
“ကြံ့ဖွံ့က ရွာတိုင်းကို ရောက်တယ်။ တချို့ရွာတွေကို တကြိမ်နှစ်ကြိမ်တောင် ရောက်တယ်။ တခြားပါတီတွေ ဟောပြောပွဲလုပ်တာတောင် မတွေ့သေးဘူး။ ဆိုင်းဘုတ်တွေ လာထောင်တာတော့ ရှိပေမယ့် လူနည်းနည်း လောက်နဲ့ပဲ၊ အများကြီးမပါဘူး”
၂၀၊ ဇန်နဝါရီ။
ဧရာ၀တီတိုင်းအတွင်းက လေးမျက်နှာ၊ ရေကြည်၊ အင်္ဂပူစတဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့မြို့နယ်တွေမှာ စစ်တပ်ကျော ထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက မဲဆွယ်ပွဲတွေ ဆက်တိုက်လုပ်နေပြီး ကျန်ပါတီ တွေကတော့ စာအဆင့်ဆင့် တင်နေကြရပြီး လွတ်လပ်စွာ မဲဆွယ်၊ စည်းရုံးခွင့်မရကြဘူးလို့ ပြောကြပါတယ်။
“ကျွန်တော်တို့ပါတီတွေကတော့ အဆင့်ဆင့်စာတင်ရတယ်၊ လုံခြုံရေးအကြောင်းပြပြီး တချို့ရွာတွေ မဆင်းရ ဘူး၊ လုံခြုံရေးလည်း ထည့်မပေးဘူး။ ကြံ့ခိုင်ရေးကတော့ အင်နဲ့အားနဲ့ မဲဆွယ်နေတာပေ့ါ၊ ရွာတိုင်းစေ့သွားပြီး ဟောပြောပွဲတွေ လုပ်နေတယ်။ ပါတီတိုင်းက အခွင့်အရေး တန်းတူရဖို့လိုတယ်” လို့ လေးမျက်နှာမြို့နယ်မှ အမည်မဖော်လိုတဲ့ ပြည်သူ့ပါတီဝင်တဦးက ပြောပါတယ်။
အလားတူပဲ အခြားပါတီတွေဖြစ်ကြတဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)၊ ရှမ်းနှင့် တိုင်းရင်းသားများဒီမိုကရက် တစ်ပါတီ(ကျားဖြူ)တို့ကလည်း ဒေသကို ဆင်းပြီး စည်းရုံး၊ ဟောပြောခွင့်တာ မတွေ့ရဘူးလို့ ဒေသခံတွေက ပြောပါတယ်။
“ကြံ့ဖွံ့က ရွာတိုင်းကို ရောက်တယ်။ တချို့ရွာတွေကို တကြိမ်နှစ်ကြိမ်တောင် ရောက်တယ်။ တခြားပါတီတွေ ဟောပြောပွဲလုပ်တာတောင် မတွေ့သေးဘူး။ ဆိုင်းဘုတ်တွေ လာထောင်တာတော့ ရှိပေမယ့် လူနည်းနည်း လောက်နဲ့ပဲ၊ အများကြီးမပါဘူး” လို့ လေးမျက်နှမြို့နယ် အိုင်သပြုရွာသားတဦးက ပြောပါတယ်။
ကြံ့ခိုင်ရေးပါတီမဟုတ်တဲ့ အခြားပါတီတွေဟာ ကျေးရွာတခုကို စည်းရုံးဟောပြောဖို့ သွားမယ်ဆိုရင် အဲဒီကျေး ရွာရဲ့ အုပ်ချုပ်ရေးမှူး ထောက်ခံချက်နဲ့အတူ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးမှာ ခွင့်ပြုချက်သွားတင်ရပြီး ကော် မရှင်က ခွင့်ပြုချက်ရမှပဲ နယ်မြေဆင်း၊ စည်းရုံးခွင့်ရကြတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ကြံ့ခိုင်ရေးပါတီကတော့ အဲဒီလို အဆင့်ဆင့် တင်ပြစရာမလိုဘဲ ရွေးကောက်ပွဲကော်မရှင်ကို အသိပေး ပြီးရင် တန်းသွားခွင့်ရပြီလို့ ဆိုပါတယ်။
“သူတို့အခွင့်အရေးပိုရတာတော့ အသိသာကြီးပဲ။ ကျွန်တော်တို့ပါတီက ကျတော့ အသေးစိတ်တွင် တင်ပြရတယ်။ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေတောင် ကိုယ်ရေးအချက်အလက်တွေ အစစ်ခံရတယ်” လို့ အမည်မဖော်လိုတဲ့ နောက်ထပ် ပြည်သူ့ပါတီ၀င်တဦးက ပြောပါတယ်။
ဒါ့အပြင် ရေကြည်မြို့နယ်မှာဆိုရင်လည်း ကြံ့ခိုင်ရေးပါတီကိုယ်စားပြုဝင်ပြိုင်မယ့် တိုင်းဝန်ကြီးချုပ် ဦးတင် မောင်ဝင်းကိုယ်တိုင် ကွင်းဆင်းပြီး ဒေသခံတွေ၊ စစ်ဘေးရှောင်တွေနဲ့ တွေ့ဆုံကာ ရွေးကောက်ပွဲမှာ မဖြစ်မနေ မဲပေးကြဖို့ မက်လုံးပေး၊ ခြိမ်းခြောက်စည်းရုံးတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
“တိုက်ပွဲတွေလည်း ဖြစ်နေတော့ ပြည်သူတွေ ရွေးကောက်ပွဲစိတ်မဝင်စားဘူး၊ မဲပေးကြရင်တောင် ကြောက်လို့ပဲ ပေးကြလိမ့်မယ်” လို့ ရေကြည်မြို့နယ်မှ ဒေသခံလူငယ်တဦးက ပြောပါတယ်။
လက်ရှိမှာ ဧရာ၀တီ၀တီတိုင်း လေးမျက်နှာ၊ ရေကြည်၊ အင်္ဂပူမြို့နယ်တို့အတွင်း ပုသိမ် – မုံရွာလမ်းမကြီးတ လျှောက် အနီးဝန်းကျင်ဒေသတွမှာ အာရက္ခတပ်တော်(AA)ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကော်မရှင်တပ်တို့ တိုက်ပွဲပြင်း ထန်နေပြီး အ ဒီမြို့နယ်တွေမှာ လာမယ့် ဇန်နဝါရီ ၂၅ ရက်နေ့ကျရင် ရွေးကောက်ပွဲ ကျင်းပတော့မှာပါ။
ရွေးကောက်ပွဲကျင်းပဖို့ ရက်ပိုင်းသာလိုတော့ချိန် လေးမျက်နှာနဲ့ အင်္ဂပူမြို့နယ်တွေအတွင်း တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကော်မရှင်တပ်ကလည်း လေကြောင်း၊ လက်နက်ကြီးပစ်ခတ်တာတွေ နေ့စဉ်နီးပါး ရှိနေတာပါ။
ရွေးကောက်ပွဲတတိယအသုတ်ကို မြို့နယ်ပေါင်း ၆၃ မြို့နယ်အတွင်း ကျင်းပမယ်လို့ ဆိုထားပြီး ဧရာ၀တီတိုင်းအတွင်းမှ အခုတိုက်ပွဲဖြစ်နေတဲ့ အင်္ဂပူ၊ လေးမျက်နှာ၊ ရေကြည်တို့အပါအဝင် ငပုတော၊ ဇလွန်၊ မော်လမြိုင်ကျွန်း၊ ညောင်တုန်း၊ ဓနုဖြူ၊ ဒေးဒရဲမြို့နယ် တို့ပါဝင်ပါတယ်။
ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၊ တော်လှန်ရေးအင်အားစုတွေကတော့ စစ်ကော်မရှင်က လုပ်မယ့် ရွေးကောက်ပွဲဟာ အတုအယောင်ရွေးကောက် ပွဲဖြစ် တာမို့ ဆန့်ကျင်ကြဖို့ တိုက်တွန်းထားပြီး လက်ရှိဧရာ၀တီတိုင်းအတွင်း တိုက်ပွဲဖော်နေတဲ့ AA ကလည်း သူတို့ထိန်း ချုပ်နယ်မြေတွေမှာ ရွေးကောက်ပွဲကျင်းပမှာကို လက်မခံဘူးလို့ ဆိုထားပါတယ်။
ပြီးခဲ့တဲ့ ရွေးကောက်ပွဲ ပထမအသုတ်နဲ့ ဒုတိယအသုတ်တွေမှာတော့ စစ်တပ်ပါတီ ကြံ့ခိုင်ရေးကပဲ နေရာအားလုံး နီးပါး အနိုင်ရခဲ့တာ တွေ့ရပါတယ်။ ဧရာ၀တီတိုင်းအတွင်းက မဲဆန္ဒနယ်တွေမှာလည်း နေရာအားလုံးနီးပါ ကြံ့ခိုင် ရေး ပါတီက အနိုင်ရခဲ့ပြီး တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ(တစည)က သုံးနေရာရကာ ကျန်ပါတီတွေက တော့ တနေရာမှ အနိုင်ရတာ မရှိသေးပါဘူး။