
ဟာဒီ ဟာ ဒီဇင်ဘာ ၁၂ ရက်က ဒါကာမြို့ရှိ ဗလီတခုကနေ ထွက်အလာ မျက်နှာဖုံးစွပ် သေနတ်သမားတွေရဲ့ ပစ်ခတ်မှုကို ခံခဲ့ရတာဖြစ်ပါတယ်။
၁၉၊ ဒီဇင်ဘာ။
၂၀၂၄ ခုနှစ် ဘင်္ဂလားဒေ့ရှ် ဒီမိုကရေစီအရေး လူထုအုံကြွမှုမှာ ထင်ရှားတဲ့ ခေါင်းဆောင်တဦးဖြစ်သူ ရှာရစ်ဖ် အော့စမန် ဟာဒီ (၃၂ နှစ်) လုပ်ကြံခံရပြီး ဒဏ်ရာနဲ့ စင်ကာပူမှာ ကွယ်လွန်သွားပြီးနောက် မြို့တော်ဒါကာမှာ အကြမ်းဖက်ဆန္ဒပြမှုတွေ အကြီးအကျယ် ဖြစ်ပွားခဲ့ပါတယ်။
သောကြာနေ့အစောပိုင်းမှာ ဆန္ဒပြသူထောင်ပေါင်းများစွာဟာ လမ်းမပေါ်ထွက်လာပြီး နိုင်ငံရဲ့ အကြီးဆုံးသတင်းစာတိုက်တွေဖြစ်တဲ့ Daily Star နဲ့ Prothom Alo ရုံးခန်းတွေကို မီးရှို့တိုက်ခိုက်ခဲ့လို့ ဝန်ထမ်း ၂၇ ဦးထကိမနည်း အဆောက်အအုံအတွင်း ပိတ်မိခဲ့ပါတယ်။
ဆန္ဒပြသူတွေဟာ အဆိုပါသတင်းစာတိုက်တွေကို အိမ်နီးချင်း အိန္ဒိယနိုင်ငံရဲ့ ဘက်တော်သားတွေအဖြစ် စွပ်စွဲထားပါတယ်။
ဒါ့အပြင် အိန္ဒိယဒုတိယသံအမတ်ကြီးရဲ့ နေအိမ်ကို ဝိုင်းရံတာတွေ၊ ဝန်ကြီးဟောင်းတဦးရဲ့ နေအိမ်နဲ့ ယဉ်ကျေးမှုဗဟိုဌာနတခုကို တိုက်ခိုက်တာတွေလည်း ပြုလုပ်ခဲ့ကြပါတယ်။
ဟာဒီ ဟာ ဒီဇင်ဘာ ၁၂ ရက်က ဒါကာမြို့ရှိ ဗလီတခုကနေ ထွက်အလာ မျက်နှာဖုံးစွပ် သေနတ်သမားတွေရဲ့ ပစ်ခတ်မှုကို ခံခဲ့ရတာဖြစ်ပါတယ်။
သူ့ကို စင်ကာပူရဲ့ အထွေထွေရောဂါကု ဆေးရုံကြီးဆီ လေကြောင်းနဲ့ ပို့ဆောင်ကုသခဲ့ပေမဲ့ ကြာသပတေးနေ့မှာ ကွယ်လွန်ခဲ့ပါတယ်။
ဟာဒီဟာ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာရဲ့ အာဏာရှင်အုပ်ချုပ်ရေးကို အဆုံးသတ်စေခဲ့တဲ့ လူထုအုံကြွမှုအတွင်း အဓိကပါဝင်ခဲ့သူဖြစ်ပါတယ်။
သူဟာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလမှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေသူလည်း ဖြစ်ပါတယ်။
ကြားဖြတ်အစိုးရခေါင်းဆောင် နိုဘယ်ဆုရှင် မူဟာမက်ယူးနွတ်စ်က အဆိုပါ ဖြစ်ရပ်ဟာ နိုင်ငံအတွက် အစားထိုးမရနိုင်တဲ့ ဆုံးရှုံးမှုဖြစ်ပြီး လာမယ့် ရွေးကောက်ပွဲကို နှောင့်ယှက်ဖို့ အင်အားကြီးကွန်ရက်တခုက ကြိုတင်ကြံစည်ထားတဲ့ တိုက်ခိုက်မှုဖြစ်ကြောင်း ရှုတ်ချထားပါတယ်။
ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့ဟာ သံသယရှိသူ နှစ်ဦးရဲ့ ဓာတ်ပုံကို ထုတ်ပြန်ကာ ဖမ်းဆီးနိုင်ဖို့ သတင်းပေးသူတွေကို တာကာ ၅ သန်း (အမေရိကန်ဒေါ်လာ ၄၂,၀၀၀ ခန့်) ဆုကြေးငွေ ထုတ်ပြန်ထားပါတယ်။
လုပ်ကြံမှုဟာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီမှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲအတွက် နိုင်ငံရေးတင်းမာမှုတွေ မြင့်တက်နေချိန်နဲ့ တိုက်ဆိုင်နေပါတယ်။
အခြားတစ်ဘက်မှာလည်း အတိုက်အခံခေါင်းဆောင် ခါလီဒါဇီယာရဲ့ သားဖြစ်သူ တာရစ်ရှ်မန်ဟာ ၁၇ နှစ်ကြာ ပြည်ပရောက်နေရာကနေ ဒီဇင်ဘာ ၂၅ ရက်မှာ ပြန်လည်ရောက်ရှိဖို့ စီစဉ်ထားတဲ့တယ်လို့သိရပါတယ်။