အစုလိုက် အသတ်ခံရတဲ့ ပြည်သူတွေအတွက် ထိုင်းမြန်မာနယ်စပ်မှာ ဆုတောင်းပွဲပြုလုပ် October 18, 2023 နိုင်ငံရေး အောက်တိုဘာ၊ ၁၈ လိုင်ဇာ၊ အနန့်ပါ၊ ပဇီကြီး တို့အပါအဝင် စစ်ကောင်စီတပ်တွေ ပစ်ခတ်မှုကြောင့် အစုလိုက်သေဆုံးခဲ့ရတဲ့ ပြည်သူတွေအတွက် ဆုတောင်းပွဲတခုကို ထိုင်း-မြန်မာ နယ်စပ်တနေရာမှာ ဒီကနေ့ အောက်တိုဘာ ၁၈ ရက်က ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ ဒီပွဲကိုတော့ ဘာသာပေါင်းစုံကွန်ရက်နဲ့ ထမင်းတနပ် ၁၅ ဘတ် အဖွဲ့က ဦးဆောင်ပြီး တော်လှန်ရေးအင်အားစုတွေနဲ့အတူ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီဆုတောင်းပွဲမှာ မုန်လိုင်ခက်က စစ်ရှောင် ကချင်အမျိုးသမီးတဦးကို တွေ့ဆုံအင်တာဗျူးထားတဲ့ အသံဖိုင်ကို ဖွင့်ပြခဲ့ပြီး စစ်တပ်ရဲ့အကြမ်းဖက်မှုကြား သေဆုံးခဲ့တဲ့ အရပ်သားပြည်သူတွေအတွက် ဘာသာပေါင်းစုံက ဆုတောင်းတာတွေ လုပ်ခဲ့ကြပါတယ်။ Websiteတွင် ကြည့်ရှုရန် >>> ဓာတ်ပုံ – ကိုနိုင်သီဟ စစ်တပ်ဆုတောင်းပွဲပဇီကြီးလိုင်ဇာသတ်ဖြတ်အစုလိုက်အနန့်ပါ
နိုင်ငံရေး မြေပုံမြို့နယ်ရှိ တပ်စခန်းတခုကို စစ်ကောင်စီက ကိုယ်တိုင်မီးရှို့ထွက်ပြေး February 18, 2024 နိုင်ငံရေး ဖေဖော်ဝါရီ၊ ၁၈ ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်အတွင်းက စစ်ကောင်စီစခန်းကုန်းတခုကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကိုယ်တိုင်မီးရှို့ ဖျက်ဆီးပြီး ဒီကနေ့ညနေပိုင်းမှာ အမ်းမြို့က နပခ ဌာနချုပ်ကို ထွက်ပြေးတိမ်းရှောင်သွားကြတယ်လို့ ရခိုင့်တပ်တော် AA က ထုတ်ပြန်ပါတယ်။ မြေပုံမြို့နယ် [ဆက်လက်ဖတ်ရှုရန်]
နိုင်ငံရေး ရခိုင်မှာ မြို့တွေဆက်တိုက်သိမ်းခံနေရချိန် စစ်တပ်အရာရှိနဲ့ မိသားစုတွေကို ရွှေ့ပြောင်းနေ February 12, 2024 နိုင်ငံရေး ဖေဖော်ဝါရီ၊ ၁၂ ရခိုင်ပြည်နယ်အတွင်း မြို့တွေကို တမြို့ပြီးတမြို့ ဆက်တိုက်သိမ်းပိုက်ခံနေရချိန် စစ်တွေအပါအဝင် တောင်ပိုင်းမြို့နယ်တွေအတွင်းမှ တပ်ထိပ်ပိုင်းအရာရှိအချို့နဲ့ အရာရှိတွေရဲ့ မိသားစုဝင်တွေကို ရန်ကုန်၊ နေပြည်တော်တို့ဆီ ရွှေ့ပြောင်းပေးနေတယ်လို့ နီးစပ်သူတွေက ပြောကြပါတယ်။ “အကုန်ရွေ့မယ်ကြားတယ်၊ ဒါပေမယ့် [ဆက်လက်ဖတ်ရှုရန်]
ဒေသအလိုက် သတင်းကဏ္ဍ AAသိမ်းပိုက်ရန်လက်တကမ်းသာလိုတော့တဲ့ပုဏ္ဏားကျွန်းကို စစ်တပ်က လေကြောင်းမှပြင်းထန်စွာတိုက်ခိုက်နေ February 29, 2024 ဒေသအလိုက် သတင်းကဏ္ဍ ဖေဖော်ဝါရီ ၊ ၂၉ စစ်ကောင်စီတပ်ဟာ နောက်ဆုံးလက်ကျန်တပ်ရင်းတိုက်ခိုက်ခံနေရတဲ့ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့ကို လေကြောင်းကပြင်းထန်စွာတိုက်ခိုက်နေပြီး ဒီနေ့တရက်တည်းမှာပဲ အကြိမ်ဆယ်ချီရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ်တခုလုံးအတွင်း စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန်ဖြစ်တဲ့ မြို့အခြေစိုက် ခမရ ၅၅၀ တပ်ရင်းကို ရက္ခိုင့်တပ်တော်(AA)က [ဆက်လက်ဖတ်ရှုရန်]