သြဂုတ် ၊ ၅
သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၁ ခုနှစ်မှာ တောင်အာဖရိကနိုင်ငံဆိုင်ရာ သံအမတ်အဖြစ် ခန့်အပ်ခံ ရ ပေမယ့် လက်မခံဖို့ တောင်အာဖရိက အတိုက်အခံနိုင်ငံရေးအင်အားစုတွေနဲ့ လူ့အခွင့်အရေးအဖွဲ့က ကန့်ကွက် ခဲ့ ဖူးတဲ့ ဦးမြင့်နောင်ဟာ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဖြစ်လာပါတယ်။
အခုလဆန်းမှာ စစ်ကောင်စီက အရေးပေါ်ကာလသက်တမ်းပြီးနောက် စစ်ကောင်စီအဖွဲ့နဲ့ ဝန်ကြီးတွေ ပြောင်းလဲ ခန့်အပ်ရာမှာ လက်ရှိအလုပ်သမားဝန်ကြီး ဒေါက်တာပွင့်ဆန်းကို အနားပေးလိုက်ပြီး ဗိုလ်မှူးချုပ်ဟောင်းနဲ့ သံအမတ်ကြီးဟောင်းဖြစ်သူ ဦးမြင့်နောင်ကို အစားထိုးခန့်အပ်ခဲ့တာပါ။
အလုပ်သမားဝန်ကြီးဌာနဲ့နီးစပ်တဲ့သတင်းအမြစ်တွေ၊ အလုပ်သမား အသိုင်းအဝိုင်းသတင်းရင်းမြစ်တွေက ဝန်ကြီး အသစ်ဖြစ်လာတဲ့ ဦးမြင့်နောင်ဟာ သံတမန်လောက ကလာသူဖြစ်တယ်ဆိုတာသာသိကြပြီး အလုပ် သမားအ သိုင်းအဝိုင်းကတော့ မဟုတ်ဘူးလို့ DNA ကိုပြောပါတယ်။
“သံအမတ်အဟောင်းဖြစ်တယ်ဆိုတာကိုတော့ရာနှုန်းပြည့်ပြောကြတယ်၊ ဒီအလုပ်သမားရေးရာလောက ကမ ဟုတ်တာတော့သေချာတယ်”လို့ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီလုပ်ငန်းရှင်တဦးကပြောပါတယ်။
ဦးမြင့်နောင်ဟာ ပြီးခဲ့တဲ့ အစိုးရ သက်တမ်းနှစ်ခုအတွင်း တောင်အာဖရိက၊ရိုမေးနီးယားနဲ့ အီတလီနိင်ငံ ဆိုင်ရာ သံအမတ်ကြီးတာဝန်တွေ ထမ်းဆောင်ခဲ့သူဖြစ်ပြီး ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၁ခုနှစ်မှာ တောင်အာဖရိက နိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် စတင်ခန့်အပ်ခံရပါတယ်။
အဲ့ဒီလို ခန့်အပ်ခံရချိန်မှာ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ ပါဝင်ပတ်သက်ခဲ့တဲ့ မှတ်တမ်း ကြောင့် ဦးမြင့်နောင်ကို သံအမတ်အဖြစ် လက်မခံဖို့ အဲ့ဒီအချိန်က တောင်အာဖရိက အတိုက်အခံ နိုင်ငံရေး ပါတီဖြစ်တဲ့ ဒီမိုကရက်တစ်မဟာမိတ်ပါတီက သမ္မတ ဂျက်ကော့ဇူးမားကိုတောင်းဆိုခဲ့ပါတယ်။
ဗိုလ်မှူးချုပ်ဟောင်း ဦးမြင့်နောင်ဟာ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး နှိမ်နင်းမှုတွေမှာပါဝင်ခဲ့သူလို့ နိုင်ငံ တကာ သတင်းဌာနတွေကလည်း ရေးသားဖော်ပြခဲ့ကြပါတယ်။
ဒါ့အပြင် ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)ကလည်း ဦးမြင့်နောင်ဟာ စစ်အရာရှိအဖြစ် တာဝန်ထမ်းဆောင်ချိန် ၂၀၀၇ခုနှစ်အတွင်း ကရင်ဒေသခံတွေအိုးအိမ်စွန့်ခွာထွက်ပြေးစေခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ တိုက်ခိုက် မှုတွေအတွက် တာဝန်ရှိသူတဦးဖြစ်တယ်လို့ထုတ်ပြန်ခဲ့ပါတယ်။
ဦးမြင့်နောင်ဟာ ဦးသန်းရွှေစစ်အစိုးရလက်ထက်က ဗိုလ်မှူးချုပ်အဆင့်ရာထူးထမ်းဆောင်ခဲ့ပြီးရွှေဝါ ရောင်တော် လှန်ရေးမှာ သံဃာတွေကို ပစ်ခတ်အရေးယူမှုပြုလုပ်ခဲ့တဲ့အဓိကတရားခံထဲပါဝင်သူတဦးဖြစ်တယ်လို့ အဲ့ဒီအချိန် က RFA သတင်းတရပ်မှာ မြန်မာ့စစ်ရေးလေ့လာသူတဦးကို ကိုးကားဖော်ပြထားပါတယ်။
“ရန်ကုန် ရွှေတိဂုံဘုရား တောင်ဘက်မုခ်မှာ သံဃာတော်တွေကို မီးလောင်ဗုံးတွေ မျက်ရည်ယို ဗုံးတွေနဲ့ ပစ် ခတ် ပြီး လူစုခွဲနှိမ်နင်းတဲ့နေရာမှာ ဦးစီးကွပ်ကဲခဲ့တဲ့ တပ်မဟာ ၇၇ က ဗျူဟာမှူးအဆင့် တာဝန်ရှိသူတဦးလို့သိ ပါ တယ်”လို့ အဲ့ဒီစစ်ရေးလေ့လာသူကRFAကိုပြောခဲ့ပါတယ်။
ဦးမြင့်နောင်ဟာ ၂၀၀၈ ခုနှစ်စက်တင်ဘာမှာ သံတောင်ကြီးမြို့ အခြေစိုက် ဘုရင့်နောင် စစ်ရေးလေ့ကျင့်ရေးသင် တန်းကျောင်း ကျောင်းအုပ်ကြီးအဖြစ် တာဝန်ယူခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)ရဲ့ မှတ်တမ်းတွေ အရ သိရပါတယ်။
အဲ့ဒီနောက် ၂၀၁၀ခုနှစ် မှာ နိုင်ငံခြားရေးဝန်ကြီးဌာနကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ပြီး တနှစ်ဝန်းကျင်အကြာ ၂၀၁၁ ခုနှစ် စက်တင်ဘာလမှာ တောင်အာဖရိကနိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်ခံရပြီး သူ့ကို ကန့်ကွက်ခံရတဲ့ သတင်းတွေ နိုင်ငံတကာ မီဒီယာစာမျက်နှာတွေမှာ ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။
သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်အတွင်းမှာပဲ ဦးမြင့်နောင်ဟာ အီတလီနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် ပြောင်းလဲခန့်အပ်ခံရတာတွေ့ရပြီး NLD အစိုးရလက်ထက် ၂၀၁၇ခုနှစ်မှာတော့ ရိုမေနီးယားနိုင်ငံဆိုင်ရာ သံအ မတ်ကြီးအဖြစ်လည်း ပူးတွဲတာဝန်ယူခဲ့ပါတယ်။
ဦးမြင့်နောင် သံအမတ်အဖြစ်က အနားယူခဲ့ချိန်ကို အတိအကျအတည်မပြုနိုင်ပေမယ့် ၂၀၁၉ခုနှစ် နှောင်းပိုင်းအထိ အီတလီနိုင်ငံဆိုင်ရာ သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း အစိုးရမှတ်တမ်းတွေမှာတွေ့ရပါတယ်။
အဲ့ဒီနှစ် အောက်တိုဘာလမှာ NLD အစိုးရက အီတလီနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် ဒေါ်မွှေးမွှေးခိုင်ကို ပြောင်း ရွှေ့ခန့်အပ်ခဲ့သလို အခုနှစ်အတွင်းမှာစစ်ကောင်စီက ရိုမေနီးယားနိုင်ငံ သံအမတ်ကြီးအဖြစ်လည်း ပူးတွဲခန့်အပ် လိုက်တာကြောင့် ဦးမြင့်နောင်ဟာ အခုနှစ်အတွင်းမှာမှ အနားယူခဲ့တာလည်းဖြစ်နိုင်ပါတယ်။
အခုရက်ပိုင်းမှာတော့ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးအဖြစ် ခန့်အပ်ခံရတာကြောင့် အာဏာသိမ်းပြီးနောက် သုံးဦးမြောက် အလုပ်သမားဝန်ကြီးဖြစ်လာပါတယ်။
စစ်ကောင်စီအနေနဲ့ အလုပ်သမားဝန်ကြီးတွေမကြာခဏပြောင်းလဲခဲ့ပေမယ့် အလုပ်သမားတွေအပေါ်ဖိနှိပ်မှု တွေ အပေါ်တာဝန်ယူမှုမရှိခဲ့သလို အလုပ်သမားတွေအတွက် ကောင်းမွန်တဲ့ စွမ်းဆောင်ချက်လုပ်ပေးနိုင်ခဲ့တာ လည်းမ ရှိဘူးလို့ အလုပ်သမားအဖွဲ့ချုပ်ခေါင်းဆောင်တဦးကပြောပါတယ်။
“နဂိုဝန်ကြီးပြုတ်တာလည်း နိုင်ငံတကာမှာအလုပ်သမားအရေး မျက်နှာပျက်စရာတွေများပြီး ၊ပြန်ချေပမထိုး ဖောက်နိုင်လို့ထင်တယ်၊အခုလူချိန်းပြီးကစားပေမယ့် လည်းဘာမှထူးလာမယ်မထင်ဘူး”လို့ မြန်မာနိူင်ငံစက်မှု လက်မှုနှင့်ဝန်ဆောင်မူလုပ်ငန်းပေါင်းစုံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(MICS-TUsF) တာဝန်ရှိသူ တဦး ကပြော ပါတယ်။
ဖယ်ရှားခံလိုက်ရတဲ့ အလုပ်သမားဝန်ကြီးဒေါက်တာပွင့်ဆန်းလက်ထက်မှာ လုပ်ခတိုးတောင်းတဲ့အလုပ်သမား တွေ ကိုနိုင်ငံရေးပြစ်မှုနဲ့ဖမ်းဆီးတာ၊လူ့အခွင့်အရေးနဲ့ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေကြောင့်အ ပြည်ပြည် ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့(ILO)ရဲ့စံပြဌာန်းချက်ဖြစ်တဲ့ လွတ်လပ်စွာအသင်းအပင်း ဖွဲ့စည်းခွင့် နဲ့အဓမ္မစေခိုင်းမှုတွေနဲ့ပတ်သက်လို့ ပြင်းထန်တဲ့ဝေဖန်မှုတွေရှိခဲ့တယ်လို့ အလုပ်သမားအရေးလှုပ်ရှား သူတွေ ကဆိုပါတယ်။
ဒါ့အပြင် နိုင်ငံတကာ အမှတ်တံဆိပ်ကုမ္ပဏီတချို့ထွက်ခွာသွားတာမျိုးတွေလည်းရှိခဲ့ပြီးဒီနှစ်ကုန်ပိုင်းမှာတော့ ILO အထူးစုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့အစီရင်ခံစာအရ မြန်မာနိုင်ငံအပေါ်အရေးယူမှု ဆုံးဖြတ်ချက်ထွက်ဖို့ရှိ နေပြီး အဲဒီအချိန်မတိုင်ခင် စစ်ကောင်စီကဒေါက်တာပွင့်ဆန်းကိုအနားပေးလိုက်တာလည်းဖြစ်ပါတယ်။