အောက်တိုဘာ ၊ ၁၆
ကမ္ဘာ့ရွှေဈေးနှုန်းနဲ့ ဒေါ်လာငွေ ကျဆင်းလာတာကြောင့် ပြည်တွင်းရွှေဈေးဟာလည်း ဆက်တိုက်ကျဆင်းနေသလို အောက်တိုဘာလ ၁၆ ရက် ဒီကနေ့မှာ တကျပ်သားကို ကျပ်နှစ်သောင်း ကျဆင်းခဲ့ပါတယ်။
ပြီးခဲ့အောက်တိုဘာ ၁၄ ရက်က ပြည်တွင်းရွှေတကျပ်သား ကို ၃,၄၇၀,၀၀၀ ကျပ်နဲ့ဈေးပိတ်ခဲ့ပြီး ဒီကနေ့ ရွှေဈေးပြန်ဖွင့် ရာမှာ တော့ ၃,၄၅၀,ဝဝဝကျပ် ပေါက်ဈေးနဲ့ စျေးပိတ်ခဲ့တယ်လိုရွှေကုန်သည် အသိုင်းအဝိုင်းကသိရပါတယ်။
“ ရွှေက ကမ္ဘာ့ရွှေနဲ့ ဒေါ်လာပေါ်မူတည်တော့လေ။ သူတို့ကျရင် လိုက်ကျတာပေါ့။အခုက ဒီနှစ်ကုန်ထိကျမယ့်သဘောရှိတယ်။ဒီထက် ကျလည်း နှစ်သောင်းသုံးသောင်း၊ တက်လည်းနှစ်သောင်းပဲ ဒီလောက်ပဲ “လို့ ရန်ကုန်၊ ကမာရွတ်မြို့နယ်၊လှည်းတန်းလမ်းမှာ ရှိတဲ့ ရွှေကုန်သည်တဦးကပြောပါတယ်။
ကမ္ဘာ့ရွှေတအောင်စကို ပြီးခဲ့တဲ့အောက်တိုဘာ ၁၄ ရက်၊ သောကြာနေ့က ၁,၉၃၂ ဒေါ်လာ ရှိပြီး ဒီကနေ့မှာတော့ ၁,၉၁၄ ဒေါ်လာထိ ကျဆင်းလာတာပါ။
ပြီးခဲ့တဲ့အောက်တိုဘာ ၁၄ ရက်က အမေရိကန် တဒေါ်လာ ၃,၃၅ဝကျပ်၊ တယူရို ၃,၅၆၁ကျပ်၊ စင်္ကာပူတဒေါ်လာ ၂,၄၄ဝကျပ် ၊တရုတ်တယွမ် ၄၅၈နဲ့ ထိုင်းတဘတ်ကို ၉၂ကျပ်ထိပေါက်ဈေးရှိခဲ့ပါတယ်။
ဒါပေမယ့် ဒီနေ့ အောက်တိုဘာ ၁၆ ရက်မှာတော့ အမေရိကန် တဒေါ်လာ ၃,၃၅ဝကျပ်၊တယူရို ၃,၅၆၁ကျပ်၊စင်္ကာပူ တဒေါ်လာ ၂,၄၄ဝကျပ်၊တရုတ်တယွမ် ၄၅၆ကျပ်နဲ့ ထိုင်းတဘတ်ကို ၉၂ ကျပ်ထိပေါက်ဈေးရှိနေပြီး နေရာနဲ့ အချိန်အလိုက်အပြောင်းအလဲ ရှိနိုင်ပါတယ်။