ရွှေပေါက်ကံမှာ နေအိမ်အတွင်းပေါက်ကွဲမှုဖြစ်ပြီး လူငယ်တဦးသေဆုံး၊တဦးဖမ်းဆီးခံရ

မေ၊ ၁၂

ရန်ကုန်မြို့မြောက်ဥက္ကလာပမြို့နယ်၊ရွှေပေါက်ကံမြို့သစ်ကနေအိမ်တအိမ်မှာ မနေ့ကညပိုင်းကပေါက်ကွဲမှုဖြစ်ကာ လူငယ်တဦးသေဆုံးသလို နောက်ထပ်တဦးကတော့ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ရွှေပေါက်ကံမြို့သစ်(၁၃)ရပ်ကွက်၊ကျောက်ဆည်လမ်းရှိ နေအိမ်တအိမ်မှာ မနေ့ရ ညနေ ခြောက်နာရီဝန်းကျင်မှာ ပေါက်ကွဲမှုဖြစ်ခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုကြောင့်လူငယ်တဦးနေရာမှာပဲသေဆုံးကာ တအိမ်တည်းအတူနေတဲ့ နောက်ထပ်လူငယ်တဦးကတော့ဖမ်းဆီးခံလိုက်ရတာလို့ဆိုပါတယ်။

“ဘာကနေ ပေါက်တာလည်းတော့ မသိဘူး၊ အသံတော့ကြားလိုက်ရတယ်၊ အသံကြားတာနဲ့ ရပ်ကွက်ရုံးမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်ရုံးစောင့်တွေနဲ့ရပ် ကွက်လူကြီးတွေက အဲ့ဒီအိမ်တန်းသွားပြီး စစ်ဆေးကြ

တာ လူငယ်တယောက်ကို ဖမ်းခေါ်သွားတာတွေ့လိုက်တယ်၊ တယောက်လည်းသေတယ်၊ အလောင်းကို သူတို့(စကစ)ကားနဲ့ပဲတင်သွားကြတယ်”လို့ အဲ့ဒီရပ်ကွက်အတွင်းနေထိုင်သူ တဦး DNA ကိုပြောပါတယ်။

စစ်ကောင်စီရဲ့ဝါဒဖြန့် လှုမှုကွန်ရက် စာမျက်နှာတွေမှာတော့ သေဆုံးသူနဲ့ဖမ်းဆီးခံရသူတွေဟာ တေယ်လှန်ရေးအင်အားစုဝင်လူငယ်တွေဖြစ်ပြီးဗုံးဆင်ရင်းကပေါက်ကွဲမှုဖြစ်တာလို့ဖော်ပြကြပါတယ်။

ပေါက်ကွဲမှုကြောင့် တဦးနေရာမှတင်သေဆုံးကာ တဦးကတော့ ထွက်ပြေးခဲ့ပေမယ့် ပိတ်ဆို့ဖမ်းဆီးတာကြောင့် ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။အဲ့ဒီလူငယ်နှစ်ဦးဟာ ပေါက်ကွဲမှုဖြစ်တံနေအိမ်မှာ ငှားရမ်းနေထိုင်ကြသူတွေလို့လည်း ဖော်ပြကြပါတယ်။

ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သူဟာ ကိုရန်နိုင်ဆိုသူဖြစ်ပြီး ဖမ်းဆီးခံရသူက ကိုအောင်မြင့်မြတ်ဆိုသူဖြစ်ကာ နေအိမ်ထဲကနေ ပစ္စတိုကျည် ၃၃တောင့်နဲ့ လက်ပစ်ဗုံး တလုံး သိမ်းဆည်းရရှိခဲ့တယ်လို့လည်း စစ်ကောင်စီရဲ့ ဝါဒဖြန့်လူမှုကွန်ရက်တွေကဆဖာ်ပြကြပါတယ်။

အဲ့ဒီအချက်တွေကိုတော့ DNA အနေနဲ့သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ ရပ်ကွက်အတွင်းမှာ စစ် ကောင်စီက ဒီကနေ့အထိ စစ်ဆေးမေးမြန်း မှုတွေလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။