စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နဲ့ မကွေးတိုင်း ပခုက္ကူမြို့မှာစစ်ကောင်စီကပြုလုပ်ဖို့ ပြင်ဆင်နေတဲ့ တရားမဝင် ရွေးကောက်ပွဲနဲ့ ပြည်သူတွေဝေးဝေးနေကြဖို့ နဲ့ မပူးပေါင်းကြဖို့ အမျိုးသားညီညွတ်ရေး အစိုးရရဲ့ ပြည်သူအုပ်ချူပ်ရေးအဖွဲ့ (ထီးချိုင့်) နဲ့ (ပခုက္ကူ) ကအခုရက်ထဲမှာ အသိပေးစာတွေထုတ်ပြန်ထားပါတယ်။
အဲဒီ အသိပေးချက်ကို မထီမဲ့ပြင်ပြုခြင်း သွေးတိုးစမ်းခြင်း သဘောနဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်မှုကိုတွေ့ရှိပါက အကြမ်းဖက်ဥပဒေနဲ့ ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ ဆိုထားပါတယ်။
” တချို့ နေရာတွေမှာတော့ အိမ်ထောင်စု စာရင်းကောက်တယ်လို့ကြားတယ်။ ကျွန်တော်တို့ဖက်တော့ မလာသေးဘူး။ အခုစာထုတ်တာကလည်း အဓိကတော့ အုပ်ကြီးတွေနဲ့ ဝန်ထမ်းတွေကို ဆိုလိုချင်တာလိုပဲမြင်ပါတယ် ဘာလိုလည်း ဆိုတော့ စကစခိုင်းတာသူတို့က လုပ်ပေးနေတာ ” လို့ ထီးချိုင့် ဒေသခံတဦးကပြောပါတယ်။
အလားတူပဲ ပခုက္ကူမြို့မှာ စစ်ကောင်စီက လုပ်နေတဲ့ အိမ်ထောင်စုစာရင်း ကောက်နေတဲ့ကိစ္စတွေကို အသိဉာဏ်နဲ့ချင့်ချိန်ပြီး မပူးပေါင်းကြဖို့ ပြည်သူအုပ်ချူပ်ရေးအဖွဲ့ (ပခုက္ကူ) ကဆိုထားပါတယ်။
အဲဒီလိုပဲ ထီးချိုင့် ပကဖ ကလည်း ထုတ်ပြန်ထားတဲ့ အသိပေးချက်ကို မထီမဲ့ပြင်ပြုခြင်း သွေးတိုးစမ်းခြင်း သဘောနဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်မှုကိုတွေ့ရှိပါက အကြမ်းဖက်ဥပဒေနဲ့ ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ ဆိုထားပါတယ်။
တဖက်မှာလည်း စစ်ကောင်စီတပ်တွေဟာ ဒေသတချို့မှာ စစ်ကောင်စီတပ်သားအင်အားအများအပြားနဲ့လက်နက်တွေနဲ့ ဒေသခံပြည်သူတွေကို လူဦးရေစာရင်းတင်းကျပ်ကောက်ခံတာတွေလုပ်နေပါတယ်။