ဧပြီ ၇
ရခိုင်ပြည်နယ် မြောက်ဦးမြို့လယ် တောင်ရပ် ရပ်ကွက်က ရွှေဆိုင်တဆိုင်မှာ ရွှေဝယ်ဟန်ဆောင်ပြီး လုယက် ခံရ လို့ လက်ဝတ်လက်စားရွှေနှစ်ဆယ်ကျပ်သားကျော် ပါသွားတယ်လို့ အဲ့ဒီရပ်ကွက်မှာနေထိုင်သူတွေဆီက သိရ ပါတယ်။
မြောက်ဦးမြို့မစျေးအနီး တောင်ရပ် ရပ်ကွက်က ရွှေဆိုင်တဆိုင်မှာ ဒီကနေ့ မနက်ကိုးနာရီကျော်လောက်က လု ယက်မှုဖြစ်ခဲ့တာလို့ သိရပါတယ်။
“ဆိုင်ကယ်နဲ့ နှစ်ယောက် လာကြတာ၊တယောက်က မနီးမဝေးဆိုင်ကယ်နားမှာ စောင့်နေတယ်၊နောက်တ ယောက်ရွှေဝယ်မယ်ဆိုပြီးတော့ ပြခိုင်းတယ်၊ ပြီးရင် ဆိုင်ရှင်ကို ရေခပ်ခိုင်းတယ် ပြီးတော့ လူအလစ်မှာ ယူပြီး ဆိုင် ကယ်နဲ့ ပြေးသွားတာ”လို့ ဖြစ်စဉ်ကိုသိတဲ့ ဒေသခံတဦးက ပြောပြပါတယ်။
လုယက်သူဟာ အသက်သုံးဆယ်ဝန်းကျင် လူငယ်အမျိုးသားတဦးဖြစ်ပြီး ရွှေခြေချင်းနှစ်စုံနဲ့ရွှေဒင်္ဂါးသိမ်ကြိုးနှစ်ကုံး လုယက်ခံလိုက်တာဖြစ်တယ်လို့ သိရပါတယ်။လုယက်ထွက်ပြေးသွားသူကိုတော့ အခုထိ ဖမ်းဆီးရမိတာမရှိသေး ဘူးလို့လည်း သိရပါတယ်။
လူမှုကွန်ရက်ပေါ်ပျံ့နှံ့လာတဲ့ အဲ့ဒီလုယက်မှုဖြစ်စဉ် CCTV ရုပ်သံမှတ်တမ်းမှာ အထက်၊အောက် အနက်ရောင် အဝတ်အစားတဲ့ ဝတ်ဆင်လာတဲ့ လူငယ်တဦးက ရွှေဝယ်ယူဖို့ကြည့်ရှုရွေးချယ်နေရာကနေ ရေတောင်း သောက် ပြီးနောက် ရုတ်တရက် ဆိုင်ကောင်တာထဲက အထုပ်ကိုဆွဲယူထွက်ပြေးသွားတာတွေ့ရပါတယ်။
အခု ရွှေတွေ လုယက်ခံရတဲ့ တောင်ရပ်ရပ်ကွက်၊ စျေးအနီးမှာ စစ်ကောင်စီတပ်သားတွေနဲ့ စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့ ဝင်တွေ နေရာယူထားကာ စစ်ဆေးမှုတွေလုပ်လေ့ရှိပေမယ့် အခုလုယက်ဖြစ်စဉ်က ကျူးလွန်သူကိုတော့ဖမ်းမိ တာမရှိဘူးလို့ဒေသခံတွေကပြောကြပါတယ်။
“နေ့ခင်းကြောင်တောင်ကြီး ဒီလိုအလုခံရတော့ တော်တော်စိုးရိမ်နေကြတယ်”လို့ နောက်ထပ် မြောက်ဦးမြို့ခံ တဦးက ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ရခိုင်ပြည်နယ်အတွင်းမှာ လုယက်မှု၊ ခိုးမှု၊ ဓါးပြတိုက်မှုတွေ နေ့စဉ်နီးပါး ရှိလာနေပြီး တချို့နေရာတွေမှာ ဥပဒေစိုးမိုးရေး လုံး၀မရှိသလောက်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောကြ ပါတယ်။
“တပ်တော်(AA)က အပြည့်အ၀ထိန်းချုပ်ထားတဲ့နေရာတွေမှာတော့ ဒီလိုပြဿနာတွေ မရှိဘူး၊တပ်တော်က အ ပြည့်အ၀ မစိုးမိုးတဲ့နေရာတွေကျတော့ အဲလို နေ့ခင်းကြောင်တောင် လုတာတွေ ရှိတယ်၊ ပြီးရင် တရားခံလည်း မ မိဘူး။ စစ်ကောင်စီရဲတွေက ဘာမှ အလုပ်မလုပ်ကြတော့ဘူး”လို့ စစ်တွေမြို့ခံတဦးဖြစ်တဲ့ ကိုဇော်မင်းက ပြောပါ တယ်။
ရခိုင်ပြည်နယ်အတွင်း နယ်ကျေးရွာတွေအများစုနဲ့မြို့ပေါ်ရပ်ကွက်တချို့မှာ ဥပဒေစိုးမိုးရေး၊ တရာခံဖမ်း ဆီးရေး၊ တရားစီရင်ရေးကိစ္စရပ်တွေကို ရခိုင့်တပ်တော်(AA)က ကိုင်တွယ်ဖြေရှင်းနေပြီး မြို့တော်စစ်တွေအပါအဝင် ကျန် မြို့ပေါ်ဒေသတချို့မှာတော့ စစ်ကောင်စီတပ်သားတွေ နေရာယူထားကြပါတယ်။
ဒါပေမယ့် စစ်ကောင်စီတပ်သားတွေဟာ ဥပေဒစိုးမိုးရေး၊ ပြည်သူ့လုံခြုံရေးကိစ္စရပ်တွေကို ဆောင်ရွက်တာမျိုး မရှိ ဘဲ ဒေသခံတွေကို စွပ်စွဲဖမ်းဆီးတာ၊ ဆိုင်ကယ်၊ ကား လိုင်စင်စစ်ဆေး၊ ဖမ်းဆီးတာ စတဲ့ကိစ္စရပ်တွေကိုပဲ လုပ် နေ ကြတယ်လို့ ရခိုင်ဒေသခံတွေက ဝေဖန်ကြပါတယ်။