၂၈၊ စက်တင်ဘာ။
“ဧရာဝတီတိုင်းအတွက်ဒီတပတ်အတွင်းမိုးလေဝသ ထူးခြားချက်အဖြစ် ပြင်စလူမှာ တပတ်လုံး မိုးတိမ် တောင်တွေဖြစ်ပေါ်နိုင်ပြီး နေ့ရောညပါ မိုးရေချိန် ၁ လက်မနဲ့အထက်ဆက်တိုက်ရွာနိုင်ချေရှိတာကြောင့် ရုတ်တရက်ရေကြီးရေလျှံခြင်းတွေကို ဂရုစိုက်ဖို့လိုပါတယ်။”
ဒါအပြင် အောက်တိုဘာ ၁ ရက် နဲ့ ၂ ရက်နေ့တွေမှာ ကမ်းရိုးတန်းနဲ့ နီးတဲ့ ဒေသတွေမှာ မိုးတိမ်တောင်
တွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးဇလ ပညာရှင်တွေက ခန့်မှန်းတွက်ချက်ထားကြပါတယ်။
တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ အား ကောင်းတဲ့ အပူပိုင်းမုန်တိုင်း“ဘူအလွိုင်”(BUALOI)ရဲ့ သက်ရောက်မှုက မြန်မာနိုင်ငံကို တိုက် ရိုက်မကျရောက်သေးပေမယ့် ဘင်္ဂလားပင်လယ် အော် အနောက်အလယ်ပိုင်းမှာ ဖြစ်ပေါ်လာနိုင်တဲ့ လေဖိအားနည်းရပ်ဝန်းကိုလည်း ဆက်လက် စောင့် ကြည့်ဖို့လိုတယ်လို့ မိုးဇလပညာရှင် ဦးဝင်းနိုင်က ဆိုပါတယ်။
သူက “ မြန်မာပြည်ဘက်မှာ ရွာနေတာတွေက” မုတ်သုံမိုးတွေချည်းပဲလို့တောင်ပြောနိုင်ပါတယ်။ မုန်တိုင်းအကြွင်းအကျန်ဆိုတာက မလာသလောက် ပါဘဲ ” လို့ ပြောပါတယ်။
ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ မုတ်သုန်လေ အားကောင်းနေပြီး ဒီသက်ရောက်မှုကြောင့် မြန်မာ့ကမ်းလွန်ပင်လယ်ပြင်တွေမှာ တခါတရံ မိုးသက်လေပြင်း တိုက်ခတ်နိုင်ကာမြေပြင်/ရေပြင်လေဟာ တနာရီ မိုင် ၃၀ ထိ တိုက်ခတ်နိုင်တယ်လို့ မြန်မာနိုင်ငံ မိုးဇလဌာနက ထုတ်ပြန်ထားပါတယ်။
ရက်သတ္တပတ်စာ (စက်တင်ဘာ ၂၈ – အောက်တို ဘာ ၄ ရက်ထိ)ဒေသအလိုက်မိုးလေဝသ ခန့်မှန်းချက်
ပုသိမ် – ဒီရက်သတ္တပတ်လုံးမှာတော့ မိုးအနည်း ငယ်ကနေ အသင့်အတင့်ရွာသွန်းနိုင်ပါတယ်။ တချို့နေ့တွေမှာ ရာသီဥတုသာယာနိုင်ပါတယ်။ ရာသီဥတုသာယာတဲ့နေ့တွေမှာ နေ့အပူချိန်ဟာ ၃၂ ဒီဂရီ စင်တီဂရိတ်ထိ မြင့်တက်လာနိုင်ပါတယ်။
ညောင်တုန်း – အခုနှစ်ရက်လောက်အတွင်းရာသီဥ တုသာယာနိုင်ပါတယ်။ ကျန်နေ့များမှာတော့ မိုးအသင့်အတင့်မှ မိုးများနိုင်ပါတယ်။
အင်္ဂပူ – အခုနှစ်ရက်လောက်အတွင်း ရာသီဥတုသာယာနိုင်ပါတယ်။ကျန်နေ့များမှာတော့ မိုးအနည်း ငယ်မှ အသင့်အတင့် ရွာသွန်းနိုင်ပါတယ်။
ဟင်္သာတ – လတ်တလော ရက်ပိုင်းရာသီဥတုသာယာနိုင်ပါတယ်။ကျန်နေ့များမှာတော့ မိုးအနည်း ငယ်မှ အသင့်အတင့် ရွာသွန်းနိုင်ပါတယ်။
မအူပင် – ဒီကနေ့ ရာသီဥတုသာယာနိုင်ပါတယ်။ ကျန်နေ့များမှာတော့ မိုးအသင့်အတင့်မှ မိုးများနိုင် ပါတယ်။
ဖျာပုံ – ဒီရက်သတ္တပတ်လုံးမှာတော့ မိုးအနည်း ငယ် ကနေ မိုးများနိုင်ပါတယ်။ မြို့ရဲ့နေရာကွက်ကြား ရွာသွန်းနိုင်ပြီး နေ့ရောညပါ မိုးရွာသွန်းနိုင်ပါတယ်။
မြန်အောင် ၊ ကြံခင်း – နှစ်ရက်အတွင်းရာသီဥတုသာယာနိုင်ပါတယ်။ကျန်နေ့များမှာတော့ မိုးအနည်း ငယ်မှ အသင့်အတင့် ရွာသွန်းနိုင်ပါတယ်။
ဘိုကလေး – ဒီရက်သတ္တပတ်လုံးမှာတော့မိုးအနည်း ငယ်ကနေ မိုးများနိုင်ပါတယ်။ အောက်တိုဘာ ၁ ရက်နေ့မှာ မိုးရေချိန် ၁ လက်မနဲ့အထက် ရွာသွန်းနိုင်ပါတယ်။
ကန်ကြီးဒေါင့်- အခုတရက်လောက်ကလွဲရင် ကျန်နေ့များမှာတော့ မိုးအသင့်အတင့်မှ မိုးများနိုင်ပါတယ်။
ဒေးဒရဲ – ဒီကနေ့ရာသီဥတုသာယာနိုင်ပါတယ်။ ကျန်နေ့များမှာတော့ မိုးအသင့်အတင့်မှ မိုးများနိုင် ပါတယ်။
ကျိုတ်လတ် – စက်တင်ဘာ ၃၀ နောက်ပိုင်းမှာတော့ မိုးရေချိန် ၁ လက်မနီးပါးထိ ရွာသွန်းနိုင်ချေရှိပါတယ်။
မော်လမြိုင်ကျွန်း – ဒီရက်သတ္တပတ်လုံး မိုးအနည်း ငယ်ကနေ အသင့်အတင့်ရွာသွန်းနိုင်ပါတယ်။ မိုးအနည်းငယ်နဲ့ နေ့ရောညပါ ရွာသွန်းနိုင်ချေရှိပါတယ်။
ဝါးခယ်မ – ဒီရက်သတ္တပတ်လုံး မိုးအနည်းငယ်ကနေ အသင့်အတင့်ရွာသွန်းနိုင်ပါတယ်။ မိုးအနည်း ငယ်နဲ့ နေ့ရောညပါ ရွာသွန်းနိုင်ချေရှိပါတယ်။
ကျုံပျော် – ဒီကနေ့ရာသီဥတုသာယာနိုင်ပါတယ်။ ကျန်နေ့များမှာတော့ မိုးအသင့်အတင့်မှ မိုးများနိုင် ပါတယ်။ မိုးရွာတဲ့ရက်တွေမှာ မိုးရေချိန် ၁ လက်မနီးပါးထိ ရွာသွန်းနိုင်ချေရှိပါတယ်။
ဟိုင်းကြီးကျွန်း – ဒီရက်သတ္တပတ်လုံးမှာတော့ မိုးများနိုင်ပါတယ်။ ဒီကနေ့နဲ့ အောက်တိုဘာ ၁ ရက်နေ့မှာ မိုးတိမ်တောင်တွေဖြစ်ပေါ်ပြီး မိုးကြီးနိုင်ပါတယ်။ မိုးတိမ်တောင်တွေ ဖြစ်ပေါ်တဲ့နေ့တွေမှာ လေပြင်းတိုက်ခတ်မှုတွေနဲ့ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်းတွေ ဖြစ်ပေါ်နိုင်ပါတယ်။ နေ့ရော ညပါရွာသွန်းနိုင်တာကြောင့် ရုတ်တရက် ရေကြီးခြင်းမျိုးကို သတိထားစောင့်ကြည့်သင့်ပါတယ်။ ကျန်နေ့များမှာတော့ မိုးအနည်းငယ်ကနေ အသင့်အတင့်ရွာသွန်းနိုင်ပါတယ်။
လပွတ္တာ – ဒီရက်သတ္တပတ်လုံးမှာတော့ မိုးများနိုင်ပါတယ်။ အောက်တိုဘာ ၁ ရက်နေ့မှာ မိုးတိမ် တောင်တွေဖြစ်ပေါ်ပြီး မိုးကြီးနိုင်ပါတယ်။ မိုးတိမ်တောင်တွေ ဖြစ်ပေါ်တဲ့နေ့တွေမှာ လေပြင်းတိုက်ခတ်မှုတွေနဲ့ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်းတွေ ဖြစ်ပေါ်နိုင်ပါတယ်။နေ့ရော ညပါရွာသွန်းနိုင် တာကြောင့် ရုတ်တရက် ရေကြီးခြင်းမျိုးကို သတိ ထားစောင့်ကြည့်သင့်ပါတယ်။ ကျန်နေ့များမှာတော့ မိုးအနည်းငယ်ကနေ အသင့်အတင့်ရွာသွန်းနိုင်ပါတယ်။
မြောင်းမြ – ဒီရက်သတ္တပတ်လုံးမှာတော့ မိုးအနည်း ငယ်ကနေ မိုးများနိုင်ပါတယ်။ အောက်တိုဘာ ၂ ရက်နေ့မှာတော့ မိုးရေချိန် ၁ လက်မနဲ့အထက် ရွာသွန်းနိုင်ချေရှိပါတယ်။
ဓနုဖြူ-အခုနှစ်ရက်လောက်ရာသီဥတုသာယာနိုင်ပါတယ်။ ကျန်နေ့များမှာတော့ မိုးအသင့်အတင့်မှ မိုးများနိုင်ပါတယ်။
ကျုံတနီး – အခုနှစ်ရက်လောက်ရာသီဥတုသာယာနိုင်ပါတယ်။ ကျန်နေ့များမှာတော့ မိုးအသင့်အတင့် မှ မိုးများနိုင်ပါတယ်။
ရေကြည် – အောက်တိုဘာ ၂ ရက်နေ့မှာ မိုးရေချိန် ၁ လက်မနဲ့အထက်ရွာသွန်းနိုင်သလို ကျန်နေ့တွေမှာတော့ မိုးအသင့်အတင့်မှ မိုးများနိုင်ပါတယ်။
အသုတ် – အောက်တိုဘာ ၂ ရက်နေ့မှာ မိုးရေချိန် ၁ လက်မနဲ့အထက်ရွာသွန်းနိုင်သလို ကျန်နေ့တွေမှာတော့ မိုးအသင့်အတင့်မှ မိုးများနိုင်ပါတယ်။
ကျုံမငေး – ဒီရက်သတ္တပတ်လုံးမှာတော့ မိုးအနည်း ငယ်ကနေ မိုးများနိုင်ပါတယ်။
ကျောင်းကုန်း – အောက်တိုဘာ ၁ ရက်နေ့မှာ မိုးရေ ချိန် ၁ လက်မနဲ့ အထက်ရွာသွန်းနိုင်သလို ကျန်နေ့တွေမှာတော့ မိုးအသင့်အတင့်မှ မိုးများနိုင်ပါတယ်။
ဇလွန် – ဒီရက်သတ္တပတ်လုံးမှာတော့ မိုးအနည်း ငယ်ကနေ မိုးများနိုင်ပါတယ်။ ညဘက်တွေမှာတော့ ရာသီဥတုသာယာနိုင်ပါတယ်။
ပန်းတနော် – အောက်တိုဘာ ၂ ရက်နေ့မှာ မိုးရေချိန် ၁ လက်မနဲ့အထက်ရွာသွန်းနိုင်သလို ကျန်နေ့တွေမှာတော့ မိုးအသင့်အတင့်မှ မိုးများနိုင်ပါတယ်။
အိမ်မဲ – လတ်တလောရာသီဥတုသာယာနိုင်ပါတယ် ။ အောက်တိုဘာ ၂ ရက်နေ့မှာ မိုးရေချိန် ၁ လက်မနဲ့အထက်ရွာသွန်းနိုင်သလို ကျန်နေ့တွေမှာတော့ မိုးအသင့်အတင့်မှ မိုးများနိုင်ပါတယ်။
ငသိုင်းချောင်း-အခုရက်ပိုင်းရာသီဥတုသာယာနိုင် ပါတယ်။ အောက်တိုဘာ ၂ ရက်နေ့မှာ မိုးရေချိန် ၁ လက်မနဲ့ အထက်ရွာသွန်းနိုင်သလို ကျန်နေ့တွေမှာတော့ မိုးအသင့်အတင့်မှ မိုးများနိုင်ပါတယ်။
လေးမျက်နှာ -လတ်တလောရာသီဥတုသာယာနိုင် ပါတယ်။ အောက်တိုဘာ ၁ ရက်နေ့မှာ မိုးရေချိန် ၁ လက်မနဲ့အထက်ရွာသွန်းနိုင်သလို ကျန်နေ့တွေမှာတော့ မိုးအသင့်အတင့်မှ မိုးများနိုင်ပါတယ်။
ဆားမလောက်-အခုနှစ်ရက်အတွင်းရာသီဥတုသာယာနိုင်ပါတယ်။ ကျန်နေ့တွေမှာတော့ မိုးအသင့် အတင့်မှ မိုးများနိုင်ပါတယ်။
ပြင်စလူ – ဒီရက်သတ္တပတ်လုံး မိုးကြီးနိုင်ပါတယ်။ မိုးတိမ်တောင်ကြီးတွေဖြစ်ပေါ်နေပြီး လေပြင်းတိုက်ခတ်မှုတွေ၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်းတွေ ဖြစ်ပေါ်နိုင်ပါတယ်။ နေ့ရောညပါ မိုးရေချိန် ၁ လက်မနဲ့အထက် ဆက်တိုက်ရွာနိုင်ချေ ရှိတာကြောင့် ရုတ်တရက်ရေကြီးရေလျှံခြင်းတွေကို ဂရုစိုက်ဖို့လိုပါတယ်။
ချောင်းသာ -အောက်တိုဘာ ၁ ရက်နေ့မှာတော့ မိုးတိမ်တောင်ကြီးတွေဖြစ်ပေါ်နိုင်ပြိး မိုးရေချိန် ၁ လက်မနဲ့အထက်ရွာသွန်းနိုင်ပါတယ်။ ကျန်နေ့တွေမှာတော့ မိုးအသင့်အတင့်မှ မိုးများနိုင်ပါတယ်။
ငွေဆောင် -အောက်တိုဘာ ၁ ရက်နေ့မှာတော့ မိုးတိမ်တောင်ကြီးတွေဖြစ်ပေါ်နိုင်ပြိး မိုးရေချိန် ၁ လက်မနဲ့အထက်ရွာသွန်းနိုင်ပါတယ်။ ကျန်နေ့တွေမှာတော့ မိုးအသင့်အတင့်မှ မိုးများနိုင်ပါတယ်။
ငရုတ်ကောင်း -အောက်တိုဘာ ၁ ရက်နေ့မှာတော့ မိုးတိမ်တောင်ကြီးတွေဖြစ်ပေါ်နိုင်ပြိး မိုးရေချိန် ၁ လက်မနဲ့အထက်ရွာသွန်းနိုင်ပါတယ်။ ကျန်နေ့တွေမှာတော့ မိုးအသင့်အတင့်မှ မိုးများနိုင်ပါတယ်။
သာပေါင်း – အခုနှစ်ရက်အတွင်းရာသီဥတုသာယာနိုင်ပါတယ်။ ကျန်နေ့တွေမှာတော့ မိုးအနည်းငယ်ကနေ မိုးများနိုင်ပါတယ်။ ညဘက်တွေမှာတော့ ရာသီဥတုသာယာနိုင်ပါတယ်။
ဒေါ်ငြိမ်းရွာ – စက်တင်ဘာ ၃၀ ရက်မှာတော့ မိုးတိမ်တောင်တွေဖြစ်ပေါ်နိုင်ပြီး မိုးသည်းထန်နိုင်ပါတယ်။ စက်တင်ဘာ ၃၀ ကနေ အောက်တိုဘာ ၂ ရက်နေ့ထိ မိုးရေချိန် ၁ လက်မနဲ့အထက် ရွာသွန်းနိုင်ချေရှိပြီး နေ့ရောညပါ ရွာသွန်းနိုင်ပါတယ်။ ကျန်နေ့တွေမှာတော့ မိုးအသင့်အတင့်မှ မိုးများနိုင်ပါတယ်။
ငပုတော – ဒီရက်သတ္တပတ်လုံးမှာတော့ မိုးအနည်း ငယ်ကနေ မိုးများနိုင်ပါတယ်။ အောက်တိုဘာ ၁ ရက်နေ့မှာတော့ မိုးရေချိန် ၁ လက်မနဲ့အထက်ရွာသွန်းနိုင်ပါတယ်။
မယ်ဂျာရွာ – ဒီရက်သတ္တပတ်လုံးမှာတော့ မိုးအနည်း ငယ်ကနေ မိုးများနိုင်ပါတယ်။
ထူးကြီး – အောက်တိုဘာ ၂ ရက်နေ့မှာ မိုးရေချိန် ၁ လက်မနဲ့အထက်ရွာသွန်းနိုင်သလို ကျန်နေ့တွေမှာ
တော့ မိုးအသင့်အတင့်မှ မိုးများနိုင်ပါတယ်။