ဇန်နဝါရီ၊ ၁၀
ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်၊ ငါးပြေမရိုးရွာမှာ စစ်ကောင်စီတပ်က ရဟတ်ယာဥ်ကွင်း ဆောက်ဖို့ဆိုကာ အနီးအနားက နေအိမ်တွေ၊ ယာခင်းတွေကို ဖယ်ခိုင်းလို့ ရွာခံတွေအနေနဲ့ ဖယ်ပေးလိုက်ရတယ်လို့ ဒေသခံတွေ ဆီကနေ သိရပါတယ်။
“ပြောင်းရတယ်၊ အထက်ကပြောင်းခိုင်းလို့ ရွှေ့ရတာ” လို့ ကျုံပျော်မြို့ခံတဦးက ပြောပါတယ်။
ကျုံပျော်မြို့ပေါ် အခြေစိုက် စစ်ကောင်စီခြေလျင်တပ်ရင်း(ခလရ) ၃၆ နဲ့ ဒါးကချောင်းသာခြားတဲ့ ငါးပြေမ ရိုးရွာထဲကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၄ ရက်နေ့မှာ ဖောကားသုံးစီးနဲ့ ရောက်လာခဲ့ပြီး ရဟတ်ယာဥ်ကွင်း ဆောက်လုပ်မယ့် မြေနေရာကို သတ်မှတ်ခဲ့တာပါ။
အဲဒီနောက်မှာတော့ အနီးအနား နေထိုင်သူတွေကို ဇန်နဝါရီ ၉ ရက်နေ့ နောက်ဆုံးထားပြီး ဖယ်ပေးရမယ်လို့ ဖိအားပေးပြောဆိုခဲ့တယ်လို့ သိရပါတယ်။
“အိမ်ခြေတော့ အများကြီး မရှိဘူးလို့ သိရတယ်၊စိုက်ခင်းတွေပဲ(ပီလောပီနံခင်း) အများဆုံးပါတယ်” လို့ ကျုံ ပျော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။
စစ်ကောင်စီတပ်က ရဟတ်ယာဥ်ကွင်းဆောက်ဖို့အတွက်ဆိုကာ သတ်မှတ်ထားတဲ့ အကျယ်အဝန်းကတော့ မြေဧက ကိုးဧက ရှိတယ်လို့လည်း သူက ပြောပါတယ်။
စစ်ကောင်စီတပ်က ဖိအားပေးလို့ ဖယ်ပေးလိုက်ရတဲ့ အိမ်ခြေ ဆယ်ချီရှိနိုင်ပေမယ့် အရေအတွက်အတိအကျကို တော့ DNA အနေနဲ့ အသေးစိတ်မသိရသေးပါဘူး။
ရခိုင်ပြည်နယ်ထဲက ဂွမြို့ကို အာရက္ခတပ်တော်(AA)က အလုံးစုံ သိမ်းပိုက်ပြီး ဂွ-ငါးသိုင်းချောင်း လမ်းပေါ်အထိ AA ပူးပေါင်းတပ်တွေရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရှိလာပြီးနောက် စစ်ကောင်စီတပ်က ဧရာဝတီတိုင်းထဲက မြို့နယ် တွေမှာ စစ်ရေးပြင်ဆင်မှုတွေတိုးမြှင့်နေသလို လေယာဉ်ကွင်းနေရာဟောင်းတွေကိုပါပြင်ဆင်နေတယ်လို့ သိရပါ တယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ ရခိုင်-ဧရာဝတီအစပ် ဂွ-ငါးသိုင်းချောင်းလမ်းပေါ်က စစ်ကောင်စီတပ်ရဲ့ ဗောဓိ စစ်ဆေးရေးဂိတ်ကို AA ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ထားပြီး အဲ့ဒီအနီးတဝိုက် စစ်ရေးတင်းမာ နေဆဲဖြစ်ပါတယ်။
ကျုံပျော်မြို့ဟာ အဲဒီ ဗောဓိစစ်ဆေးရေးဂိတ်နဲ့ မိုင်လေးဆယ်လောက်သာဝေးပြီး ကြားထဲမှာရှိတဲ့ ငါးသိုင်း ချောင်း၊ ရေကြည်မြို့တွေမှာလည်း စစ်ကောင်စီတပ်က လုံခြုံရေးတင်းကြပ်တာတွေ လုပ်နေတယ်လို့ သိရပါ တယ်။
အလားတူပဲ ရခိုင်-ဧရာဝတီအစပ်မှာရှိတဲ့ ပုသိမ်မြို့နယ်ထဲက မကျီးဇင်ကျေးရွာအုပ်စုဘက်မှာလည်း စစ်ကောင် စီတပ်နဲ့ AA ပူးပေါင်းတပ်တွေအကြား အခုရက်ပိုင်းအတွင်း နှစ်ဖက်စစ်ရေးတင်းမာနေလို့ ဒေသခံတွေ ကြိုတင်တိမ်းရှောင်နေကြပါတယ်။