့ရဲ့ လေထုညစ်ညမ်းမှု ရုတ်တရက် မြင့်တက်လာရခြင်းရဲ့ အဓိက အကြောင်းရင်းကတော့ တောမီးတွေကြောင့်ပါပဲ၊ ဒါပေမဲ့ ပုံမှန်ထက်ပိုပြီး အပူချိန်မြင့်မားနေတာကလည်း တစ်စိတ်တစ်ပိုင်း သက်ရောက်မှု ရှိနေပါတယ်” လို့ ဆွစ်ဇာလန်အခြေစိုက် လေထုအရည်အသွေး နည်းပညာကုမ္ပဏီတခုဖြစ်တဲ့ IQAir က Armen Araradian က AFP သတင်းဌာနကို ပြောခဲ့ပါတယ်။
အခုနှစ် ကနေဒါနိုင်ငံရဲ့ တောမီးရာသီဟာ မကြာသေးခင်နှစ်တွေနဲ့ နှိုင်းယှဉ်ပါက သိသိသာသာ လျော့နည်းပေမယ့် တနိုင်ငံလုံး အတိုင်းအတာအနေနဲ့ လက်ရှိလောင်ကျွမ်းနေဆဲ တောမီးပေါင်း ၈၀၀ ကျော် ရှိနေသေးတယ်လို့ သိရပါတယ်။
Ref – aljazeera