ဇွန်၊ ၂၁
စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ် မှာ စစ်ကောင်စီတပ်တွေ က ချောဆွဲလာတဲ့စက်လှေသမားတဦးကို ညောင်ပင်ကြီးရွာအနီး ချင်းတွင်းမြစ်ထဲမှာသေနတ်နဲ့ပစ်သက်ပြီး အလောင်းကို မြစ်ထဲမျှောခဲ့တယ်လို့ စုံစမ်းသိရပါတယ်။
“အဓိကကတော့ သူတို့ကစက်လှေချောဆွဲပြီးအပြန် ကမ်းကပ်မောင်းတော့ သူတို့မကြိုက်တဲ့အတွက် ပစ်လိုက်တာ ၊ပစ်သတ်ပြီးတော့မျှောလိုက်တာ၊ သုံးချက်ပစ်တာပေါ့ ၊မုံရွာဘက်က ကြည့်တာဆိုတော့မြင်ရတာပေါဗျာ၊အဝေးကမျက်မြင်ပဲရှိတာပေါ့ ၊အနီးကပ်မြင်တွေ့တာတော့မရှိဘူး”လို့အညာပစ်တိုင်းထောင်လေးများအဖွဲ့တာဝန်ရှိသူတဦးကပြောပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်တွေကက ညောင်ပင်ကြီးရွာမှာ တပ်စွဲထားတာကြောင့်သေဆုံးသူ ဘယ်သူဘယ်ဝါဆိုတာကို အသေးစိတ်အတည် မပြုနိုင်သေးဘူးလို့ဆိုပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေက ဇွန်လ၉ရက်ကတိုက်ခိုက်ခဲ့တဲ့ညောင်ပင်ကြီးရဲစခန်းကြီးရဲစခန်းကို အခိုင်အမာပြန်လည်တည်ဆောက်နေရာမှာ စစ်ကောင်စီတပ်က စက်လှေတွေကိုချောဆွဲအသုံးပြုနေတာပါ။
အဲလိုချောဆွဲရာမှာ ဇွန်လ ၂၀ ရက်မနေ့ကညနေ ၄ နာရီဝန်းကျင်မှာညောင်ပင်ကြီး ရဲစခန်း ပြန်လည်တည်ဆောက်ဖို့အတွကိပစ္စည်း ပို့ပြီး အပြန်မှာ စက်လှေသမားက ကမ်းကပ်ပြီးမောင်းတဲ့အတွက်ကြောင့်သေနတ်နဲ့ သုံးချက်ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။
ဒါ့အပြင်စစ်ကောင်စီတပ်တွေဟာညောင်ပင်ကြီးရွာရှိ ရွှေအင်းလေးရပ်ကွက် ကို မီးရှို့ခဲ့တာကြောင့် နေအိမ် သုံးလုံးမီးလောင်ခဲ့တယ်လို့ ဆားလင်းကြီးမြို့နယ် ၊ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ကိုစစ်ငြိမ်းကပြောပါတယ်။
“ မနေ့က ညောင်ပင်ကြီး ရွှေအေးလေး ရပ်ကွက်ကို မီးရှို့တယ် အိမ် သုံးအိမ် မီးထဲပါသွားတယ် ။စုစုပေါင်း မနေ့က ၁၁ ရက်မြောက်မီးရှို့တာပေါ့နော် ။နောက်ပြီးဆိုင်တွေအိမ်တွေလိုက်ဖောက်တယ် ။ဒီနေ့မနက်လည်းရွာထဲက အိမ်တွေကို လိုက်ဖောက်နေတုန်းပဲ “လို့ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ညောင်ပင်ကြီးကျေးရွာအုပ်စုထဲက လမ်းဆုံလမ်းခွ တွေမှာ အမျိုးသမီး၊ အမျိုးသားမရွေး အရပ်သား၃၀ ကျော်ကို ခြိမ်းခြောက်ဖမ်းခေါ်ကာ တိုက်ခိုက်ခံရတဲ့ ရဲစခန်း ပြန်လည်တည်ဆောက် ရာမှာ ခိုင်းစေနေတယ်လို့လည်းသိရပါတယ်။”
“ ဒီနေ့ထိခိုင်းနေတုန်းဖမ်းထားတဲ့ သူတွေကို ဒီနေ့ထိခိုင်း နေတုန်းပဲ ။ရဲစခန်းကတော့ လောလောဆယ် ခြံစည်းရုံးခတ်ပြီးအုတ်မြစ်ချထားတယ်လိုပြောတယ် ။စေခိုင်းခံရတဲ့သူတွေကို တရက်တသောင်းပေး တယ်လို့တော့ကြားတယ် “ လို့ကိုစစ်ငြိမ်းကပြောပါတယ်။
မုံရွာမြို့ အခြေစိုတ် အနောက်မြောက်တိုင်းစစ်ဌာနချုပ် နဲ့ချင်းတွင်းမြစ်သာခြားတဲ့ညောင်ပင်ကြီး ရွာရဲစခန်း ကိုဒေသတော်လှန်းတပ်ဖွဲ့ဝင်တွေက ဇွန်လ ၉ ရက်နေ့ ညနေပိုင်း မှာစတင်တိုက်ခိုုက်ခဲ့ကြတာဖြစ်ပြီး ရဲစခန်း တခုလုံး နီးပါး စီးနင်းတိုက်ခိုက်ဖျက်ဆီးနိင်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကပြောထားပါတယ်။
အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၂ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေလည်းရှိသလို လက်နက်ခဲယမ်းနဲ့ ငွေသား ကျပ်သိန်း တရာကျော် သိမ်းဆည်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကထုတ်ပြန်ထားပါတယ်။
တိုက်ပွဲဖြစ်နေချိန်အတွင်း စစ်ကောင်စီက လေကြောင်း ၊လက်နက်ကြီးတွေနဲ့တိုက်ပွဲဖြစ်ချိန်အတွင်း တိုက်ခိုက်ခဲ့သလို တိုက်ပွဲအပြီး မှာလည်းမုံရွာ ဘက်ကနေ စစ်အင်အား ဖြည့်တင်းကာ ဒေသအတွင်းကို စစ်ကြောင်းထိုးတာ ရဲစခန်း ရှိရာ ညောင်ပင်ကြီး ရွာအတွင်းနေအိမ်တွေဖျက်ဆီးတာတွေလုပ်နေတာပါ။
ဒါကြောင့်ညောင်ပင်ကြီးကျေးရွာနဲ့အနီးတဝိုက်ကညအိမ်ခြေပေါင်းလေးရာဝန်းကျင်မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့လည်းဒေသခံတွေကဆိုပါတယ်။
ဒါ့အပြင်ညောင်ပင်ကြီး၊ထန်းတော ၊ရွာရှည် ၊နှင်းတော၊သိမ်တော်၊ဘုရားသုံးဆူ၊ရွှေအင်းလေး၊ငပလောင် အပါအဝင် တခြားရွာတွေကလူပေါင်း ခြောက်ထောင်ကျော် လောက်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ကိုစစ်ငြိမ်းက ပြောပါတယ်။
လက်ရှိအခြေနေရ တိမ်းရှောင်နေရမယ့် အချိန်ကာလ ပိုရှည်ကြာနိုင်တာကြောင့် စစ်ရှောင်တွေအတွက် အစားအသောက်နဲ့ သောက်သုံးရေအကူညီတွေ ပိုမိုလိုအပ်နေတယ်လို့ဆိုပါတယ်။
ပုံစာ- စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့၊ညောင်ပင်ကြီးကျေးရွာရဲစခန်းပြန်ဆောက်နေတဲ့အတွက် လိုအပ်တဲ့ပစ္စည်းသယ်ပို့နေတဲ့စက်လှေတစီးကိုတွေ့ရစဉ်။