
“ရှေ့တန်းမှာ အများစုက ပြည်သူ့စစ်တွေပဲ။ ထွက် ပြေးကြတာပေ့ါ။ သူတို့ စစ်မတိုက်ချင်ကြတော့ဘူး။ ပြီးရင် ကလေးတွေပဲ ရှိသေးတယ်။ လစ်ရင်
လစ်သလို ထွက်ပြေးကြတာ”
၁၂ နိုဝင်ဘာ။
ဧရာ၀တီတိုင်း သာပေါင်းမြို့နယ်နဲ့ လေးမျက်နှာမြို့နယ်တိုက်ပွဲတွေအတွင်း စစ်တပ်ဘက်က အရေးနိမ့်နေပြီး စစ်မှုထမ်းဥပဒေနဲ့ စုဆောင်းထားတဲ့ စစ် သားသစ်တွေဟာ အများအပြား ထွက်ပြေးနေကြပြီး အဲဒီအထဲက နှစ်ဆယ်ကျော်ကို အာရက္ခတပ် တော်(AA)က အရှင်ဖမ်းမိထားကာ နောက်ထပ်နှစ်ဆယ် ကျော်မှာလည်း အလင်းဝင်လာကြတယ် လို့ AA က ထုတ်ပြန်ထားပါတယ်။
AA ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကော်မရှင်တပ်တို့ဟာ သာပေါင်းမြို့နယ် သာပေါင်းကလေးကျေးရွာအနီးဝန်း ကျင်နဲ့ လေးမျက်နှာမြို့နယ် စက်စက်ယို၊ချင်းလယ် ကျေးရွာအနီးဝန်းကျင်တွေမှာ တိုက်ပွဲတွေ ဖြစ်နေခဲ့ကြတာဖြစ်ပြီး လက်ရှိအ ချိန်ထိလည်း တိုက်ပွဲအချို့ ရံဖန်ရံခါ ရှိနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

“စက်စက်ယိုဘက်တိုက်ပွဲမှာ စကမဘက်က အကျ အဆုံးပိုများတယ်။ စစ်ကြောင်းတကြောင်းလာရင် ထွက်ပြေး တာနဲ့ ကျတာနဲ့ဆို ထက်ဝက်တောင် မကျန်ဘူး၊ ထွက်ပြေးတာလည်း တအားများလာတယ်။ နေ့တိုင်း တယောက် စ၊ နှစ်ယောက်စက ရှိတယ်” လို့မြေပြင်မှာရှိနေတဲ့စစ်ရေးသတင်းရင်းမြစ် တဦးက ပြောပါတယ်။
၂၀၂၅ အောက်တိုဘာလ ၃ ရက်နေ့ကနေ နိုဝင်ဘာ လ ၇ ရက်နေ့ထိ တိုက်ပွဲကာလ တလကျော်အတွင်း အဲဒီလို ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ ဖမ်းဆီးရမိတဲ့ စစ်သားတွေထဲမှာ အားလုံးနီးဟာ အတင်းအဓမ္မစစ်မှုထမ်းပေါ် တာဆွဲခံခဲ့ရတဲ့ သင်တန်းဆင်းတွေ ဖြစ်ကြပြီး အသက် ၁၈ နှစ်ပင် မပြည့်သေးသူတွေ၊ အထက်တန်းကျောင်းတက်နေကြသူတွေ ဖြစ်တယ်
လို့ ဆိုပါတယ်။
စစ်တပ်ဟာ စစ်မှုထမ်းသင်တန်းဆင်းကာစ တပ်သားတွေကို စိတ်ကြွရူးသွပ်ဆေးပြား(WY)တွေ ကျွေးပြီး ရှေ့တန်းပို့ အတင်းအကြပ် တိုက်ခိုင်းနေသလို အများစုဟာ စစ်မတိုက်လိုဘဲ အခွင့်အရေးရရင် ထွက်ပြေးနေ ကြတာ ဖြစ်တယ်လို့ အဆိုပါသတင်းရင်းမြစ်က ပြောပါတယ်။

“ရှေ့တန်းမှာ အများစုက ပြည်သူ့စစ်တွေပဲ။ ထွက်ပြေးကြတာပေ့ါ။ သူတို့ စစ်မတိုက်ချင်ကြတော့ဘူး။ ပြီးရင် ကလေးတွေပဲ ရှိသေးတယ်။ လစ်ရင်လစ်သလို ထွက်ပြေးကြတာ” လို့ သူက ပြောပါတယ်။
ဧရာ၀တီတိုက်ပွဲအတွင်း AA က ဖမ်းဆီးရမိခဲ့တဲ့ စစ်ကော်မရှင်တပ်သားတွေဟာ ခမရ(၄)၊ ခမရ(၅)၊ ခမရ(၆)၊ ခမရ (၁၀)၊ ခလရ(၃၅)၊ ခလရ(၈၀) အစရှိတဲ့ တပ်မ(၆၆)လက်အောက်ခံတပ်ရင်းတွေနဲ့ အနောက်တောင်တိုင်းစစ်ဌာနချုပ်(ပုသိမ်) လက်အောက်ခံတပ်ရင်းတွေက တပ်သားတွေဖြစ် ကြတယ်လို့ AA ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
လက်ရှိမှာလည်းဧရာ၀တီတိုင်းလေးမျက်နှာမြို့နယ် စက်စက်ကျေးရွာအနီးတဝိုက် ပုသိမ် – မုံရွာလမ်းမကြီးတ လျှောက်နဲ့ ငသိုင်းချောင်းမြို့နယ် မြောက်စမ်းရွာအမြောက်တပ် အမတ(၃၄၄)အနီးဝန်းကျင် တို့ဘက်မှာ ပစ်ခတ်သံတွေ မကြာခဏ ကြားနေရတယ်လို့ ငသိုင်းချောင်းဒေသခံတဦးက ပြောပါတယ်။
“တိုက်ပွဲကတော့ နေ့တိုင်းမဖြစ်ဘူ။ ဒါပေမယ့် အမြောက်တပ်က လက်နက်ကြီးတွေ နေ့တိုင်းပစ်တယ်” လို့ ပြောပါတယ်။
ရခိုင်ရိုးမတောင်ခြေမှာရှိတဲ့ အမတ ၃၄၄ ကို ထိုးစစ် ဆင် တိုက်ခိုက်သိမ်းပိုက်ဖို့ ကြိုးစားနေတဲ့ AA ပူးပေါင်းတပ်ဖွဲ့ဟာ ပုသိမ် – မုံရွာ လမ်းတလျှောက် ရှိ စစ်တပ်စခန်းတွေကိုပါ သိမ်းယူလာနေပြီး အမတ ၃၄၄ အနီးအထိ ချည်းကပ်လာကာ ရိုးမတောင်ခြေတဝိုက်နဲ့ ပုံသိမ် – မုံရွာလမ်းတလျှောက်ဒေသအချို့ ကို ထိန်းချုပ်ထားတယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်မြစ်တွေက ပြောကြပါတယ်။

AA ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကော်မရှင်တပ်တို့ဟာ အမတ ၃၄၄ ဝန်းကျင်၊ ပုသိမ်- မုံရွာလမ်းမပေါ် စက်စက်ယိုကျေး ရွာအနီးဝန်းကျင်၊ ရခိုင်ရိုးမတောင်ခြေတလျှောက်တို့မှာလည်း တိုက်ပွဲတွေ မကြာခဏ ရှိနေပါတယ်။ စစ်တပ်ကလည်း အမတ ၃၄၄ နဲ့ အဲဒီအနီးဝန်းကျင် ရှေ့တန်းစခန်းတွေကို လက်နက်ခဲယမ်းနဲ့ အင်အားဖြည့်တင်းတာတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ရိုးမအနောက်ဘက်ခြမ်း ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၁၄ ခုကို အလုံးစုံသိမ်းပိုက်ထိန်းချုပ်ထားတဲ့ AA ဟာ ရိုးမ အရှေ့ဘက်ခြမ်း ဧရာ၀တီတိုင်း ၊ မကွေးတိုင်း၊ ပဲခူးတိုင်းတို့အတွင်းရှိ စစ်ကော်မရှင်
တပ်စခန်းတွေကို ဒေသခံတော် လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး ဆက်လက်တိုက်ခိုက်နေတာဖြစ်ပါတယ်။
လက်ရှိမှာ ဧရာ၀တီဖက်ဒရယ်ယူနစ်လွှတ်တော်ကလည်း ကြားကာလအစီအမံရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင် ရာဥပဒေကြမ်းတရပ်ကို အတည်ပြုပြဌာန်းထားပြီး အဲဒီဥပဒေအရ ဖွဲ့စည်းပုံအခြေခံဥပေဒရေးဆွဲတာ၊ တိုင်း၊ မြို့ နယ်အဆင့် အစိုးရအဖွဲ့ဖွဲ့စည်းတာတွေ၊စိုးမိုးနယ်မြေတွေရှိလာတာနဲ့ တပြိုင်တည်း မြေပြင်မှာ အကောင်အထည် ဖော်သွားမယ်လို့ ဆိုထားပါတယ်။