ပြည်တွင်းကရေနံတူးဖော်ရေးလုပ်ငန်းတချို့မှာ အော်ပရေတာအနေနဲ့ ဦးစီးလုပ်ကိုင်နေတဲ့ထိုင်းနိုင်ငံအခြေစိုက် PTT ကုမ္ပဏီအနေနဲ့ စစ်ကောင်စီကို အခွန်ငွေပေးသွင်းတာတွေကို ရပ်တန့်ဖို့ထားဝယ်၊ လောင်းလုံးခရိုင်ထဲက တော်လှန်ရေးအင်အားစုတွေနဲ့ ဒေသခံတချို့က ဒီကနေ့ နိုဝင်ဘာ ၂၈ ညပိုင်းမှာ တောင်းဆိုဆန္ဒထုတ်ဖော်ခဲ့ပြပါတယ်။
စစ်ကောင်စီကို ပေးသွင်းနေတဲ့ အခွန်တွေဟာ မြန်မာပြည်သူတွေကို ပစ်ခတ်သတ်ဖြတ်ဖို့အတွက် စစ်လက်နက်ပစ္စည်းတွေဝယ်ယူရာမှာအသုံးပြုနေတာကြောင့် စစ်ကောင်စီကို အခွန်ပေးသွင်းတာတွေရပ်ဖို့ လူထုအားနဲ့တောင်းဆိုတာ ဖြစ်တယ်လို့ သပိတ်ကော်မတီက ထုတ်ပြန်တောင်းဆိုထားပါတယ်။