ထိုင်းမှာ ဘတ်ခြောက်သိန်းတန်ဖိုးရှိတဲ့ လျှတ်စစ်ကေဘယ်ကြိုးတွေကို CDM/ PDF ပူးပေါင်းအဖွဲ့တွေက ခိုးယူဆိုတဲ့သတင်းမှား

ထိုင်းမှာ ဘတ်ခြောက်သိန်းတန်ဖိုးရှိတဲ့ လျှတ်စစ်ကေဘယ်ကြိုးတွေကို CDM/ PDF ပူးပေါင်းအဖွဲ့တွေက ခိုးယူဆိုတဲ့သတင်းမှား

(Fact Check – DNA/ MFCN)
၂၀၂၆၊ ဇွန်၊ ၁၀

ထိုင်းနိုင်ငံ ၊ ချွန်ဘူရီခရိုင် ၊ ဘန်ဘီယောင်းမြို့နယ်မှာ ပြီးခဲ့တဲ့ဇွန်လ၊ ၄ရက်က ဘတ် ၆ သိန်းတန်ဖိုးရှိတဲ့ လျှတ်စစ်ကေဘယ်ကြိုးတွေကို ခိုးယူခဲ့တဲ့ မြန်မာနိုင်ငံသား လေးဦးက CDM/ PDF ပူးပေါင်းတပ်ဖွဲ့တွေဖြစ်တယ်ဆိုတဲ့ သတင်းမှားတခု လူမှုစာမျက်နှာတွေမှာပျံံ့နှံ့နေပါတယ်။

အဲ့ဒီအကြောင်းရာကို စစ်တပ်လော်ဘီချန်နယ်တခုဖြစ်တဲ့ မှိုင်းဝေချန်နယ်ကနေ ပြီးခဲ့တဲ့ ဇွန်လ ၇ရက်နေ့မှာ စတင်ဖြန့်ဝေထားပြီး “ထိုင်းနိုင်ငံ ၊ ချွန်ဘူရီခရိုင် ၊ ဘန်ဘီယောင်းဒေသမှာ ဘတ် ၆ သိန်းခန့် တန်ဖိုးရှိ လျှပ်စစ်ကေဘယ်ကြိုးတွေခိုးယူခဲ့တဲ့ မြန်မာနိုင်ငံသား ၄ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။” (မူရင်းအတိုင်း) စတင်ဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေပါတယ်။
သတင်းအမှားလင့်များ
မှိုင်းဝေ- https://archive.ph/wip/UlADf
𝐓𝐇𝐀𝐑 𝐒𝐈𝐓𝐓(Psy)- https://archive.ph/wip/j7oQe
မြန်မာ့ခရီးသည် – https://archive.ph/wip/rhczB

ပျံ့နှံ့လာတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီး MFCN အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check ကနေ စစ်ဆေးကြည့်တဲ့အခါမှာ မြန်မာနိုင်ငံသားလေးဦးခိုးယူခဲ့တယ်ဆိုတာ မှန်ပေမယ့် CDM/ PDF ပူးပေါင်းတပ်ဖွဲ့တွေဖြစ်တယ်ဆိုတာ မှားယွင်းနေတာကို စိစစ်တွေ့ရှိရပါတယ်။

သတင်းစိစစ်ချက်

ထိုင်းနိုင်ငံ၊ ချွန်ဘူရီမြို့နယ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာ ဘတ် ၆ သိန်းတန်ဖိုးရှိတဲ့ လျှပ်စစ်ကြိုးတွေကို ခိုးယူနေချိန်မှာ လုံခြုံရေးအစောင့်ကို ကြိုးနဲ့တုပ်၊ ရိုက်နှက်သွားတဲ့ ၁၀ ဦးကျော်ပါ မြန်မာဂိုဏ်းထဲက အဖွဲ့ဝင် လေးဦးကို ရဲက ဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့အကြောင်းကို ထိုင်းသတင်းဌာနတခုဖြစ်တဲ့ Thaiger သတင်းဌာနကဖော်ပြထားပါတယ်။
သတင်းလင့် – https://thethaiger.com/news/national/police-hunt-myanmar-gang-cable-heist-chon-buri

ရဲထွေး၏ စစ်ဆေးမေးမြန်းမှုအရ ရဲတပ်ဖွဲ့သည် သံသယရှိသူ သုံးဦးဖြစ်သော ဆိုင်ထက်အောင် (၂၇ နှစ်)၊ ဝိုင်ဂမ် (၁၈ နှစ်) နှင့် ရဲကိုလင်း (၃၄ နှစ်) တို့ကို ထပ်မံဖမ်းဆီးရမိသည်။ လေးဦးစလုံးက ဓားပြမှုတွင် ပါဝင်ခဲ့ကြောင်း ဝန်ခံဖြေဆိုကြသည်။ ကျန်ဂိုဏ်းဝင်များနှင့် “မောင်”ဟုသာ သိရသည့် ခေါင်းဆောင်တို့မှာ လက်လွတ်မြောက်လျက်ရှိသည်။

ပထမဆုံးဖမ်းဆီးရမိတဲ့ ရဲထွေးဆိုသူကိုစစ်ဆေးမြန်းမှုအရ သံသရရှိသူ သုံးဦးဖြစ်တဲ့ စိုင်းထက်အောင် (၂၇နှစ်)၊ ဝေဂန်း (၁၈နှစ်)၊ ရဲကိုလင်း (၃၄နှစ်)တို့ကို ထပ်မံဖမ်းဆီးရမိခဲ့ပြီး အဲ့ဒီလေးဦးစလုံးက ဓါးပြမှုမှာပါဝင်ခဲ့တယ်လို့ဝန်ခံဖြေဆိုထားပြီး ကျန်တဲ့ဂိုဏ်းဝင်တွေနဲ့ “မောင်”လို့အမည်ရတဲ့ ခေါင်းဆောင်တွေကတော့ဆက်လက်လွတ်မြောက်နေတယ်လို့ ထိုင်းသတင်းဌာနတခုဖြစ်တဲ့ Khaosod သတင်းဌာနကဖော်ပြထားပါတယ်။

သတင်းလင့် – https://www.facebook.com/share/p/1EV82UsYmg/

ဘန်ဘီယောင်းမြို့နယ် ရဲတပ်ဖွဲ့ရဲ့ ပြောပြချက်အရ သံသယရှိသူအားလုံးဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေ ဖြစ်ကြပြီး အခုဖမ်းမိထားတဲ့ တရားခံ လေးဦးဟာ ကလွန်ကွိ၊ နောင်ရိုင်နဲ့ ပလွက်ဒန်း နယ်မြေတွေဘက်မှာလည်း ဒီလိုခိုးမှု၊ ဓားပြမှုမျိုးတွေ အကြိမ်ခဏခဏ ကျူးလွန်ခဲ့ဖူးတယ်လို့ ဆိုထားကြောင်း Migrant Times သတင်းဌာနကဖော်ပြထားပါတယ်။

သတင်းလင့် – https://www.facebook.com/share/p/1Bw4qeHEXH/

ဆက်စပ်ဖတ်ရှုရန်လင့်များ
https://shorturl.at/XmDwp
https://shorturl.at/XjNfP
https://shorturl.at/ajZXN

သုံးသပ်ချက်

ထိုင်းရဲတပ်ဖွဲ့ရဲ့ တရားဝင်စစ်ဆေးချက်နဲ့ ထိုင်းသတင်းဌာနတွေရဲ့ဖော်ပြချက်တွေမှာ ကျူးလွန်သူတွေက CDM/ PDF ၊ တော်လှန်ရေးအဖွဲ့အစည်း စတာတွေနဲ့ ဆက်စပ်မှု ရှိတယ်ဆိုတဲ့ အကြောင်းဖော်ပြထားခြင်းမရှိပါဘူး။

ဒါကြောင့် သာမန်ရွှေ့ပြောင်းလုပ်သားရာဇဝတ်ဂိုဏ်းတခုရ့ ခိုးယူမှုဖြစ်စဥ်သတင်းမှန် ဇာတ်ကြောင်း ကိုအသုံးပြုပြီး တော်လှန်ရေးအင်အားစုတွေအပေါ် အထင်အမြင်လွဲမှားစေဖို့နဲ့ သိက္ခာချဖို့အတွက် စစ်တပ်လော်ဘီတွေက ရည်ရွယ်ချက်ရှိရှိလုပ်ကြံဖန်တီးထားတဲ့ သတင်းမှားတခုသာဖြစ်တာကို အတည်ပြုနိုင်ခဲ့ပါတယ်။

ဒီကနေ့ခေတ်ဟာ လူမှုမီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီလူမှုဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။

စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check အဖွဲ့ကိုလည်း Facebook page ကနေဆက်သွယ်မေးမြန်းနိုင်သလို ဒီနေရာ (dnafactcheck@gmail.com)ကနေ လည်း ဆက်သွယ်မေးမြန်းပြီး အချက်အလက်စစ်ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork

#DNAFactCheck #DNA #MFCN #FactCheck #သတင်းတု_သတင်းမှား #အချက်အလက်စိစစ်ချက်