မန္တလေးမှာ ရွှေဆိုင်ဓားပြတိုက်သူကို လက်နက်နဲ့အတူဖမ်းမိတယ်လို့ဆို

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်မှာ ရွှေဆိုင်ဓားပြတိုက်သူတဦးကို လက်နက်နဲ့ အတူ ဖမ်းမိတယ်လို့ စစ်ကောင် စီနဲ့ နီးစပ်သူတွေဆီကသိရပါတယ်။

ချမ်းအေးသာစံမြို့နယ်၊ ကဉ္စနမဟီရပ်ကွက်၊ ၇၇ လမ်း ၃၂ နဲ့ ၃၃ လမ်းကြားက “နဂါးနန်းတော်” စိန်ရွှေရတနာဆိုင်ကို သေနတ်ပြ ဓားပြတိုက်ဖို့ ကြိုးစားခဲ့သူတဦးကို ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

” ဆိုင်ကဝန်ထမ်းတွေက အော်ဟစ်အကူညီတောင်းရင်း အနီးက လူတွေနဲ့ ဝိုင်းဝန်းဖမ်းလိုက်လို့ တရားခံကို မိ ထားတယ် ” လို့ စစ်ကောင်စီနဲ့ နီးစပ်သူ တဦးကပြောပါတယ်။

ဓားပြတိုက်သူက အဲဒီဆိုင်မှာ ဝန်ထမ်း အမျိုးသား တစ်ဦးနဲ့ အမျိုးသမီး လေးဦးရှိနေချိန် ဆိုင်ဝန် ထမ်းတွေ ကိုသေနတ်နဲ့ ချိန်ရွယ်ပြီး ရွှေထည် ပစ္စည်းတွေကို ကြွပ်ကြွပ်အိတ်အတွင်းသို့ထည့်ပေးဖို့ ခြိမ်းခြောက်ပြောဆိုခဲ့ တယ်လို့သိရပါတယ်။

အဲဒီနောက် ဆိုင်ဝန်ထမ်းတွေက အော်ဟစ်အကူညီတောင်းခံပြီး အပြန်အလှန်လုံးထွေးကာ အနီးအနားမှာ ရှိနေသူတွေက တရားခံကို ဝိုင်းဝန်းဖမ်းဆီးခဲ့တာပါ။

 တရားခံအမျိုးသားဟာ မဟာအောင်မြေမြို့နယ် မဟာမြိုင် (၁) ရပ်ကွက်မှာ နေထိုင်သူဖြစ်ပြီး သူနဲ့အတူ လက် လုပ်မိုင်းအတု တစ်လုံး၊ ဓားတချောင်းနဲ့ သေနတ် တစ်လတ်ကို ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။ မန္တလေးမြို့မှာ အခုဖြစ်စဉ်မတိုင်မီ ဒီတပတ်အတွင်း ရွှေဆိုင်ဓားမြတိုက်ခံရမှု နှစ်မှုဆက်တိုက်ဖြစ်ခဲ့ပြီး တရားခံဖမ်းမိတာ မရှိပါဘူး။