လွိုင်ကော်မြို့အနီးတဝိုက်ကို စစ်ကောင်စီက လေကြောင်း၊လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်

ကရင်နီ(ကယား)ပြည်၊ လွိုင်ကော်မြို့နယ်နဲ့ အနီးတဝိုက် နေရာအချို့ကို စစ်ကောင်စီက မနေ့ကညပိုင်းနဲ့ ဒီကနေ့ ဖေ ဖော်ဝါရီ(၁၀)ရက် မနက်ပိုင်းတွေမှာ လေကြောင်းလက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသ တွင်း သတင်းရစ်မြစ်တွေဆီကသိရပါတယ်။

လွိုင်ကော်-ပွန်းချောင်းမော်တော်ကာားလမ်း (၁၀)မိုင်၊ ကြတ်ဂူအနီးမှာ KA နဲ့ KNDF တပ်ဖွဲ့ဝင်တွေမနေ့က နေ့ လယ်ပိုင်းမှာ စခန်းချခဲ့ကြပြီး စစ်ကောင်စီက ညသန်းခေါင်အချိန်မှာ လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်ခဲ့ တယ်လို့ ကရင်နီပြည်သူ့အစိုးရ၊ပြည်ထဲရေး တာဝန်ခံ ခွန်ညေးရယ်က ပြောပါတယ်။

 “ပစ်သွားတာကတော့ ညသန်းခေါင်ကျော်ပေါ့နော၊ဒါပေမဲ့ နေ့လည်တုန်းက ကျွန်တော်တို့ ရဲဘော်တွေ ခဏ နား တယ်လို့ ပြောပါတယ်၊ထမင်းချက်စားတာတို့ ဖြစ်မှာပေါ့။ အဲဒါ လမ်းသွားလမ်းလာ ဒလန်သတင်းပေးက သတင်း ပေးတယ် ထင်ပါတယ်၊အဲဒါ ညကျတော့ အပစ်ခံရတာပါပဲ၊ အဲ့အချိန် ကျွန်တော်တို့ ရဲဘော်တွေက အဲဒီမှာ မရှိ တော့ပါဘူး၊ဒါပေမဲ့ အဲမှာရှိတဲ့ ဈေးဆိုင်တစ်ဆိုင်ကတော့ ပျက်စီးသွားတယ်”လို့ သူကပြောပါတယ်။

  ဒါ့အပြင် ဒီကနေ့ဖေဖော်ဝါရီ (၁၀)ရက်မနက် ၁၁နာရီဝန်းကျင်မှာလည်း လွိုင်ကော်မြို့နယ် ပါလောင်းရွ ာဘက်ကို စစ်ကောင်စီ ခမရ(၂၅၀)ကနေ လက်နက်ကြီးရှစ်လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ ဒီလိုတိုက်ခိုက် တာဟာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ပါလောင်းရွာဘက်ရောက်နေတယ်လို့ စစ်ကောင်စီဘက်က ယူဆတာ ကြောင့်ဖြစ်နိုင်တယ်လို့ ခွန်ညေးရယ်က ပြောပါတယ်။

  “ထင်တာကတော့ ရဲဘော်တွေ အဲဘက်ပြေးတယ်ထင်ပြီးတော့ ရမ်းသမ်းထုတာပါ၊လက်နက်ကြီးနဲ့ ၈ လုံး ထု တာမှာ ရွာထဲ ကျတော့ စာသင်ကျောင်းတစ်လုံးပျက်သွားတယ်၊လူနေအိမ် ၂ လုံးပျက်သွားတယ်လို့ သိရပါတယ်၊ ပြည်သူကတော့ ထိခိုက်မှု မရှိပါဘူး၊သူတို့က ရွာမှာ မနေရဲဘဲ စစ်ရှောင်နေရပါတယ်”လို့ သူက ပြောပါတယ်။

 ကရင်နီ(ကယား)ပြည်က စစ်အုပ်ချုပ်ရေး မထုတ်ပြန်တဲ့ မြို့နယ်တွေမှာ အခုလအတွင်း တိုက်ပွဲတွေ ပိုဖြစ်နေ သလို  စစ်အုပ်ချုပ်ရေးထုတ်ပြန်ထားတဲ့ မြို့နယ်လေးခုမှာလည်း လာမယ့်ရက်တွေမှာ တိုက်ပွဲတွေ ပိုမိုပြင်း ထန်းလာနိုင်တယ်လို့ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေကပြောပါတယ်။