အမေရိကန်၊ဝါရှင်တန်ဒီစီမှာ NUG နိုင်ငံခြား ရေးဝန်ကြီးဌာနရုံးဖွင့်

အမေရိကန်ပြည်ထောင်စု အစိုးရရုံးစိုက်ရာ ဝါရှင်တန်ဒီစီမြို့မှာ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံ ခြားရေးဝန်ကြီးဌာနရုံးကို ဒေသစံတော်ချိန် နိုဝင်ဘာ ၁၈ ရက်မှာစတင်ဖွင့်လှစ်ခဲ့ပြီး မိတ်ဆက်ပွဲကိုလည်း တပါတည်း ပြုလုပ်ခဲ့တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

နိုင်ငံခြားရေးရုံးခန်း ဖွင့်ခဲ့တာနဲ့ ပတ်သက်ပြီး အမေရိကန်ရောက် မြန်မာအသိုင်းအဝိုင်းကို မိတ်ဆက်ပေးဖို့အတွက် မိတ်ဆက်ပွဲ အခမ်းအနားလုပ်ခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဲ့ဒီမိတ်ဆက်ပွဲကို NUG နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးမိုးဇော်ဦး၊ ဆက်သွယ်ရေး၊ သတင်းအ ချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့လည်း တက်ရောက်ခဲ့ကြပြီး အမေရိကန်ပြည်ထောင်စုရောက် မြန်မာနိုင်ငံသားတွေလည်း တက်ခဲ့ကြတယ်လို့ သိရပါတယ်။