အုပ်ချုပ်ရေးမှူးတွေနဲ့ပေါင်းပြီး ရွေး/ကော်ကလိုလို ဘာလိုလိုနဲ့ တအိမ်ကို တယောက်လာဖို့တွေပြောတယ်။ ပြီးကျတော့ သူတို့ကို(ကြံ့ခိုင်ရေးပါတီ)မဲထည့်ပါပေါ့။ သူတို့အစိုးရဖွဲ့နိုင်မှ ပြည်သူတွေက ခေါင်းပြားပြား အိပ်ရမယ်ပေါ့အဲ့လိုတွေပြောတယ်။ ဘယ်သူပြိုင်မှာလဲမေးတော့ ပြောလို့မရသေးဘူးတဲ့”
၂၇၊ စက်တင်ဘာလ။
ဒီဇင်ဘာလအတွင်းမှာ ကျင်းပမယ်လို့ စစ်ကော်မ
ရှင်က ပြောထားတဲ့ ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲကော်မရှင်က သူတို့ပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးလမ်းညွှန် ချက်တွေ မထုတ်ပြန်ရသေးပေမယ့် ကြံ့ခိုင်ရေး ပါတီကတော့ ဧရာဝတီတိုင်းအတွင်းမှာ မဲဆွယ်စည်းရုံးမှုတွေ ပေါ်ပေါ်တင်တင် ပြုလုပ်နေပြီဖြစ်ပါတယ်။
“ ကျွန်မတို့ကို မဲလာထည့်ပါပေါ့။ လူစုပြီးပြောတာပေါ့ အုပ်ကြီးအိမ်မှာပြောတာ။ အုပ်ကြီးကလည်း ရွေးကောက်ပွဲဆိုတာ ဒီမိုကရေစီရဲ့ အနှစ်သာရဆိုပြီးပြောနေလို့ ကျွန်မတို့မယ် ရယ်စရာတခုတိုးလာသေးတယ် ” လို့ ကျုံပျော်မြို့နယ်မှာနေထိုင်တဲ့ ဒေသခံတဦးက ဆိုပါတယ်။
အခုလို ကြံ့ခိုင်ရေးပါတီအနေနဲ့ လာရောက်မဲဆွယ် စည်းရုံးခဲ့တဲ့ ကျုံပျော်မြို့နယ်အတွင်း ကျေးရွာနာမည်ကို သတင်းရင်းမြစ်ရဲ့ တောင်းဆိုမှုကြောင့် DNA အနေနဲ့ ချန်လှပ်ထားခဲ့တာ ဖြစ်ပါတယ်။
ကြံ့ခိုင်ရေး ပါတီအနေနဲ့ အခုလိုမျိုး ရပ်ကျေးအုပ် ချုပ်ရေးပိုင်းကို အသုံးပြုပြီး ကျေးရွာတွေကို စည်း ရုံးရေးဆင်း၊ဟောပြောမှုတွေ လုပ်နေတာ ၂၀၂၄ ခုနှစ် နှစ်ဝက်ခန့် ကတည်းက စတင်ခဲ့လာခဲ့တာ ဧရာဝတီတိုင်း အတွင်းက နိုင်ငံရေး တက်ကြွလှုပ် ရှားသူတဦးက DNA ကိုပြောပါတယ်။
စစ်ကော်မရှင်က ရွေးကောက်ပွဲကျင်းပမယ်လို့ ကြေညာပြီးတဲ့နောက်မှာတော့ ဒီလှုပ်ရှားမှုတွေကို ပါဝင်ရာမှာ ပါတီဝတ်စုံတွေ၊ ရင်ထိုးတွေ စသဖြင့် ပါတီဝင်မှန်းသိသာစေတဲ့ ပုံစံမျိုးစုံနဲ့ ပါဝင်လာခဲ့ကြတာဖြစ်ပါတယ်။
“ရွေးကောက်ပွဲ ဥပဒေကျော်လွန် လုပ်ဆောင်မူတွေရှိရင် ဒါဟာ တရားမမျှတတဲ့ ရွေးကောက်ပွဲပါပဲ” လို့ သူက မှတ်ချက်ပေးပါတယ်။ရွေးကောက်ပွဲက တရားမျှတမှု မရှိဘူးဆိုရင် ရွေးကောက်ပွဲအလွန် နိုင်ငံရေးက ဒီထက်ပို ရှုပ်ထွေးသွားနိုင်တယ်လို့ သူက ပြောပါတယ်။
စစ်တပ်ရဲ့ ကျောထောက်နောက်ခံ ပြုထားပြီး လာမယ့်ရွေးကောက်ပွဲမှာလည်း စစ်တပ်က အရာရှိအများအပြား စစ်ယူနီဖေါင်းချွတ်ပြီး၊ ရွေးကောက် ပွဲဝင်ပြိုင်ဖို့ စာရင်းပေးထားပြီ ဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီအနေနဲ့ နိုင်ငံရေး အသာစီးရယူပြီး ကြိုတင်မဲဆွယ် စည်းရုံးမှုတွေကို ပုသိမ်၊ ကျုံပျော်၊ ဟင်္သာတနဲ့ မြောင်းမြမြို့တွေမှာလည်း ရှိနေတယ်လို့ DNA ရဲ့ ဒေသတွင်း သတင်းရင်းမြစ်တွေက အတည်ပြုပေးပါတယ်။
“အရင်ကတည်းက ဟိုဟာလုပ်ဒီဟာလုပ်တွေ လုပ် တယ်။ အခုကကျ အုပ်ချုပ်ရေးမှူးတွေနဲ့ပေါင်းပြီး ရွေး/ကော်ကလိုလို ဘာလိုလိုနဲ့တအိမ်ကိုတယောက် လာဖို့တွေပြောတယ်။ ပြီးကျတော့ သူတို့ကို
(ကြံ့ခိုင်ရေးပါတီ)မဲထည့်ပါပေါ့။ သူတို့အစိုးရဖွဲ့နိုင်မှ ပြည်သူတွေက ခေါင်းပြားပြားအိပ်ရမယ်ပေါ့ အဲ့လိုတွေပြောတယ်။ ဘယ်သူပြိုင်မှာလဲမေးတော့ ပြောလို့မရသေးဘူးတဲ့ ”လို့ ပုသိမ်မြို့ပေါ်မှာနေထိုင် သူတဦးက ဆိုပါတယ်။
မြောင်းမြမြို့နယ်ထဲက တချို့သောဒေသတွေမှာဆိုရင် ရွေးကောက်ပွဲကော်မရှင်က ပြုလုပ်တဲ့ အီလက် ထရောနစ်မဲပေးစက် အသုံးပြုနည်း သရုပ်ပြပွဲတွေမှာ ပါတီဝတ်စုံတွေနဲ့ သူတို့ကိုမဲပေးဖို့ ပြောဆိုတာမျိုးတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဧရာဝတီတိုင်းအတွင်းမှာ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ အခုလို အုပ်ချုပ်ရေးပိုင်းကို အသုံးချပြီး ကြိုတင်မဲဆွယ် စည်းရုံးခွင့် ရနေပေမယ့် ဒီအခွင့်အရေးကို တခြားပြိုင်ဘက် နိုင်ငံရေးပါတီတွေအတွက် ကန့်သတ်ခံနေရတာ ရှိတယ်လို့ ဧရာဝတီတိုင်းအတွင်းက ပြည်သူ့ပါတီဝင်တဦးက DNA ကိုပြောပါတယ်။
“ကျောင်းတကျောင်းကို ပါတီနာမည်နဲ့ အဟာရကျွေးမယ်ဆိုတာ လက်မခံဘူး”လို့ သူက ပြောပါတယ်။
ကြံ့ခိုင်ရေးပါတီကအခုလိုကျေးရွာတွေမှာ ရပ်ကျေး အုပ်ချုပ်ရေးတွေ အသုံးချပြီး စည်းရုံးရေးတွေ လုပ်နေတာကိုလည်း သတင်းတွေ ကြားနေရပေမယ့် သူတို့မှာ သက်သေအထောက်အထား ရမထားဘူးလို့လည်း သူက ဖြည့်ဆွက်ပြောပါတယ်။
စစ်ကော်မရှင်ဟာ လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ရွေးကောက်ပွဲအပိုင်း (၁) ကို ကျင်းပမယ်လို့ ကြေညာထားပြီး ဧရာဝတီတိုင်းကကျုံပျော်၊ ပုသိမ်၊ မအူပင်၊ မြောင်းမြ၊ ကြံခင်း၊ မြန်အောင်၊ လပွတ္တာ၊ ဟင်္သာတ မြို့နယ်တွေ ပါဝင်မယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် မဲဆွယ်စည်းရုံးရေးနဲ့ ပတ်သက် တဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ခွင့်ပြုချက်တွေကိုတော့ မထုတ်ပြန်ထားသေးပါဘူး။