ရက္ခိုင်လူငယ်တွေပစ်ခတ်ခံရတာ AAကိုထောက်ခံတာကြောင့်လို့ဆိုတဲ့သတင်းအမှား

ရက္ခိုင်လူငယ်တွေပစ်ခတ်ခံရတာ AAကိုထောက်ခံတာကြောင့်လို့ဆိုတဲ့သတင်းအမှား

 

၂၀၂၅ စက်တင်ဘာလ၊ ၂၉ရက်။

(Fact-check _DNA/ The Red Flag) 

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ခါဂရာချရီခရိုင်၊ ဂုမ်မာရာ(Guimara) မြို့နယ်မှာ ဆန္ဒပြနေတဲ့ ရက္ခိုင်တိုင်းရင်းသား ကျောင်းသားလူငယ်တွေက အာရက္ခတပ်တော်(AA) ကိုထောက်ခံတာကြောင့်  ဘင်္ဂလားဒေ့ရှ်စစ်တပ်က ပစ်ခတ်ဖြိုခွဲခဲ့တာဆိုတဲ့ သတင်းတခုလူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့နေပါတယ်။

 

အဲ့ဒီအကြောင်းရာကို စစ်ကော်မရှင် လော်ဘီချန်နယ်တခုဖြစ်တဲ့ မှိုင်းဝေချန်နယ်ကနေ “အကြမ်းဖက် AA  ရဲ့ကောင်းမှုကြောင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံ  ခါဂရာချရီခရိုင်၊ ဂုမ်မာရာ(Guimara)မှာ နေထိုင်တဲ့  AA ထောက်ခံသူ ရခိုင်တွေကို ဘင်္ဂလားဒေ့ရှ်စစ်တပ်က ရှင်းလင်းနေ။”ဆိုပြီး (မူရင်းအတိုင်း) ဖြန့်ဝေထားပြီး ကြည့်ရှုသူ ၂၆,၄၄၉ဦး၊ reaction ပြုလုပ်သူ ၈၄၀ဦး၊ ပြန်လည်မျှဝေသူ ၃၆ဦးထိရှိပြီး တခြားဆိုရှယ်ပလက်ဖောင်းတွေမှာလည်း ပြန်လည်မျှဝေနေကြတာကြောင့် ပျံ့နှံ့မှုအားကောင်းနေပါတယ်။

သတင်းမှားလင့်

https://archive.ph/PPZ83 

https://archive.ph/gVRJj 

 

ပျံ့နှံ့လာတဲ့အကြောင်းရာကို စစ်ဆေးကြည့်တဲ့အခါမှာ ဆန္ဒပြရခိုင်ကျောင်းသားတွေက အသက် ၁၂ နှစ်အရွယ် မရာမာကျောင်းသူကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသားသုံးဦးက အဓ္ဓမပြုကျင့်ခဲ့တဲ့အပေါ် တရားမျှတမှုရရှိရေးတောင်းဆိုနေတာကိုတွေ့ရပြီး အာရကန်တပ်တော် (AA)ကို ထောက်ခံတယ်ဆိုတဲ့အကြောင်းရာမှာ လွဲမှားနေတာကိုတွေ့ရပါတယ်။

 

သတင်းစိစစ်ချက်

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ခါဂရာချရီခရိုင်၊ ဂုမ်မာရာ(Guimara) မြို့နယ်မှာ အသက်၁၂နှစ်အရွယ် မရာမာကျောင်းသူအတွက် တရားမျှတမှုရှိရေး ဆန္ဒထုတ်‌ဖော်နေတဲ့ ရက္ခိုင်တိုင်းရင်းသားတွေကို ဘင်္ဂလားဒေ့ရှ်စစ်တပ်က အကြမ်းဖက်ဖြိုခွင်းခဲ့တာဖြစ်တယ်ဆိုတဲ့အကြောင်းကို ရက္ခိုင်ပြည်နယ်အခြေစိုက်သတင်းဌာနတခုဖြစ်တဲ့ One Nations News ကနေသတင်းဖော်ပြထားပါတယ်။

One Nations News  – https://www.facebook.com/share/p/179zT79TWp/ 

 

အဲ့ဒီလိုဘင်္ဂလားဒေ့ရှ်စစ်တပ်က အကြမ်းဖက်ဖြိုခွင်းခဲ့တာကြောင့် ကျောင်းသား၊ ကျောင်းသူ ၈ဦးထက်မနည်း အပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ Arakan Bay News ကလည်း သတင်းရေးသားထားပါတယ်။

Arakan Bay News  – https://www.facebook.com/share/p/19xbXoNnhw/ 

 

ဘင်္ဂလာဒေရှ့်နိုင်ငံသား၊ ဘင်္ဂါလီ အမျိုးသား သုံးယောက်ကနေ မရာမာ ၈တန်းကျောင်းသူကို အုပ်စုဖွဲ့အဓ္ဓမပြုကျင့်တာနဲ့ပတ်သက်ပြီး ကျောင်းသား၊ ကျောင်းသူတွေနဲ့ ပြည်သူတွေ ဆန္ဒပြခဲ့တယ်ဆိုတဲ့အကြောင်းကို အာရက္ခမင်းသမီး မီဒီယာကနေသတင်းဖော်ပြထားပါတယ်။

အာရက္ခမင်းသမီး မီဒီယာ – https://www.facebook.com/share/p/17VrnRBk5o/ 

 

သတင်းသုံးသပ်ချက် 

 

ခါဂရာချရီခရိုင်၊ ဂုမ်မာရာ(Guimara) မြို့နယ်မှာ ဆန္ဒပြနေတဲ့ ရက္ခိုင်တိုင်းရင်းသား ကျောင်းသားလူငယ်တွေက မရာမာကျောင်းသူကို အုပ်စုဖွဲ့အဓ္ဓမပြုကျင့်တာနဲ့ပတ်သက်ပြီး တရားမျှတမှုရရှိအောင်လို့ ဆန္ဒပြခဲ့တာဖြစ်တာကိုတွေ့ရပါတယ်။

 

အဲ့ဒီလိုဆန္ဒဖော်ထုတ်တာကြောင့် ဘင်္ဂလားဒေ့ရှ်စစ်တပ်က အကြမ်းဖက်ဖြိုခွင်းခဲ့တာဖြစ်ပြီး အာရက္ခတပ်တော်(AA)ကို ထောက်ခံတာကြောင့် ဘင်္ဂလားဒေ့ရှ်စစ်တပ်က ရှင်းလင်းတာဖြစ်တယ်ဆိုတဲ့အကြောင်းရာမှာ မှားယွင်းနေပြီး သတင်းမှားဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။

 

ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။

 

 စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။ 

 

Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check  အဖွဲ့ကိုလည်း Facebook page ကနေဆက်သွယ်မေးမြန်းနိုင်သလို ဒီနေရာ (dnafactcheck @gmail.com)ကနေ လည်း ဆက်သွယ်မေးမြန်းပြီး အချက်အလက်စစ်ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။

 

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

 

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

 

Web – https://myanmarfactcheckingnetwork.org/   

Fb – https://www.facebook.com/myanmarfactcheckingnetwork 

 

#DNAFactCheck #DNA #MFCN #FactCheck #ဘင်္ဂလားဒေ့ရှ်စစ်တပ် # ရက္ခိုင်တိုင်းရင်းသား ကျောင်းသားလူငယ် #မရာမာကျောင်းသူ #အကြမ်းဖက်ဖြိုခွင်း #သတင်းမှားဝါဒဖြန့်