
“တိုင်းဝန်ကြီးချုပ်တောင် နယ်မြေဆင်းသလိုလိုနဲ့ မဲလာဆွယ်ပါသေးတယ် ဒီဘက်မှာ၊ ပြည်သူတွေ စိတ်မဝင်စား ပေမယ့် ကြံ့ဖွံ့ကတော့ အတင်းလုပ်နေတာပေ့ါ၊ လူတွေမလာမနေရ ခေါ်တယ်၊ စစ်ရှောင်တွေကို ခေါ်တယ်၊ အဲဒီလို လုပ်နေတာ စည်းရုံးရေးတွေ”
၆၊ ဒီဇင်ဘာ။
ဧရာ၀တီတိုင်းအတွင်းက လေးမျက်နှာ၊ ရေကြည်စတဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့မြို့နယ်တွေမှာ စစ်တပ်ကျော ထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုရေးပါတီတခုကသာ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေး ဟောပြောပွဲတွေ လုပ်နေတာတွေ့ရပါတယ်။
“ကြံ့ခိုင်ရေးတခုပဲ မဲဆွယ်တာရှိတယ်၊ တခြားပါတီတွေ မတွေ့ဘူး၊ ပြည်သူ့ပါတီကတော့ လက်ကမ်းစာစောင်ဝေ တာရှိတယ်၊ ဟောပြောပွဲတွေ မလုပ်ဘူး၊ ကြံ့ခိုင်ရေးကပဲ ဟောပြောပွဲတွေနဲ့ အကြီးအကျယ်လုပ်နေတာ၊ မဲစာရင်း တွေလည်း သွားကြည့်ခိုင်းနေတယ်” လို့ လေးမျက်နှာမြို့မှ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။
ဧရာ၀တီအတွင်း ဝင်ပြိုင်မယ့် အခြားသောပါတီတွေကတော့ မြို့ပေါ်နဲ့ နယ်ကျေးရွာတွေဆင်းကာ လက်ကမ်းစာ စောင်တွေဝေတာလောက်ပဲ လုပ်နေတာရှိပြီး အခမ်းအနားတွေနဲ့ ဟောပြောပွဲလုပ်တာ၊ ဆိုင်းဘုတ်တင်ပွဲ ကျင်းပ တာမျိုးတွေ မတွေ့ရဘူးလို့ ဆိုပါတယ်။
လက်ရှိမှာ ဧရာ၀တီတိုင်း လေးမျက်နှာ၊ ရေကြည်မြို့နယ်တွေ အတွင်း ပုသိမ် – မုံရွာလမ်းမကြီးတလျှောက် အနီး ဝန်းကျင်ဒေသတွမှာ အာရက္ခတပ်တော်(AA)ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်တပ်တို့အကြား တိုက်ပွဲဖြစ်ပွားနေပြီး အဲဒီမြို့ နယ်တွေဟာ ရွေးကောက်ပွဲကျင်းပမယ့်ရက် မကြေငြာရသေးတဲ့ တတိယအသုတ်ထဲ ပါဝင်ပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဟာ ငွေကြေးအင်အား အလုံးအရင်း သုံးနိုင်တာကြောင့် တတိယအသုတ်မှ ကျင်းပမယ့် မြို့တွေအတွင်းမှာ ပါမဲဆွယ်စည်းရုံးရေးတွေ လုပ်နေတာဖြစ်ပြီး ကျန်ပါတီတွေကတော့ ငွေကြေးလိုအပ်ချက်အရ ဟောပြောစည်းရုံးပွဲတွေ မလုပ်ကြသေးတာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
“ကျနော်တို့ဆီမှာက ရွေးကောက်ပွဲကျင်းပဖို့လည်း လိုသေးတာကိုး။ အခုကတည်းက ဆင်းလိုက်ရင် ပြည်သူတွေ မေ့သွားမှာလည်း စိုးရတယ်လေ။ အဲဒါကြောင့် မလုပ်သေးတာပါ၊ လက်ကမ်းစာစောင် ဝေတာလောက်ပဲ လုပ်ဖြစ်ပါသေးတယ်” လို့ လေးမျက်နှာမြို့နယ်မှ ပြည်သူ့ပါတီဝင်တဦးက ပြောပါတယ်။
ဒ့ါအပြင် ရေကြည်မြို့နယ်အတွင်းမှာဆိုရင်လည်း ကျန်ပါတီတွေ စည်းရုံးရေး ဟောပြောတာတွေ မရှိဘဲ ပြည်ခိုင်ဖြိုးပါတီကတော့ အင်နဲ့အားနဲ့ ရွာတိုင်းစေ့နီးပါး စည်းရုံးရေးဆင်း နေတာတွေ့ရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
“တိုင်းဝန်ကြီးချုပ်တောင် နယ်မြေဆင်းသလိုလိုနဲ့ မဲလာဆွယ်ပါသေးတယ် ဒီဘက်မှာ၊ ပြည်သူတွေ စိတ်မဝင်စား ပေမယ့် ကြံ့ဖွံ့ကတော့ အတင်းလုပ်နေတာပေ့ါ၊ လူတွေမလာမနေရ ခေါ်တယ်၊ စစ်ရှောင်တွေကို ခေါ်တယ်၊ အဲဒီလို လုပ်နေတာ စည်းရုံးရေးတွေ” လို့ ရေကြည်မြို့နယ်မှ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။
တနိုင်ငံလုံးအတိုင်းအတာနဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပြည်ခိုင်ဖြိုး ပါတီဟာ ဧရာ၀တီတိုင်းတွင်း ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးပွဲတွေ အင်တိုက်အားတိုက်လုပ်နေပြီး ဟောပြောပွဲကို အတင်းလာကြဖို့ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး၊ စည်းရုံးရေးမှူးတွေ ဆီကနေတဆင့် မက်လုံးပေးခေါ်ယူနေပြီး ဖိအားပေးတာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောထားကြပါတယ်။
ဒါ့အပြင် မဲဆွယ်စည်းရုံးကြတဲ့အခါမှာလည်း ရဲ၊ အုပ်ချုပ် ရေးဌာနတွေက အခွင့်အရေးပိုပေးနေပြီး ကျန်ပါတီတွေကတော့ လွတ်လပ်စွာ စည်းရုံးခွင့်မရကြဘဲ ပါတီဝင်အချို့ဆိုရင် ရပ်၊ ကျေးအုပ်ချုပ်ရေးမှူးတွေ၊ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက် စစ်ဆေးခံရမှုတွေနဲ့ ကြုံ နေရတယ်လို့ ပြောကြပါတယ်။
ရွေးကောက်ခံ အရပ်သားအစိုးရ လက်ထဲကနေ တိုင်းပြည်အာဏာတွေကို လုယူသိမ်းထားတဲ့ စစ်ခေါင်းဆောင်ဟာ ရွေးကောက်ပွဲ ပထမအသုတ်ကို လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ မြို့နယ်ပေါင်း ၁၀၂ မြို့နယ်အတွင်း ကျင်းပမှာ ဖြစ်ပြီး ဧရာ၀တီတိုင်းအတွင်းက ကျုံပျော်၊ ပုသိမ်၊ မအူပင်၊ မြောင်းမြ၊ ကြံခင်း၊ မြန်အောင်၊ လပွတ္တာနဲ့ ဟင်္သာတမြို့ နယ်တို့ ပါဝင်ပါတယ်။
ဒုတိယအသုတ်ကိုတော့ ၂၀၂၆ ဇန်နဝါရီ ၁၁ ရက်နေ့ မြို့နယ်ပေါင်း ၁၀၀ မှာ ကျင်းပမှာဖြစ်ပြီး ဧရာ၀တီတိုင်းအ တွင်းက ကျောင်းကုန်း၊ ကန်ကြီးထောင့်၊ သာပေါင်း၊ ကျိုက်လတ်၊ ဖျာပုံ၊ ဘိုကလေး၊ ပန်းတနော်၊ ဝါးခယ်မ၊ အိမ်မဲ မြို့နယ်တို့ပါဝင်တာ တွေ့ရပါတယ်။
တတိယအသုတ်ကို မြို့နယ်ပေါင်း ၇၂ မြို့နယ်အတွင်း ကျင်းပမယ်လို့ ဆိုထားကာ ဧရာ၀တီတိုင်းအတွင်းမှ ငပု တော၊ ဇလွန်၊ မော်လမြိုင်ကျွန်း၊ ညောင်တုန်း၊ ဓနုဖြူ၊ ဒေးဒရဲ၊ အင်္ဂပူတို့နဲ့ လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ လေး မျက်နှာ၊ ရေကြည်မြို့နယ်တို့ပါဝင်ပြီး ကျင်းပမယ့်အချိန်ကိုတော့ တိတိကျကျ မကြေငြာသေးပါဘူး။
ကုလသမဂ္ဂ၊ ဥရောဂါသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၊ တော် လှန်ရေးအင်အားစုတွေကတော့ စစ်ကော်မရှင်က လုပ်မယ့် ရွေးကောက်ပွဲဟာ အတုအယောင်ရွေးကောက်ပွဲ ဖြစ် တာမို့ ဆန့်ကျင်ကြဖို့ တိုက်တွန်းထားပါတယ်။
စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ဧရာ၀တီတိုင်း မြို့နယ်အချို့မှာ တအိမ်တက်တအိမ်ဆင်းစနစ်နဲ့ မဲစာ ရင်းလာစစ်၊ ပြင်ဆင်၊ ဖြည့်စွက်ခိုင်းတာတွေ လုပ်နေပေမယ့် ပြည်သူတွေကတော့ စိတ်ပါဝင်စားမှု အလွန်အားနည်း နေပြီး ပါတီဝင်တွေ၊ ဝန်ထမ်းတွေအချို့ကာ မဲစာရင်းသွားကြည့်ကြတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။