မန္တလေးမြို့ကနေ မတ္တရာမြို့ကို ဦးတည်လာတဲ့စစ်ကောင်စီ ထောက်ပို့ ယာဉ် တန်းကို မန္တလေးတိုင်း ၊ မတ္တရ ာမြို့နယ် ကြာနီကန်ကျေးရွာအနီးမှာ အောက်တိုဘာ (၁၈)ရက်က မိုင်းဆွဲတိုက်ခိုက်ရာမှာ စစ်ကောင်စီ တပ် သား သုံးဦး သေပြီး ငါးဦးထက်မနည်း ထိခိုက် ဒဏ်ရာရခဲ့ကြတယ်လို့ မန္တလေးပြည် သူ့ကာကွယ် ရေးတပ်-GZP ကထုတ်ပြန် ပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ထောက်ပို့ယာဉ်တန်းထဲ ကဖောကားတစ်စီးတိမ်းမှောက်ပျက်စီးသွားလို့ သုံး ဦးသေဆုံးသလိုငါးဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး လူနာတင်ယာဉ်ငါးစီးနဲ့လာရောက်ခေါ်ဆောင် သွား တယ်လို့ဆိုပါတယ်။
တိုက်ခိုက်မှုအပြီးမှာစစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား(၂၀)ဝန်းကျင်ကအချက်ပေါင်းများစွာပြန်လည်ပစ်ခတ်ခဲ့ပေမဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် တွေအ နေနဲ့အထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
မတ္တရာမြို့ကိုဦးတည်ထွက်လာတဲ့ စစ်ကောင်စီ ထောက်ပို့ယာဉ်တွေမှာ ရိက္ခာနဲ့လက်နက်ခဲယမ်း တွေသယ် ဆောာင်လာတာဖြစ်ပြီးပြည့်သူ့ကာကွယ်ရေးမြို့ပြပြောက်ကျားတပ်ဖွဲ့(မန္တလေး) GZP နဲ့ ပုသိမ်ကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နဲ့ပူးပေါင်းကာ ပဒေသာမိုင်းနဲ့မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ GZP-မန္တလေးတပ်ဖွဲ့ဝင်တစ်ဦးက DNAကိုပြောပါတယ်။
မန္တလေးပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့- GZP အနေနဲ့ မန္တလေးမြို့တွင်းက ပြည်သူတွေအပေါ်ဒုက္ခပေးနေ တဲ့ စစ်ကောင်စီလက်အောက်ခံတပ်သားတွေနဲ့ပျူစောထီးတွေကို မကြာခဏ ပစ်ခတ်တိုက်ခိုက်ခဲ့ တယ် လို့သိရပါတယ်။ဆန္ဒပြပြည်သူတွေကို ပစ်ခတ်ခဲ့တဲ့ အောင်ဆန်းဆိုသူကိုလည်း ပြီးခဲ့ရက်ပိုင်းအတွင်းက ပစ်ခတ်တိုက်ခိုက်ရာမှာ သေဆုံးခဲ့တယ်လို့ အဲ့ဒီအဖွဲ့ကထုတ်ပြန်ထားပါတယ်။