မကွေးတိုင်း ဒေသကြီး မြိုင်မြို့နယ်အတွင်းက ကြားကာလ ပြည်သူ့အခြေပြု စာသင်ကျောင်းတစ်ခုမှာ စွန့်ပစ်ပစ္စည်းတွေကို အသုံးပြုပြီး တီထွင်ဖန်တီးမှုတွေပြုလုပ်ရာမှာ အာဏာရှင်ဆန့်ကျင်ရေး ပုံရိပ်တွေ ဖန်တီးထားတာကို တွေ့မြင်ရပါတယ်။
မြိုင်မြို့နယ် အခြေခံပညာအထွေထွေသပိတ်ကော်မတီ (BEGSC – Myaing)က နိုဝင်ဘာ ၂၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ ကျောင်းသားကျောင်းသူလေးများက မိမိတို့ပတ်ဝန်းကျင်မှာရှိတဲ့ စွန့်ပစ်ပစ္စည်းတွေကိုအဓိကအသုံးပြုပြီး တီထွင်ဖန်တီးမှုပေါင်း(၃၀)ကျော် ပြုလုပ်ခဲ့တယ်လို့လည်း
သိရပါတယ်။
စစ်ရေးတင်မာနေပြီး မကြာခဏ လေကြောင်းတိုက်ခိုက်မှုတွေပါ ခံနေရတဲ့ မြိုင်မြို့နယ်ရဲ့ နေရာအချို့ဟာ အင်တာနက်အပါအဝင် ဆက်သွယ်ရေးကွန်ရက်တွေ ဖြတ်တောက်ခံထားရပါတယ်။
ဒီလိုအနေအထားမှာ အခုလိုမျိုး အခြေခံပညာရေးနဲ့ ကျောင်းသားတွေအတွက် ပြည်သူ့အခြေပြုပညာရေးကို ကြိုးစားဆောင်ရွက်နေကြသလို ကျောင်းသင်ခန်းစာတွေသာမက အခုလို တီထွင်ဖန်တီးမှုတွေကိုပါသင်ကြားပေးနေတာကို တွေ့ရပါတယ်။