မတ်၊ ၁၉
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေးရွာကိုမနေ့ကမတ်လ၁၈ရက်၊နေ့လယ်၂နာရီအချိန်ခန့်က စစ်ကောင်စီတပ်တွေကလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်ဒေသခံနှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့တယ်လို့ဆိပ်ခွန်ရွာကဒေသခံတွေက DNA ကိုပြောပါတယ်။
“နမခကနေလာတဲ့ MI 35 ရဟတ်ယာဉ်နဲ့ ရပတ်၊၈ပတ်လာပစ်တယ်။ ဒေသခံနှစ်ဦးသေဆုံးပြီး ၃ဦးဒဏ်ရာရရှိခဲ့တယ်။ကျန်၃ဦးကတော့လက်မောင်းရှပ်ထိလေးဆိုတော့စိုးရိမ်စရာမရှိပါဘူးလို့”ဒေသခံကို Kelvin ကပြောပါတယ်။
စစ်ကောင်စီတပ်တွေလေကြောင်းပစ်ခတ်ခဲ့တာအကြောင့်အသက်၆ဝကျော်အမျိုးသမီးတဦးနဲ့အသက်၂ဝကျော်အရွယ်အမျိုးသားတဦးတို့သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် ဘန်ကာတွေထဲကစစ်ကောင်စီတပ်တွေပစ်ခတ်တာကြောင့် အသက်၈ဝကျော်နဲ့အသက်၅ဝကျော်အမျိုးသားနှစ်ဦးနဲ့အသက်၄ဝဝန်းကျင်အမျိုးသမီးတဦးတို့လည်းဒဏ်ရာရရှိခဲ့ပါသေးတယ်။
အနောက်မြောက်တိုင်း(နမခ)စစ်ဌာနချုပ်ကနေထွက်ခွာလာတဲ့ MI 35 ရဟတ်ယာဉ်ဟာမနေ့ကနေ့ခင်း၂နာရီအချိန်ကနေစတင်ပြီးဆိပ်ခွန်ရွာထဲကိုနာရီဝက်ကြာပစ်ခတ်ခဲ့တာပဲဖြစ်ပါတယ်။
စစ်ကောင်စီတပ်တွေဟာညဘက်တွေမှာအရပ်သားနေအိမ်တွေကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်တာကြောင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေစစ်ကောင်စီတပ်တွေကိုသွားရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်တွေဟာလေကြောင်းပစ်ကူခေါ်ကြတာဖြစ်တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကပြောပါတယ်။
“စစ်ကောင်စီတပ်တွေကမနေ့ကထိတဲ့သူတွေပြန်သယ်တာလားထောက်ပို့လာတာလားတော့မသိဘူး။မနက်ကစစ်ကြောင်းထိုးဝင်လာပြီးကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့တိုက်ပွဲဖြစ်ပွားသေးတယ် ။စစ်ကောင်စီဘက်က RPG နဲ့ပြန်လည်ပစ်ခတ်ခဲ့တယ်လို့”ဆိပ်ခွန်ရွာကဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကပြောပါတယ်။
ဒီကနေ့မှာလည်းစစ်ကောင်စီတပ်တွေဟာစစ်အင်အား၂ဝဝဆိပ်ခွန်ရွာထဲကိုဝင်ရောက်စီးနင်းခဲ့တာကြောင့် ဆိပ်ခွန်ရွာ ၊ ဘိုတဲကုန်းကျေးရွာနဲ့ ၊ မူးကမ်းကြီးကျေးရွာက လူဦးရေ ၂၀၀၀ ဝန်းကျင်ဟာစစ်ရှောင်နေရတယ်လို့သိရပါတယ် ။
အဲဒီစစ်ရှောင်တွေဟာဘုန်းတော်ကြီးကျောင်းတွေမှာသွားရောက်နေထိုင်ကြတာကြောင့် စားရေးသောက်ရေးနဲ့ နေထိုင်ရေးအတွက် အခက်ခဲမရှိသေးဘူးလို့သိရပါတယ်။
စစ်ကောင်စီက ကျေးရွာတွေကိုဝင်ရောက်ပြီးဒေသခံတွေရဲ့ပစ္စည်းတွေကိုသယ်လို့ရတဲ့အရာတွေသူတို့လိုချင်တဲ့အရာတွေကိုကားနဲ့သယ်သွားတယ်လို့လည်းဒေသခံတွေကဆိုကြပါတယ်။
“ပြည်သူတွေကိုလေကြောင်းနဲ့တိုက်ခိုက်တော့ ပြေးရလွှားရတာဒုက္ခရောက်တယ် ။အပြစ်မဲ့ပြည်သူတွေအသက်ပေးသွားရတာသနားစရာကော င်းတယ်’’လို့လည်း “ ဆိပ်ခွန်ရွာကဒေသခံတဦးကဆိုပါတယ်။
စစ်ကောင်စီတပ်တွေဟာစစ်ကိုင်းတိုင်းထဲကရွှေဘို နဲ့ဝက်လက်မြို့နယ်တွေထဲ မှာ လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်သလိုကျေးရွာတွေကိုဆက်တိုက်မီးရှို့နေပါတယ် ။
မတ်လ ၁၇ ရက်နေ့ကလည်းသမ္မာရိုးစံပြကျေးရွာကို စစ်ကောင်စီတပ်တွေက နေအိမ် ၂၆၉ အိမ်နှင့် ဘုန်းကြီးကျောင်းတစ်ကျောင်းကို မီးရှို့ ဖျက်ဆီးခဲ့ပြီး အဖွားအိုတစ်ဦးကို အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ဝက်လက်မြို့နယ်သပိတ်ဦးဆောင်ကော်မတီကသတင်းထုတ်ပြန်ထားပါသေးတယ်။
မီးဘေးသင့်ပြည်သူတွေအတွက် အမိုးအကာ၊ ဝါး၊ ထရံ ၊တိုင် ၊ ထန်းရွက်မ နဲ့ ဆန် ၊ ဆီ ၊ ဆား စတဲ့စားနက်ရိက္ခာ တွေ ၊ ဒန်အိုး ဒန်ခွက်တွေနဲ့ ပန်းကန်ပြား တွေလည်း အရေးပေါ်လိုအပ်နေတယ်လို့သိရပါတယ်။