မုံရွာ-ယာကြီး-ကလေးဝ လမ်းပိုင်း အသုံးမပြုဖို့ အရေးပေါ်ထုတ်ပြန်

စစ်ကိုင်းတိုင်း မုံရွာ-ယာကြီး-ကလေးဝ လမ်းပိုင်းကို ဒီကနေ့ ဧပြီလ ၃၀ ရက်နေ့က စတင်ပြီး ဖြတ်သန်းသွားလာတာတွေ မလုပ်ဆောင်ဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက အရေးပေါ် ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက်စစ်အုပ်စုနဲ့ စစ်ရေးအရှိန်မြင့်တက်နေတာကြောင့် မုံရွာ-ယာကြီး-ကလေးဝ လမ်းပိုင်းကို ပြည်သူတွေအနေနဲ့ ဖြတ်သန်းသွားလာတာတွေ မလုပ်ဆောင်ဖို့ National People Defence Force၊ Kani PDF၊ Golden Triangle Force၊ Monywa Truth of Force၊ Shadow ညီနောင်မဟာမိတ်အဖွဲ့တွေက အရေးပေါ် သတိပေးလိုက်တာပါ။
လမ်းပိုင်းပြန်လည် အသုံးပြုနိုင်မယ့် အချိန်ကို ထပ်မံထုတ်ပြန်ပေးမှာဖြစ်ပြီး တားမြစ်ထားတဲ့အချိန်တွင်းမှာ လိုက်နာမှုမရှိလို့ ဖြစ်ပေါ်လာတာတွေကိုတော့ တာဝန်ယူဖြေရှင်းပေးမှာ မဟုတ်ဘူးလို့ ညီနောင်မဟာမိတ်အဖွဲ့တွေက ဆိုပါတယ်။