ဖေဖော်ဝါရီ၊ ၁၂
စစ်ကိုင်းတိုင်း မုံရွာမြို့အဝင်အနီးမှာရှိတဲ့ စစ်ကောင်စီဂိတ်က ဒီကနေ့ နေ့လယ်ပိုင်းမှာ တိုက်ပွဲမရှိဘဲ လက်နက်ကြီး နှစ်လုံးပစ်ခတ်ခဲ့တာကြောင့် လက်ဖက်ရည်ဆိုင်ထိုင်နေသူလေးဦးသေဆုံးသွားတယ်လို့သိရပါတယ်။
မုံရွာ-အမြင့်လမ်းပေါ်မှာရှိတဲ့ ညောင်ပင်သာစစ်တပ်ဂိတ်က အဲ့ဒီဂိတ်ရဲ့တောင်ဘက်ကို (၈၁)မမလက်နက်ကြီး နှစ် လုံးပစ်ခတ်ရာမှာ အဲ့ဒီလမ်းမဘေးက လက်ဖက်ရည်ဆိုင်ပေါ်ကိုတလုံးကျရောက်ပေါက်ကွဲတာကြောင့် ဆိုင်ထဲမှာ ရှိနေသူဆယ်ဦးထိခိုက်ခဲ့တာလို့ မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးကဖော်ပြထားပါတယ်။
လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲချိန် လက်ဖက်ရည်ဆိုင်ထဲမှာ ရှိနေသူတွေထဲက သုံးဦးနေရာမှာပဲ သေ ဆုံးခဲ့ကာ တဦးကတော့ နီးစပ်ရာ ဆေးခန်းကိုပို့ဆောင်ကုသဖို့ကြိုးစားရင်းသေဆုံးခဲ့တာလို့ သိရပါတယ်။
မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ သတင်းမှန်ပြန်ကြားရေးရေးစာမျက်နှာကလည်း အဲ့ဒီဖြစ်စဉ်ကို အ တည်ပြုဖော်ပြထားပြီး ထနောင်းတော(တောင်)ကျေးရွာမှာရှိတဲ့ လက်ဖက်ရည်ဆိုင်ထဲ လက်နက်ကြီးကျခဲ့ တာလို့ ဖော်ပြထားပါတယ်။
လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးသူတွေအပြင် ကျန်တဲ့ဒဏ်ရာရသူတွေထဲမှာလည်း ဒဏ်ရာ ပြင်းထန်သူတွေရှိပေမယ့် အသက်အန္တရာယ်မစိုးရိမ်ရဘူးလို့ မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးကအသိ ပေးထားပါတယ်။
စစ်ကောင်စီဂိတ်ကပစ်ခတ်လိုက်တဲ့ နောက်ထပ်လက်နက်ကြီးတလုံးကတော့ တောဘက်ကိုကျရောက်ပေါက်ကွဲ တာကြောင့် လူနဲ့အဆောက်အအုံထိခိုက်မှုမရှိဘူးလို့ ဆိုပါတယ်။
photo မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေး