စစ်ကိုင်းတိုင်း၊ မုံရွာမြို့လယ်မှာ စစ်ကောင်စီက လူထုလမ်းလျှောက်ပွဲလုပ်နေတဲ့ မြို့လယ်နာရီစင်အနီးမှာ ဒီကနေ့ ဒီဇင်ဘာ ၁၄ ရက်နေ့က မုံရွာကကျောင်းသားလူငယ်တွေက ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ စစ်ကောင်စီကသေဒဏ်ချမှတ်ထားတဲ့ ကျောင်းသားလူငယ်တွေနဲ့ ပတ်သက်ပြီး “သူရဲကောင်းစိတ်ဓာတ်တွေ ကြိုးပေးလို့မသေ” စာတန်းပါဘန်နာ“နဲ့ ယုံကြည်ချက်ကို ကြိုးပေး၍မရ” စတဲ့စာတမ်းတွေကိုချိတ်ဆွဲပြီး မုံရွာမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ ကဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ စစ်ကောင်စီက ဒဂုံတက္ကသိုလ်ကျောင်းသား ၇ဦးနဲ့ လူငယ်တချို့ကို သေဒဏ်ချမှတ်တယ်လို့ ထုတ်ပြန်လိုက်တဲ့ နိုဝင်ဘာ ၃၀ ရက်နေ့နောက်ပိုင်းမှာ ပြည်တွင်းပြည်ပ နဲ့နိုင်ငံတဝန်းမှာ ကန့်ကွက်ကြောင်း ဆန္ဒပြလှုပ်ရှားမှုတွေကိုဆက်တိုက်ပြုလုပ်နေကြပါတယ်။
Related Articles

မြင်းမူ မိုင်းဆွဲတိုက်ခိုက်မှု စစ်ကား၂စီးထိပြီး ၁၅ဦးသေ
စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်အတွင်းဖြတ်သန်းလာတဲ့ စစ်ကားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကား၂စီးထိ မှန်ပြီး စစ်သား၁၅ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။ စစ်ကိုင်းကနေထွက်လာတဲ့ စစ်ကား၃စီးကို မေလ၂၉ရက်နေ့ ညနေ၆နာရီလောက်က မြင်းမူမြို့နယ်၊နပဲကြူး ဇရပ်အနီးအရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းများတယ်လို့ Moe Nyo Revolution Force M.N.R.F ကထုတ်ပြန်ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

မုံရွာမြို့မှာမီးရှို့သတ်ဖြတ်ခံထားရတဲ့ အမျိုးသမီးရုပ်အလောင်း တလောင်းတွေ့
စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ပီနံအိတ်ထဲထည့်ပြီး မီးရှို့သတ်ဖြတ်ခံထားရတဲ့ အသက်နှစ်ဆယ်ဝန်းကျင် အမျိုးသမီး ရုပ်အလောင်းတလောင်း ဒီနေ့မနက်ပိုင်းမှာ တွေ့ရှိရတယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မုံရွာ)က ထုတ် ပြန်ပါတယ်။ မုံရွာမြို့ မြို့ပတ်လမ်း စက်မှုဇုန် အနီးမှာ အလောင်းတွေ့ရှိတာဖြစ်ပြီး ရုပ်အလောင်းဟာ လက်ပြန်ကြိုးတုပ်ခံ ထား [ဆက်လက်ဖတ်ရှုရန်]

မြင်းမူနဲ့ ချောင်းဦးကြား အိမ်စီးကားနဲ့လာတဲ့ စစ်သားတွေမိုင်းဆွဲခံရ၊ ၄ ဦး ပြင်းထန်ဒဏ်ရာရ
စစ်ကိုင်းတိုင်း၊ မြင်းမူနဲ့ချောင်းဦးကြားမှာ အိမ်စီးကားနဲ့လာတဲ့ အကြမ်းဖက်စစ်သားတွေ မိုင်းဆွဲခံရပြီး ၄ ဦး ပြင်းထန် ဒဏ်ရရတယ်လို့ သိရပါတယ်။ မေ ၂၄ ရက်နေ့က မြင်းမူမြို့ ဂွေးပင်တောနဲ့ ချောင်းဦးမြို့ကြား တံတားကွေ့နေရာမှာ မုံရွာမြို့ဘက်ကနေ မောင်းနှင်လာတဲ့ မက်တူးအဖြူရောင်ပေါ်က [ဆက်လက်ဖတ်ရှုရန်]