မန္တလေးမြို့က နာမည်ကြီး ပုဂ္ဂလိကဆေးရုံတွေ စစ်ကောင်စီက အတင်းအကျပ်ပိတ်ခိုင်းထားတယ်လို့ သတင်းထွက်ပေါ်နေပြီး လတ်တလောဆေးရုံတွေမှာ လူနာသစ်လက်မခံသေးဘူးလို့ အဲဒီဆေးရုံတွေကိုဆက်သွယ်မေးမြန်းချက်အရသိရပါတယ်။
” ဆေးရုံပိတ်ရမယ်ဆိုတာတော့ ဟုတ်တယ်။ ဘာကြောင့် လည်းဆိုတာလည်း သေချာမသိဘူး။ ဝန်ထမ်းတွေလည်း စိတ်ညစ်နေတယ်။ ဘယ်ချိန်ဖွင့်မလဲဆိုတာလည်း မသိဘူး ” လို့ဆိုပါတယ်။
မန္တလေးက နာမည်ကြီးပုဂ္ဂိုလ်က ဆေးရုံတွေဖြစ်တဲ့ မြို့တော်ဆေးရုံ၊ နန်းတော်ဆေးရုံ၊ ကံ့ကော်ဆေးရုံ၊ ထက်နေလင်းဆေးရုံနဲ့ စိန်ပန်းဆေးရုံတွေကို ယခု ဒီဇင်ဘာလကုန်က စတင်ပြီး ယာယီပိတ်ရမှာဖြစ်တယ်လို့ဆက်သိရပါတယ်။
အဲဒီဆေးရုံ ၅ ခုမှာ လတ်တလော လူနာသစ်လက်ခံရှိမရှိတော့သလို ဆေးရုံးထိုင်တဲ့ ဆရာဝန်တွေနဲ့ သမားတော်တွေလည်း မရှိသေးဘူးလို့ သိရပါတယ်။
” လောလောဆယ် ဒီလကုန်ကနေစပြီးတော့ လူနာသစ်လက်မခံသေးဘူး။ ဆေးရု့မှာထိုင်တဲ့ ဆရာတွေလည်း လက်ခံတာမရှိဘူး ” လို့ အဲဒီဆေးရုံတွေနဲ့ နီးစပ်သူတွေကပြောပါတယ်။
လက်ရှိမှာတော့အဲဒီဆေးရုံကို ပြသနေတဲ့လူနာတွေကို တခြားဆေးရုံတွေကို ပြောင်းရွေ့နိုင်ရန် စီစဉ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
” ဆေးရုံလာမယ်ဆို အရင်ဆုံး ဘယ်ဆရာနဲ့ ပြနေသလဲဆိုတာမေးတာ ပြနေတဲ့လူရှိရင် အဲဒီကိုညွန်ပေးတယ်။ သူတို့ဆီကတော့ လူနာလက်မခံတဲ့ပုံစံပြောတယ် ” လို့ ဆေးရုံသွားဖို့ စုံစမ်းသူတဦးကလည်းDNA ကိုပြောပါတယ်။
အခုဒီဇင်ဘာလထဲမှာနန်းတော်နဲ့ မြို့တော်ဆေးရုံက CDM အထူးကုဆရာဝန်ကြီး တဦး အပါအဝင် ကျန်းမာရေးဝန်ထမ်း သုံးဦးကို စစ်ကောင်စီကဖမ်းဆီးတဲ့ဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။
ဒါအပြင် ပုဂ္ဂိုလ်ကဆေးရုံတွေမှာ CDM ဆရာဝန်တွေကို လက်မခံဖို့ စစ်ကောင်စီက ဖိအားပေးနေသလို့ မန္တလေးဆေးရုံကြီးရဲ့ လတ်တလောလိုအပ်နေတဲ့ ဆရာဝန်အင်အားကို ပြန်လည်ဖြည့်တင်းချင်လို့ ယခုလို့ လုပ်ဆောင်နေတာလို့ ဆေးလောကအသိုင်းအဝိုင်းက သိရပါတယ်။