နိုဝင်ဘာ၊ ၁၁
ကရင်နီ(ကယား)ပြည်နယ်ရဲ့ မြို့တော် လွိုင် ကော် မြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကရင်နီပူး ပေါင်းတပ်တွေက ဒီကနေ့မနက် အစောပိုင်းမှာ ဝင် ရောက်တိုက်ခိုက်လို့ အခု နေ့လယ်ပိုင်းအထိ နှစ် ဖက်တိုက်ပွဲဖြစ်ပွားနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
“မြို့အစွန်က စစ်ကောင်စီရဲ့ဂိတ်တွေ၊ စစ်စခန်း တွေကို ဝင်ပစ်နေတာလို့ကြားတယ် ” လို့ လွိုင် ကော်မြို့ခံတဦးက DNA ကို ပြောပါတယ်။
လွိုင်ကယ်မြို့လယ်နဲ့ အနီးတဝိုက်နေရာတွေဖြစ်တဲ့ထေးငှားလျား၊ နာနတ်တော၊ ချိကယ် စတဲ့ ရပ် ကွက်တွေဘက်မှာ ပစ်ခတ်မှုတွေ ဖြစ်နေတာလို့ ဆိုပါတယ်။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ စစ်ရေးအ ခြေအနေ တွေကြောင့် လွိုင်ကော်ကနေ မိုးဗြဲ၊ ဒီးမော့ဆို၊ ဆီ ဆိုင်မြို့တွေနဲ့ ဆက်သွယ်ထားတဲ့ ကားလမ်းမကြီး ကို ယာယီအသုံးမပြုဖို့ ဒီကနေ့ မနက်ပိုင်းမှာ ထုတ် ပြန်သတိပေးထားပါတယ်။
“လောလောဆယ်အထိ အဲဘက် တိုက်ပွဲဖြစ် နေတုန်းပဲ၊ အဲတိုက်ပွဲတွေကြောင့်ပဲ ဒီလမ်းတွေကို မသွားလာကြဖို့ပါ” လို့ KNDF ဗဟို သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူတဦးကပြောပါတယ်။
တိုက်ပွဲအခြေအနေ အသေးစိတ်ကိုတော့ တိုက်ပွဲပြီး ဆုံးချိန်မှသာ အသေးစိတ်ထုတ်ပြန် အသိပေးမယ် လို့လည်း သူက ပြောပါတယ်။
“ဖြစ်နေတဲ့ဘက်မှာတော့ မြို့ခံတွေ ထိခိုက်တာရှိ တယ်ကြားတယ်၊ လောလောဆယ် ဝင်မရ သေး တော့ လူနာဘယ်နှယောက်၊ ဘယ်နားထိတယ် ဘာ ညာတော့ မသိရသေးဘူး” လို့လည်း နောက်ထပ် လွိုင်ကော်မြို့ခံတဦးက DNA ကို ပြောပါတယ်။
လက်ရှိမှာတော့ တိုက်ပွဲဖြစ်ပွားရာ လွိုင်ကော် ဘက်ကို စစ်ကောင်စီတပ်ရဲ့ လေယာဥ်ပျံသန်း မှုတွေရှိနေတယ်လို့ဆိုပေမယ့် လေကြောင်း တိုက်ခိုက်မှုအခြေအနေကိုတော့ အသေးစိတ်မ သိရသေးပါဘူး။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်ကလည်း ကရင်နီပြည်နယ်၊ မယ့်စဲမြို့နယ်၊ ပန်တိန်းကျေးရွာက စစ်ကောင်စီတပ် ကင်းစခန်းနေရာနှစ်ခုကို KNDF အပါအဝင် ပူး ပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး သေနတ်မျိုးစုံ ဆယ်လက်ကျော်နဲ့ ခဲယမ်းတွေ ကိုလည်း သိမ်းဆည်းနိုင်ခဲ့ပါသေးတယ်။