ထီးလင်းရဲစခန်း လက်နက်ကြီးနဲ့ပစ်ခတ်ခံရပြီး ရဲ တစ်ဦးသေ၊သုံးဦး ဒဏ်ရာရ

Photo. YDF
မကွေးတိုင်း ထီးလင်းမြို့ပေါ်က (တောင်)ရဲစခန်း ဝင်းကို ဒေသကာကွယ်တပ်ဖွဲ့နှစ်ဖွဲ့ပူးပေါင်းပြီး လက်နက်ကြီးနဲ့တိုက်ခိုက်လို့ ရဲတစ်ဦးသေပြီး သုံးဦးဒဏ်ရာရတယ်လို့ YDF ဗျူဟာမှူး သခင်ဇော်က DNA ကိုပြောပါတယ်။
” ကျနော်တို့က မြို့ထဲကိုပစ်ခတ်မှာဖြစ်တဲ့အတွက် တိကျဖို့လိုတယ်။ ပြည်သူတွေကို ထိမှာစိုးရတယ်။ ဒါကြောင့် အကြိမ်ကြိမ်စမ်းသပ်ပြီးမှ ခုလိုပစ်ခတ်ခဲ့ တာပါ” လို့ သခင်ဇော်ကပြောပါတယ်။
YDF(ထီးလင်း)နဲ့ ပေါက်တောင်ပိုင်း တွေ့မရှောင် ပျောက်ကျားတပ်တို့ နည်းပညာဆိုင်ရာပူးပေါင်းပြီး ထီးလင်းမြို့ထဲက စစ်ကောင်စီ ပစ်မှတ် နေရာ နှစ်ခုကို နှစ်ရက်ဆက်တိုက်ပစ်ခတ်ခဲ့တယ်လို့ YDF က ထုတ်ပြန်ထားပါတယ်။
သြဂုတ်( ၂၅ )ရက်နေ့ ညနေပိုင်းမှာထီးလင်းမြို့ (တောင်) ရဲစခန်းကိုပစ်ခတ်ခဲ့ပြီး လူပျိုဆောင် ရှေ့ ကျရောက်ပေါက်ကွဲလို့ရဲ တစ် ဦးသေဆုံးပြီး သုံး ဦးဒဏ်ရာရရှိခဲ့တာလို့ YDF (ထီးလင်း) ကထုတ် ပြန်ပါတယ်။
သြဂုတ်လ ၂၆ ရက်နေ့ မွန်းလွဲပိုင်း ပစ်ခတ်မူမှာ စီးပွားရေးဘဏ်ဝင်းအတွင်း ကျရောက် ပေါက်ကွဲခဲ့ ပြီး ထိခိုက်မူကို အတည်မပြုနိုင်သေးဘူးလို့ ဆိုပါ တယ်။
အဲ့ဒီတိုက်ခိုက်မှုတွေဟာ စကစရဲ့ယန္တရားလည် ပတ်နေတဲ့ ရုံး/ဌာန​တွေကို ဦးတည်ခိုက်တာ
ဖြစ်တယ်လို့ YDF က ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့အစောပိုင်းလတွေကတည်းကထီးလင်းမြို့ပေါ်က Non CDM ဝန်ထမ်းတွေကို စစ်ကောင်စီ လက်အောက်မှာ တာဝန်မထမ်းဆောင်ကြဖို့ သက်ဆိုင်ရာ ဒေသခံကာကွယ်ရေးတပ်တွေက ထုတ်ပြန်ခဲ့ပါတယ်။