
“ဖွံ့ဖြိုးရေးကိစ္စတွေပဲ များမယ်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဆိုတွေ တင်ပေမယ့်လည်း လိုက်ပြီးတော့ လုပ်ပေး၊ အကောင်အထည်ဖော်ပေးတာက သိပ်မရှိဘူးလေ။ သိပ်မထူးဘူးပေ့ါ အခုပုံမှန် အစည်းအဝေး နှစ်ကြိမ်ကို ကြည့်ရသလောက်လေ” လို့ အမည်မဖော်လိုတဲ့ တိုင်းလွှတ်တော်အမတ်တဦးက ပြောပါတယ်
၁၃၊ ဇူလိုင်။
စစ်အစိုးရရဲ့ ဧရာဝတီတိုင်း လွှတ်တော် တတိယ ပုံမှန်အစည်းဝေးကို လာမယ့် ဩဂုတ်လ ၃ ရက်နေ့မှာ ပြန်စမယ်လို့ အကြောင်းကြားထားပြီး ရသုံးမှန်ခြေ ငွေစာရင်းကိစ္စ ဆွေးနွေးကြမှာပါ။
“ဘယ်ရက်ထိ ခေါ်မယ်ဆိုတာ မသိသေးဘူး။ RE ဘက်ဂျက်ကို ဆွေး နွေးမယ်ပြောတယ်” လို့ တိုင်းလွှတ်တော်ကိုယ်စားလှယ်တဦးက ပြောပါတယ်။
အခုလာမယ့် တတိယအကြိမ်ပုံမှန်အစည်းအဝေးတွေမှာ ၂၀၂၆ – ၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ရသုံးမှန်းခြေငွေစာ ရင်းကိစ္စ အဓိကဆွေးနွေးကြမှာဖြစ်ပြီး တခြားမေးခွန်း၊ အဆိုတွေလည်း တင်သွင်း၊ မေးမြန်းကြမှာပါ။
“အစည်းအ ဝေးကတော့ တလနီးပါးလောက်ထိ ကြာနိုင်တယ်။ RE ဘက်ဂျက်ကိစ္စရော၊ တခြားကိစ္စတွေရောပါတော့လေ” လို့ နောက်ထပ်တိုင်းလွှတ်တော်ကိုယ်စားလှယ်တဦးက ပြောပါတယ်။
ဇွန်လ ၂ ရက်ကနေ စခဲ့တဲ့ ဧရာ၀တီတိုင်းလွှတ်တော်ရဲ့ ဒုတိယပုံမှန်အစည်းအဝေးဟာ ၁၇ ရက်မြောက်နေ့မှာ ရပ် နားခဲ့ပြီး ဖွံ့ဖြိုးရေးဆိုင်ရာ မေးခွန်း၊ အဆိုတွေ များခဲ့တာ တွေ့ရပါတယ်။ အခုတကြိမ်မှာလည်း ဖွံ့ဖြိုးရေးနဲ့ သက် ဆိုင်တဲ့ မေးခွန်းတွေများနိုင်တယ်လို့ ဆိုကြပါတယ်။
“ဖွံ့ဖြိုးရေးကိစ္စတွေပဲ များမယ်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဆိုတွေ တင်ပေမယ့်လည်း လိုက်ပြီးတော့ လုပ်ပေး၊ အကောင်အထည်ဖော်ပေးတာက သိပ်မရှိဘူးလေ။ သိပ်မထူးဘူးပေ့ါ အခုပုံမှန် အစည်းအဝေး နှစ်ကြိမ်ကို ကြည့်ရသလောက်လေ” လို့ အမည်မဖော်လိုတဲ့ တိုင်းလွှတ်တော်အမတ်တဦးက ပြောပါတယ်။
ထိုင်ခုံ ၇၂ နေရာရှိတဲ့ ဧရာ၀တီတိုင်းလွှတ်တော်ထဲမှာ စစ်တပ်ကိုယ်စားလှယ် ၁၈ ဦး၊ ကြံ့ခိုင်ရေးပါတီမှ ၃၇ ဦး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ၇ ဦး၊ ပြည်သူ့ပါတီမှ ၃ ဦး၊ ပြည်သူ့ရှေ့ဆောင်ပါတီမှ ၃ ဦး၊ ကရင် ပြည်သူ့ပါတီမှ ၃ ဦး(ကရင်တိုင်းရင်းသားရေးရာဝန်ကြီးတဦးပါဝင်)နဲ့ မြန်မာနိုင်ငံရေးတောင်သူလယ်သမား ဖွံ့ဖြိုး တိုးတက်ရေးပါတီမှ ၁ ဦးတို့ အသီးသီး ထိုင်ခုံရကြပါတယ်။
ဒ့ါကြောင့် ဧရာ၀တီတိုင်းလွှတ်တော်ထဲက ထိုင်ခုံတွေကို ရေတွက်ကြည့်ရင် စစ်တပ်က ၂၅ ရာခိုင်နှုန်း၊ စစ်တပ် ကျောထောက်နောက်ခံ ပါတီတွေဖြစ်တဲ့ ကြံ့ခိုင်ရေးနဲ့ တစညပါတီ (တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ) တို့က ၆၁ ဒသမ ၃ ရာခိုင်နှုန်းဖြစ်တဲ့အတွက် စုစုပေါင်း ၈၆ ဒသမ ၃ ရာခိုင်နှုန်းကို အသာစီးယူထားပြီး ကျန်ပါတီတွေက ၁၃ ဒသမ ၇ ရာခိုင်နှုန်းသာ ထိုင်ခုံရတာဖြစ်ပါတယ်။
ဧရာ၀တီတိုင်းထဲမှာ ဝင်ပြိုင်ခဲ့တဲ့ ရှမ်းနဲ့ တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူ)၊ မြန်မာနိုင်ငံတောင်သူ လယ်သမားအလုပ်သမားပြည်သူ့ပါ တီတို့ကတော့ တိုင်းလွှတ်တော်ထဲ ထိုင်ခုံနေရာ တခုမှ မရကြပါဘူး။
စစ်တပ် စိတ်ကြိုက်စီစဉ်ကျင်းပခဲ့တာမို့ အဲဒီလို ကြံ့ခိုင်ရေးက နေရာအား လုံးနီးပါအနိုင်ရခဲ့တာဖြစ်ပြီး လွှတ်တော်ထဲမှာလည်း ပြည်သူ့အသံတွေကို ထင်ဟပ်စေဖို့ ခက်ခဲနိုင်တယ်လို့ ဒေသခံ ၊ နိုင်ငံရေးပါတီတွေနဲ့ လေ့လာသူတွေက ဝေဖန်ထားကြပါတယ်။