
အသက် ကိုးနှစ်အရွယ် ဟူဇိုင်ဖာ အက်ဖ်နန်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ မနက်ပိုင်းက နယ်စပ်အနီး တက္ကနက်ဖ်မြို့နယ်၊ ဝိုင်းကောင်ယူနီယံရှိ လမ်ဘာဘေးလ်ကျေးရွာမှာ သူမရဲ့ အဖိုးဖြစ်သူနဲ့အတူ မနက်စာသွားဝယ်စဉ် သေနတ်မှန်ပြီး ဒဏ်ရာရရှိခဲ့တာ ဖြစ်တယ်လို့ ဒေသတွင်းမီဒီယာတွေက ဖော်ပြကြပါတယ်။
၁၄၊ ဇန်နဝါရီ။
မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းပဋိပက္ခတွေအတွင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးမှာ ကျည်ဆန်နဲ့ လက်နက်ကြီးတွေ နယ်စပ်ဖြတ်ကျော်ကျရောက်လာတာကြောင့် ကလေးငယ်တဦး ဒဏ်ရာရခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက်လို့ ဒါကာမြို့ရှိ မြန်မာသံအမတ်ကြီးကို ဘင်္ဂလားဒေ့ရှ်အစိုးရက ဆင့်ခေါ်ခဲ့ပါတယ်။
အင်္ဂါနေ့မွန်းလွဲပိုင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက သံအမတ်ကြီး ဦးကျော်စိုးမိုးကို ခေါ်ယူတွေ့ဆုံခဲ့ပြီး အဆိုပါ ဖြစ်စဉ်အပေါ် အလွန်အမင်း စိုးရိမ်ပူပန်မိကြောင်း ပြောခဲ့တယ်လို့ ဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
အသက် ကိုးနှစ်အရွယ် ဟူဇိုင်ဖာ အက်ဖ်နန်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ မနက်ပိုင်းက နယ်စပ်အနီး တက္ကနက်ဖ်မြို့နယ်၊ ဝိုင်းကောင်ယူနီယံရှိ လမ်ဘာဘေးလ်ကျေးရွာမှာ သူမရဲ့ အဖိုးဖြစ်သူနဲ့အတူ မနက်စာသွားဝယ်စဉ် သေနတ်မှန်ပြီး ဒဏ်ရာရရှိခဲ့တာ ဖြစ်တယ်လို့ ဒေသတွင်းမီဒီယာတွေက ဖော်ပြကြပါတယ်။
ဟူဇိုင်ဖာရဲ့ ဦးလေးဖြစ်သူ ရှောင်ကတ် အလီက ဆေးကုသမှုခံယူနိုင်ဖို့အတွက် သူမကို တက္ကနက်ဖ်ကနေ စစ်တကောင်းမြို့ကို အဲဒီနေ့ နေ့လယ်ပိုင်းမှာပဲ ခေါ်ဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။
စစ်တကောင်းဆေးကောလိပ်ဆေးရုံက ဆရာဝန်တွေဟာ အဲဒီနေ့ညမှာပဲ ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ပေမဲ့ သူမရဲ့ ဦးခေါင်းထဲမှာ စိုက်ဝင်နေတဲ့ ကျည်ဆန်ကိုတော့ ထုတ်ယူနိုင်ခြင်း မရှိသေးပါဘူး။
အင်္ဂါနေ့အထိ သူမရဲ့ အခြေအနေက ထူးမခြားနား ဖြစ်နေတာကြောင့် အဆင့်မြင့် ကုသမှုတွေ ခံယူနိုင်ဖို့အတွက် ဒါကာမြို့ကို ပြောင်းရွှေ့ကုသဖို့ တာဝန်ရှိသူတွေက ဆုံးဖြတ်ခဲ့ကြပါတယ်။
လက်ရှိမှာတော့ ဟူဇိုင်ဖာဟာ စစ်တကောင်းဆေးကောလိပ်ဆေးရုံရဲ့ အထူးကြပ်မတ်ကုသဆောင်မှာ အသက်ရှူစက် အထောက်အပံ့နဲ့ ရှိနေတယ်လို့ သိရပါတယ်။
အခုလအတွင်း မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေသော တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်တွေ ၊ အာရက္ခတပ်တော် (AA) နဲ့ ARSA လက်နက်ကိုင်အဖွဲ့တွေ ပါဝင်နေပါတယ်။ အဆိုပါ တိုက်ပွဲတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇား ခရိုင်အတွင်းရှိ ကျေးရွာပေါင်း (၁၂) ရွာခန့် ထိခိုက်မှုများ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
Ref – bdnews24
Photo – AFP