“TikTok မှာ အသက် ၁၃နှစ်အောက် သုံးစွဲသူတွေ အကောင့်ဖွင့်ခွင့် ပိတ်ပင်ထားတယ်လို့ ဖော်ပြထားပေမယ့် လက်တွေ့မှာတော့ ဒီအတိုင်းပဲ။ ဒီလိုပြဿနာတွေကို သေချာမကိုင်တွယ်တဲ့ TikTok ရဲ့ သဘောထားကို စိတ်ကျေနပ်မှု မရှိဘူး” လို့ မလေးရှားရဲဌာနချုပ်မှာ TikTok တာဝန်ရှိသူတွေနဲ့ ဆွေးနွေးအပြီး ဝန်ကြီးက မှတ်ချက်ပြုပါတယ်။
၅ ၊ စက်တင်ဘာလ
အွန်လိုင်းကနေ တဆင့် ခြိမ်းခြောက်အနိုင်ကျင့်မှုတွေကို ဟန့်တားဖို့နဲ့ TikTok မှာ သုံးစွဲသူတွေအတွက် အသက်အရွယ် ကန့်သတ်မှုတွေ ပြုလုပ်ဖို့ မလေးရှားအစိုးရက စက်တင်ဘာလ ၄ရက်နေ့မှာ သတိပေးလိုက်ပါတယ်။
TikTok နဲ့ Facebook တို့လို့ လူမှုပလက်ဖောင်းတွေပေါ်မှာ deepfake နည်းပညာသုံးပြီး လိမ်လည်မှုတွေနဲ့ အွန်လိုင်းပေါ်ကနေတဆင့် ခြိမ်းခြောက်မှုတွေ ပိုများလာနေတယ်လို့ မလေးရှားဆက်သွယ်ရေးဝန်ကြီး ဖာဟ်မီ ဖာဒ်ဇီက ပြောပါတယ်။
“TikTok မှာ အသက် ၁၃နှစ်အောက် သုံးစွဲသူတွေ အကောင့်ဖွင့်ခွင့် ပိတ်ပင်ထားတယ်လို့ ဖော်ပြထားပေမယ့် လက်တွေ့မှာတော့ ဒီအတိုင်းပဲ။ ဒီလိုပြဿနာတွေကို သေချာမကိုင်တွယ်တဲ့ TikTok ရဲ့ သဘောထားကို စိတ်ကျေနပ်မှု မရှိဘူး” လို့ မလေးရှားရဲဌာနချုပ်မှာ TikTok တာဝန်ရှိသူတွေနဲ့ ဆွေးနွေးအပြီး ဝန်ကြီးက မှတ်ချက်ပြုပါတယ်။
တရုတ်အခြေစိုက် ByteDance ကုမ္ပဏီက ပိုင်ဆိုင်တဲ့ TikTok ကတော့ အဲဒီကိစ္စနဲ့ ပတ်သတ်လို့ ချက်ချင်းမှတ်ချက်ပြုတာ မရှိသေးပါဘူး။
မလေးရှားနိုင်ငံမှာ အထူးသဖြင့် အရွယ်မရောက်သေးဘူးအတွက် အွန်လိုင်းဆိုင်ရာ ဘေးကင်းလုံခြုံရေးကို မြှင့်တင်ဖို့ လာမယ့် အောက်တိုဘာလမှာ ဥပဒေသစ်တွေကို မိတ်ဆက်သွားမယ်လို့ သိရပါတယ်။
အဆိုပါ အွန်လိုင်းလုံခြုံရေးအက်ဥပဒေဟာ လူမှုမီဒီယာပလက်ဖောင်းတွေကို အဓိက ပစ်မှတ်ထားမှာဖြစ်ပြီး အွန်လိုင်းကနေ ခြိမ်းခြောက်မှု ၊ deepfake နည်းပညာသုံးပြီး နိုင်ငံသားတွေကို လိမ်လည်မှု အပါအဝင် အန္တရာယ်ရှိတဲ့ အကြောင်းအရာတွေကို ကန့်သတ်ပေးရေးအတွက် ဖြစ်တယ်လို့ ဆက်သွယ်ရေးဝန်ကြီးက ပြောပါတယ်။
မလေးရှားမှာ TikTok ကို ကန့်သတ်သွားမှာတော့ မဟုတ်ဘူး ဒါပေမယ့် ကုမ္ပဏီအနေနဲ့ အစိုးရရဲ့ ဥပဒေတွေကို လိုက်နာရမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။
မလေးရှားဟာ အွန်လိုင်းပေါ်က အနိုင်ကျင့်မှုဆိုင်ရာ ကမ္ဘာ့စာရင်းမှာ ပဥ္စမမြောက်အများဆုံးဖြစ်ပြီး အာရှမှာ ဒုတိယအများဆုံးဖြစ်တယ်လို့ မကြာသေးခင်က ထုတ်ပြန်တဲ့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF ရဲ့ စာရင်းအရ သိရပါတယ်။
Ref – AFP