စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူကလေးငယ်တဦးအပါအဝင် အရပ်သား ကိုဦးရုပ်အလောင်းတွေကို သဂြိုလ်

ဧပြီ၊ ၁၁

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ၊ဝေဘူလမြို့ ကို စစ်ကောင်စီလေကြောင်းနဲ့ ဗုံကြဲ တိုက်ခိုက်မူကြောင့် သေဆုံးခဲ့ရတဲ့ကလေးငယ်တဦးအပါအဝင် အရပ်သားကိုုးဦးရဲ့ ရုပ်အလောင်းတွေကို လေကြောင်းပစ်ခတ်မူဖြစ်တဲ့ ဧပြီ ၁၀ ရက်နေ့ညနေပိုင်းမှာ သဂြို်လ်ခဲ့တယ်လို့သိရပါတယ်။

” မနေ့ကတည်းက အကုန်လုံးကိစ္စပြီးကြတာ။ လုံခြုံရေးအခြေအနေကြောင့်မို့ မနေ့ညကပဲ အကုန်ပြီးသွားတာ။ သူတို့ဇာတိတွေကိုပြန်သယ်တဲ့သူကပြန်သယ်သွားတယ်” လို့ ကလေးနယ်နဲ့ချင်းပြည်နယ်စပ်မှာ စစ်ရှောင်တွေကိုကူညီပေးနေတဲ့ ကလေးနည်းပညာတက္ကသိုလ် CDM ကထိကဌာနမှူး ဒေါ်ရတီအုန်းကပြောပါတယ်။

စစ်ကောင်စီကတိုက်ပွဲဖြစ်ပွားမူမရှိတဲ့ ဝေဘူလမြို့ကို ဧပြီ ၁၀ ရက်၊မနက် ၁၁ နာရီဝန်းကျင်မှာ လေကြောင်းကနေဗုံးကျဲခဲ့တာကြောင့် ပြည်သူရှစ်ဦးထိမှန်သေဆုံးပြီး အသက်ခုနစ်ဆယ်အရွယ် သက်ကြီးရွယ်အိုတဦးကတော့ ဆိုင်ကယ်နောက်ကလိုက်ပြီး တိမ်းရှောင်နေစဉ် သွေးတက်သေဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။

ထိခိုက်သေဆုံးသူတွေထဲမှာ ရန်ကုန်မဂ်လာဒုံတပ်စခန်းကနေ ချင်းအမျိုးသားကာကွယ်ရေးတပ်CNDF ထဲကို CDM ပြုလုပ်လာတဲ့ အသက် နှစ်ဆယ့်တစ်နှစ်အရွယ်မောင်ချစ်မင်းသူလည်းပါဝင်တယ်လို့ ဒေါ်ရတီအုန်းကပြောပါတယ်။

သေဆုံးသူပြည်သူကိုးဦးထဲက ငါးဦးရဲ့ရုပ်အလောင်းတွေကို မနေ့က ညနေပိုင်းဝေဘူလမြို့မှာပဲသဂြိ်ုလ်ခဲ့ပြီး ကျန်ရုပ်အလောင်းလေးခုကိုတော့ သူတို့ရဲ့ဇာတိမြေတွေကိုသယ်ဆောင်သွားကြတယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့လေကြောင်းပစ်ခတ်မူကြောင့် သိက္ခတော်ရ ဆရာဂျေစောဇာထန်း ၊ကျောင်းအုပ်ဆရာကြီး(CDM) ဦးထောင်းဇအုပ်၊.ဒေါ် ထီးယန်းဆုန်း  (ကျောင်းအုပ်ဆရာကြီးရဲ့ဇနီး)၊ဆလိုင်း ဗျက်လှယ်ကျဲအို အသက်- ၁၂နှစ် (ကျောင်းအုပ်ဆရာကြီး၏သား) ဆရာမ ဇာနှဲမ် ကိမ်း (လယ်ပြ CDM) ၊ဆလိုင်း နာထန်းဟရင်းဆန်း ၊ဆလိုင်း နောအ ဆန်းလျန်း၊ ဒေါ် စောလှယ် ကိမ်း၊.မောင်ချစ်မင်းသူ (စစ်တပ် CDM) တို့သေဆုံးခဲ့တာပါ။

စစ်ကောင်စီအာဏာသိမ်းချိန်ကနေ တနိုင်ငံလုံးမှာ လူငါးယောက်ထက်ပိုတဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်တဲ့ဖြစ်စဉ်  ၆၄ ကြိမ်ဖြစ်ပွားပြီးလူပေါင်း ၇၆၆ ဦးသေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ၂၀၂၃ ခုနှစ်၊ မတ်လ ၁၅ ရက်က ထုတ်ပြန်ထားပါတယ်။