CDF မေတ္တာရပ်ခံလို့ ရှောင်တမ်းခဲ့တဲ့ အရပ်သားတွေ စစ်ကောင်စီခြိမ်းခြောက်လို့ အများစုနေရပ်မပြန်ရဲကြသေး

မေ ၊ ၁၂

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ကလေးတက္ကသိုလ်အနီး ကိုး မိုင် နဲ့ ခိုင်ကမ်းရပ်ကွက်ကနေ မေလ ၁၁ ရက်က မနေ့က မနက်က ရှောင်တိမ်းခဲ့တဲ့ ထောင်နဲ့ချီတဲ့ဒေသခံတွေက စစ်ကောင်စီတပ်ရဲ့ ခြိမ်းခြောက်မှုကြောင့်အများစုဟာ နေရပ်မပြန်ရဲကြသေးဘူးလို့ သိရပါတယ်။

ဒေသအခြေစိုက်စိုက်တော်လှန်ရေးတပ်ဖွဲ့တခုဖြစ်တဲ့Chinland Defense Force(CDF) CDM Siyin က စစ်ကောင်စီတပ်အခြေချတဲ့  ခိုင်ကမ်းမြို့ရဲစခန်းနဲ့ ကလေးတက္ကသိုလ်မုဒ်ဦးကနေတမိုင်ပတ်လည်က  စစ်ကောင်စီတပ်အနီးကနေ ဒေသခံတွေရွှေ့ပြောင်းပေးဖို့ ပြောဆိုတဲ့အတွက် ဒေသခံတွေဟာမနေ့က ရွှေ့ပြောင်းပေးခဲ့ကြပါတယ်။

ဒေသခံတွေရွှေ့ပြောင်းအပြီးမှာ CDF CDM Siyin က အဲဒီမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ရှော့ခ်တိုက်ဒုံးဆယ်လုံးခန့်နဲ့  ပစ်ခတ်တိုက်ခိုက်အပြီးမှာ ဒေသခံတွေ နေရပ်ပြန်လို့ရတဲ့အကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနမှာဖော်ပြထားပါတယ်။

“ရှောင်တိမ်းရတဲ့အခြေအနေကတော့ပြည်သူတွေကိုကျတော်တို့အိမ်ပြန်ခိုင်းနေပြီ။ကျတော်တို့ပစ်ခတ်မှု့ဖြစ်တော့စက်မှု့ဇုန်ဖက်ကတပ်စွဲထားတဲ့ကားရှစ်စီးရာဇဂြိုလ်ဖက်ကိုတက်လာတယ်ပြောတယ်။အထိအခိုက်ကတော့ကျတော်တို့ခုထိအတည်ပြုလို့မရသေးတဲ့အခြေအနေဖြစ်နေတယ်။တာဝေးပစ်နဲ့ပစ်တာဆိုတော့သတင်းအတိအကျစုံစမ်းနေတုန်း၊ပြည်သူတွေကတော့စာပြန်ထုတ်လိုက်တဲ့နေ့မှာပဲပြန်နေကုန်ပြီလို့သိရပါတယ်”လို့ Chinland Defense Force CDM SIYIN ကတာဝန်ရှိသူတဦးက DNAကိုပြောပါတယ်။

ဒေသခံကာကွယ်ရေးတပ်ရဲ့ တိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်ဖက်ကအထိအခိုက်အခြေအနေနဲ့စစ်ရှောင်အရပ်သားတွေနေရပ်ပြန်နေချိန်မှာစစ်ကောင်စီတပ်ဖက်ခြိမ်းခြောက်တာတွေကိုတော့အခုချိန်အထိသတင်းမရောက်ရှိသေးဘူးလို့လည်း အဲဒီတာဝန်ရှိသူက ပြောပါတယ်။

ဒါပေမယ့် စစ်ကောင်စီက ဒေသကာကွယ်ရေးတပ်တွေက ပြန်ခိုင်းလို့ ပြန်လာတဲ့ ဒေသခံတွေရဲ့နေအိမ်တွေကိုမီးတင်ရှို့မယ်ဆိုပြီးရပ်ကွက်ထဲမှာလိုက်လံပြောဆိုချိန်းခြောက်နေတာကြောင့်အများစုဟာ နေရပ်မပြန်နိုင်သေးဘူးလို့လည်း ဒေသခံတွေက ပြောကြပါတယ်။

“မသွားခင်ထဲကရှောင်ရဲရှောင်ကြည့်၊မီးရှို့ပစ်မယ်ပြောတာ၊ခုကပြန်မဝင်ရဲသေးကြဘူး။နဲနဲလောက်ပဲပြန်ဝင်တာ၊ပစ်တာခတ်တာတွေပြီးတော့ပြန်ဝင်တဲ့သူတွေပြောတာ၊ရပ်ကွက်ထဲလိုက်အော်နေတာစစ်သားတွေက၊ပြန်မဝင်နဲ့မီးရှို့ပစ်မယ်ဆိုပြီး၊ခုဟာကမြိ့ုပေါ်တွေရောနီးစပ်ရာတွေရောဆက်ရှောင်နေရတာပေါ့၊ရပ်ကွက်နဲ့သူတို့တပ်စွဲထားတာကနီးနီးလေးလေ၊”လို့ဒေသခံတဦးကDNAကိုပြောပါတယ်။

စစ်ကောင်စီခြိမ်းခြောက်တာကြောင့် ဒေသခံအရပ်သားဘယ်လောက် နေရပ်ပြန်တယ်၊ ဘယ်လောက်မပြန်ဘူးဆိုတာ အတိအကျမသိရသေးပေမယ့် အများစုကတော့သူတို့ရဲ့ နေရပ်ကို  မပြန်ရဲသေးဘူးလို့လည်း အဲဒီဒေသခံက ပြောဆိုပါတယ်။

ကလေးမြို့မှာရှိတဲ့ကလေးတက္ကသိုလ်၊ကွန်ပြူတာတက္ကသိုလ်နဲ့နည်းပညာတက္ကသိုလ်တွေမှာစစ်ကောင်စီတပ်ကပြီးခဲ့တဲ့၂၀၂၁ ခုနှစ်၊မတ်လထဲမှာပဲဝင်ရောက်တပ်စွဲထားတာဖြစ်ပြီး ဒေသအခြေစိုက်ကာကွယ်ရေးတပ်ဖွဲ့တွေဖက်ကလဲမကြာခနဆိုသလိုသွားရောက်တိုက်ခိုက်တာမျိုးရှိခဲ့ပါတယ်။