လမ်းဘေးရေမြောင်းအတွင်း ကားထိုးကျလို့ ဇနီးမောင်နှံနှစ်ဦး ရေမွန်းသေဆုံး

“ ကျွန်တော်တို့ဖြစ်စဉ်ကိုတော့သေချာမသိဘူး။အစကတော့ကားရှောင်ရင်းနဲ့ အရှိန်လွန်ကျတယ်ထင်တာ။ ဆယ်ကြပြုကြတော့ဆုံးသွားပြီ။ကားရှောင်ရင်းကျတာဆိုရင်တော့တဖက်ကားကလူစိတ် မရှိတာပဲဒီတိုင်းထားသွားတာ ကယ်ရင်အသက်ရှင်နိုင်တယ်။ဒါမှမဟုတ် တခြားအကြောင်းလားပေါ့။သေချာတာတော့ ရေမွန်းပြီးဆုံးတာကျပြီးမိနစ်ပိုင်းအတွင်း ဆယ်နိုင်ရင်ရှင်တယ်” လို့ အဆိုပါ လိုက်လံကူညီနေသူက ရှင်းပြပါတယ်။

၁၈၊ဇွန်လ။

ပုသိမ် – မြောင်းမြ ကားလမ်းမှာ ဟိုင်းလတ်(Hilux-Vigo)ကားတစီး လမ်းဘေးမြောင်းထဲထိုးကျကာ ကားပေါ်ပါ ဇနီးမောင်နှံနှစ်ဦးစလုံး သေဆုံးခဲ့ပြီး ကား လမ်းဘေးမြောင်းထဲ ထိုးကျရတယ်ဆိုတဲ့ အကြောင်းအရင်းကိုတော့ မသိရသေးဘူးလို့ ဖြစ် စဉ်ကို လိုက်လံကူညီနေသူ တဦးက DNA ကိုပြောပါတယ်။

မနေ့က ဇွန် ၁၆ ရက်နေ့ ညနေပိုင်းက ပုသိမ်ဘက်ကိုဦးတည်သွားနေတယ်လို့ ယူဆရတဲ့ဒီဟိုင်းလတ် ကားဟာ ဧရာဝတီတိုင်း၊ကန်ကြီးထောင့်မြို့နယ်၊ အနောက်စုကျေးရွာအနီးမှာ လမ်းဘေးမြောင်းထဲထိုးကျနေတာကြောင့် ဒေသခံလူမှုကူညီရေးအဖွဲ့တွေက ဆယ်ယူခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့ဖြစ်စဉ်ကိုတော့ သေချာမသိဘူး။အစကတော့ကားရှောင်ရင်းနဲ့အရှိန်လွန်ကျတယ်ထင်တာ။ ဆယ်ကြပြုကြတော့ဆုံးသွားပြီ။ ကားရှောင်ရင်းကျတာဆိုရင်တော့ တဖက်ကားကလူစိတ်မရှိတာပဲ ဒီတိုင်းထားသွားတာကယ်ရင်အသက်
ရှင်နိုင်တယ်။ဒါမှမဟုတ်တခြားအကြောင်းလားပေါ့။သေချာတာတော့ရေမွန်းပြီးဆုံးတာ ကျပြီးမိနစ်ပိုင်းအတွင်းဆယ်နိုင်ရင် ရှင်တယ်” လို့အဆိုပါ လိုက်လံကူညီနေသူက ရှင်းပြပါတယ်။

သေဆုံးသူဇနီးမောင်နှံဟာ ကျိုက်လတ်မြို့မှာနေထိုင်ကြပြီး မြောင်းမြမြို့က CPP ဓာတ်မြေဩ ဇာကုမ္ပဏီက ဝန်ထမ်းတွေဖြစ်ကာမြောင်းထဲထိုးကျပြီးနောက် ရေမွန်းမှုကြောင့် ကွယ်လွန်ခဲ့ရတာ ဖြစ် တယ်လို့လည်းသိရပါတယ်။

#ဧရာဝတီတိုင်းဒေသကြီး #ပုသိမ် #မြောင်းမြ #လမ်းဘေးရေမြောင်း #ကားထိုးကျ #ဇနီးမောင်နှံ #သေဆုံး

Delta News Agency Telegram – https://shorturl.at/lxKMR
Delta News Agency YouTube – https://shorturl.at/ahBL2
Delta News Agency Website – https://shorturl.at/ozAIM
Delta News Agency Podcast – https://shorturl.at/epwzH